အပိတ်သရ
From Wikipedia, the free encyclopedia
အပိတ်သရ (အင်္ဂလိပ်: close vowel)ကို အမေရိကန်ဝေါဟာရဖြင့် အမြင့်သရ (အင်္ဂလိပ်: high vowel[1])) ဟူ၍ ခေါ်တွင်ကာ ဤသရသည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤအပိတ်သရနှင့်ပတ်သက်သော အရည်အသွေးကို ဤသို့ဖွင့်ဆိုသည်။ "လျှာသည် ခံတွင်းအမိုး (အာခေါင်) နှင့် အနီးကပ်ဆုံးတွင်ရှိရ၍ ထွက်လာသည့်လေကို ကန့်သတ်ခြင်းမရှိရပေ။" ထိုသို့ လေကိုကန့်သတ်လိုက်ခြင်းသည် ဗျည်းအဖြစ် အမျိုးအစားသတ်မှတ်နိုင်သော အသံကို ဖြစ်ပေါ်စေမည်ဖြစ်၏။
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
close (အပိတ်) ဆိုသည့်ဝေါဟာရကို နိုင်ငံတကာသဒ္ဒဗေဒအသင်းက အသုံးပြုရန် လမ်းညွှန်ထားကာ အမေရိကန်တို့၏ သဒ္ဒဗေဒအစဉ်ဆက်သဘောအရ high (အမြင့်) သရဟူ၍ ရည်ညွှန်းကြသည်။ အဘယ်ကြောင့်ဆိုသော် လျှာသည် အသံထွက်ရှိနေစဉ် မြင့်သည့်အနေအထား၌ တည်သောကြောင့်ဖြစ်ပေသည်။[2]
မည်သည့်ဘာသာစကား၏ ဝါစဿရဗေဒအဝန်းအဝိုင်း၌မဆို အမြင့်သရဆိုသည်မှာ တစ်ဝက်သရ (mid-vowel) ထက်ပို၍ (လျှာ)မြင့်သော သရတစ်ခုခုဖြစ်နိုင်သည်။ ဆိုလိုသည်မှာ တစ်ဝက်ပိတ်သရ (close-mid vowel)၊ အပိတ်နီးပါးသရ (near-close vowel)၊ အပိတ်သရ (close vowels) စသည်တို့ကို အမြင့်သရ ဟူ၍ ယူဆကြသည်။