From Wikipedia, the free encyclopedia
အနောက်တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid back rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨o⟩ အဖြစ်ပြဆိုသည်။
ဤသရသည် မြန်မာသရသန့်သန့် (၇) ခုထဲမှ တစ်ခုဖြစ်၍ အို-သရ ဟု ခေါ်ဆိုသည်။ မြန်မာစကားရှိ အနောက်တစ်ဝက်ပိတ်အဝိုင်းသရသည် အခြေခံသရများပါ အနောက်တစ်ဝက်ပိတ်သရထက် လျှာအနေအထား အနည်းငယ်ပို၍ နိမ့်သည်။[1]
အနောက်တစ်ဝက်ပိတ်ဆူဝိုင်းသရ သည် အနောက်တစ်ဝက်ပိတ်အဝိုင်းသရ၏ အသုံးအများဆုံးမူကွဲသရဖြစ်၍ သဒ္ဒဗေဒအက္ခရာသုံး၍ ⟨o⟩ အဖြစ် ရှင်းလင်းစွာရေးသားဖော်ပြနိုင်သည်။ သဒ္ဒဗေဒအက္ခရာတွင် နှုတ်ခမ်းဆူခြင်းကို သတ်မှတ်ထားခြင်းမရှိသောကြောင့် နှုတ်ခမ်းပိုင်းအတွက် ရှေးယခင် သင်္ကေတ ⟨ ̫⟩ ကိုသုံး၍ သင့်တော်သလို ⟨o̫⟩ ဟူ၍ ရေးသားနိုင်သည်။ အခြားရေးသားနိုင်သည့်ပုံစံများမှာ ⟨oʷ⟩ (သို့) ⟨ɤʷ⟩ ဖြစ်သော်လည်း သရတွဲသံအဖြစ် မှားယွင်းဖတ်မိနိုင်ပေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.