အရှေ့အပိတ်အဝိုင်းသရ
From Wikipedia, the free encyclopedia
အရှေ့အပိတ်အဝိုင်းသရ (အင်္ဂလိပ်: close front rounded vowel or high front rounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် /y/(အီ) သင်္ကေတဖြင့်ပြသည်။ စိစစ်အကဲဖြတ်နည်းလမ်းနှင့် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာ၏ ထပ်တိုးအက္ခရာ (X-SAMPA) အဖြစ် တူညီသောသင်္ကေတမှာ y
ဖြင့်ရေးသည်။ မြောက်မြားစွာသော ဘာသာစကားများ၌ အရေးအသားပုံစံအရ ဂျာမန်၊ တူရကီ (တားကစ်ရှ်) ဘာ့စ်ခ် စသည့်စကားများတွင် ⟨ü⟩ ဖြင့်ပြ၍ ဒိန်းမတ်၊ နော်ဝေး ဆွီဒင်စကားများ၌ ⟨y⟩ ဖြင့်ရေးသားကြလေသည်။ ပြင်သစ်နှင့် အချို့သော ရောမဘာသာစကားအနည်းငယ်၊ ဒတ်ချ်၊ ကောနစ်ရှ်စကား၏ ပြန်လည်ဖော်ထုတ်ထားသော ကာနဝက် ကမ်မင် (Kernewek Kemmyn) တို့တွင် ⟨u⟩ ဖြင့်ဖော်ပြကြ၏ ။ များလှစွာသော အာရှ ဘာသာစကားများတွင် ⟨iu⟩/⟨yu⟩ ဟူ၍လည်းကောင်း တာရှည်တည်ရှိခဲ့သော ဟန်ဂေရီစကားတွင် ⟨ű⟩၊ အခြားသော ဥရောပအက္ခရာများ၌ {angbr|ü}} ၊ ချတ်ရှန်စကားကဲ့သို့သော ဆစ်ရစ်လစ်ဘာသာစကား အခြေခံရေးထုံးစနစ်များတွင် ⟨уь⟩ အဖြစ်လည်းကောင်း ရေးသားဖော်ပြကြသည်။
close front rounded vowel | |
---|---|
y | |
IPA Number | 309 |
Encoding | |
Entity (decimal) | y |
Unicode (hex) | U+0079 |
X-SAMPA | y |
Braille | ![]() |
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
အတို (သံတို) /y/ နှင့် အရှည် (သံရှည်) /yː/ တို့သည် လက်ရှိသုံး ဂရိဘာသာစကားမတိုင်မီ မူတစ်ခုတွင်လည်း ပါဝင်ခဲ့ဖူးသည်။ ရှေးခေတ်ဂရိ၏ အဲတစ်ဂရိစကား နှင့် အိုင်းယောနစ်ခ် ဒေသယိစကားများ (Ionic dialects) ဘီစီ ၆-၇ ရာစုများတစ်ဝိုက်ခန့်က အနောက်သရသံ /u uː/ မှ လျှာကိုရှေ့တိုး၍ ပြောရာမှ အရှေ့သရသံ [y yː] တို့ဖြစ်ပေါ်လာခဲ့ကြသည်။ အနည်းငယ်ကြာသော် ထိုအသံသည် သရတစ်လုံးတည်းအသံရှေ့၌မရှိသောအခါ သရတွဲသံ /yi/ သည် သံရှည် သရသံ /yː/ နှင့်ပေါင်းစပ်ဖြစ်ပေါ်သွားကြသည်။ ကွိုင်းနီးဂရိစကား၌ သရတွဲသံ /oi/ သည် [yː] အဖြစ်သို့ပြောင်းလဲသွားခဲ့ကာ ကြားခံအနေဖြင့် [øi] နှင့် [øː] တို့တည်ရှိခဲ့နိုင်သည်။ ကွိုင်းနီးဂရိ၌ သရသံအတိုပြောင်းလဲဖြစ်ပေါ်ခြင်းမှတစ်ဆင့် သံရှည် /yː/ သည် သံတိုသရ /y/ နှင့်ပေါင်းစပ်သွားပြီး နောက်ပိုင်းတွင် /y/ သရသံသည် အပြန့်သရသံ [i] အဖြစ် ပေါ်ပေါက်သွားခဲ့လေသည်။ လက်ရှိခေတ်သစ်ဂရိဘာသာစကားသံအတိုင်းဖြစ်ပေသည်။
ဤအရှေ့အပိတ်အဝိုင်းသရ [y] သည် အချို့ဘာသာစကားများ၌ ပုံသဏ္ဌာန်တည်ဆောက်ပုံအရ တူညီလုနီးပါးရှိသည့် အက္ခရာနှစ်ခုရှိရာ ပြင်သစ်စကားသို့သော ဘာသာစကားအချို့တွင် [ɥ] ဟူ၍ လိုက်ရောညီထွေဖော်ပြနိုင်ပြီး အချို့သောဘာသာစကားများ၌ အသံဖြည့်စွက်သင်္ကေတ အပေါ်ခုံး ⟨y̑⟩ သာမက [ɥ] ကိုပါ မတူညီသော အိုင်ပီအေ အသံဖလှယ်စနစ်များ၌ တစ်သံတည်းအတွက် အသုံးပြု ရေးသားကြသည်။
မြန်မာဘာသာစကားတွင် (အီ) ကို နှုတ်ခမ်းဝိုင်း၍ ပြောလေ့မရှိပေ။ မြန်မာတို့က စကားပြောရာ၌ အီသရသံကို [i] အနေဖြင့်သာ နီးနီးစပ်စပ် ရွတ်ဆိုကြသည်။[1]