![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e5/Close_central_rounded_vowel_%2528vector%2529.svg/langmy-640px-Close_central_rounded_vowel_%2528vector%2529.svg.png&w=640&q=50)
အလယ်အပိတ်အဝိုင်းသရ
From Wikipedia, the free encyclopedia
အလယ်အပိတ်အဝိုင်းသရ (အင်္ဂလိပ်: close central rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ʉ⟩ ဟူ၍ဖော်ပြသည်။[1] ဤသရသံရော သင်္ကေတကိုပါ "ဘားယူ" (barred u-မျဉ်းတိုတားယူ) ဟုပုံမှန်ခေါ်ဝေါ်လေ့ရှိကြသည်။
အချက်တိုများ close central rounded vowel, ʉ ...
close central rounded vowel | |||
---|---|---|---|
ʉ | |||
IPA Number | 318 | ||
Encoding | |||
Entity (decimal) | ʉ | ||
Unicode (hex) | U+0289 | ||
X-SAMPA | } | ||
Braille | ![]() ![]() | ||
|
ပိတ်ရန်
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
ပိတ်ရန်
ဤအလယ်အပိတ်အဝိုင်းသရသည် ရှားပါးသော "နှုတ်ခမ်း(ဝိုင်း) အာခေါင်(မာ)လွန် သရရွေ့" (labialized post-palatal approximant) [ẅ] နှင့် အသံပိုင်းအရတူညီမှုရှိသည်။[2]
ဘာသာစကားအများစု၌ ဤအဝိုင်းသရကို ထွက်ရှိရာတွင် နှုတ်ခမ်းကိုဆူဝိုင်း၍ အသံထုတ်ကြသည်။ သို့သော် အနည်းငယ်သော ဘာသာစကားများတွင် နှုတ်ခမ်းချပ်၍ ထွက်ရှိကြသည်။