![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a4/Open-mid_back_unrounded_vowel_%2528vector%2529.svg/langmy-640px-Open-mid_back_unrounded_vowel_%2528vector%2529.svg.png&w=640&q=50)
အနောက်တစ်ဝက်ဖွင့်အပြန့်သရ
သရသံ / From Wikipedia, the free encyclopedia
အနောက်တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid back unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို အက္ခရာ ဗီ (v) ၏ ပြောင်းပြန်လှန်ပုံစံ (သို့ရာတွင် အက္ခရာ ⟨ᴀ⟩ ကို အလယ်မှဖြတ်သည့်မျဉ်းတိုမပါရှိသည့်ပုံစံအနေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။) ⟨ʌ⟩ ဟုကိုယ်စားပြုဖော်ပြထားသည်။[1] ဤသရသင်္ကေတရော အသံကိုပါ ပုံမှန်အားဖြင့် သပ်ပုံစံ၊ ကာရာ့အမှတ် (caret) ၊ ဦးထုပ် အဖြစ်ညွှန်းဆိုခေါ်ဝေါ်ကြသည်။ အင်္ဂလိပ်ဘာသာစကားတွင် အလယ်အဖွင့်နီးပါးအပြန့်သရအတွက် ဤသင်္ကေတကို အက္ခရာဖလှယ်၍ အသုံးပြုကြသည်။[မှတ်စု 1] ဒိန်းမတ်ဘာသာစကားတွင် ဤသင်္ကေတကို အနောက်အဖွင့်အဝိုင်းသရ အတွက် အက္ခရာဖလှယ်အသုံးပြုကြသည်။
အချက်တိုများ open-mid back unrounded vowel, ʌ ...
open-mid back unrounded vowel | |||
---|---|---|---|
ʌ | |||
IPA Number | 314 | ||
Encoding | |||
Entity (decimal) | ʌ | ||
Unicode (hex) | U+028C | ||
X-SAMPA | V | ||
|
ပိတ်ရန်
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
ပိတ်ရန်