From Wikipedia, the free encyclopedia
တစ်ဝက်သရ (အင်္ဂလိပ်: mid vowel or true-mid vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "တစ်ဝက်သရဆိုသည်မှာ လျှာသည် အဖွင့်သရနှင့် အပိတ်သရကြားရှိ အလယ်တစ်ဝက်၌တည်ရှိသော သရမျိုးဖြစ်သည်။"
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဤသရကို အင်္ဂလိပ်ဘာသာဖြင့် mid vowel ဟုသုံးစွဲသည့်အပြင် lowered close-mid vowel (တစ်ဝက်ပိတ် အနိမ့်သရ) နှင့် raised open-mid vowel (တစ်ဝက်ဖွင့် အမြင့်သရ) ဟူ၍လည်းသုံးစွဲကြသည်။
နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် တစ်ဝက်သရအဖြစ် အောက်ပါသရ တစ်ခုသာပါဝင်သည်။ ၎င်းသရမှာ အလယ်တစ်ဝက်သရ ([ə]) ဖြစ်သည်။
အထက်ပါ IPA စတုဂံကို အပိုင်းသုံးပိုင်း ပိုင်းနိုင်သည်။ တစ်ဝက်ပိတ်သရများ (ဥပမာ: [e] or [o]) နှင့် တစ်ဝက်ဖွင့်သရများ (ဥပမာ: [ɛ] or [ɔ]) သည် အဖွင့်သရများ (ဥပမာ: [a] or [ɒ]) နှင့် အပိတ်သရများ (ဥပမာ: [i] or [u]) ကြားရှိ သရအရည်အသွေးနေရာ၌ အကွာအဝေး တူညီကြသည်။ ထို့ကြောင့် စစ်မှန်သော အရှေ့တစ်ဝက်အပြန့်သရကို အသံဖလှယ်ရာ၌ ⟨e̞⟩ ([e] ထက်နိမ့်သည့်ပုံစံ ) ရေးနိုင်သကဲ့သို့ ⟨ɛ̝⟩ ([ɛ] ထက်မြင့်သည့်ပုံစံ) ဟူ၍လည်း ရေးသားနိုင်သည်။ စံပြအနေဖြင့် အောက်ပါသရများပါဝင်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.