From Wikipedia, the free encyclopedia
အပိတ်နီးပါးသရ (အင်္ဂလိပ်: near-close vowel or near-high vowel ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "အပိတ်နီးပါးသရဆိုသည်မှာ လျှာသည် အပိတ်သရနှင့် တစ်ဝက်ပိတ်သရကြားရှိ သရတစ်မျိုးဖြစ်သည်။"[1]
ဤအပိတ်နီးပါးသရများကို ရံခါ၌ လုံးဝအပိတ်သရများ၏ ပြေလျော့သောမူကွဲများအဖြစ်ဖော်ပြလေ့ရှိသည်။ သို့သော် ဘာသာစကားအပေါ်မူတည်၍ ၎င်းတို့သည် အပိတ်သရများ၏ မူကွဲများလည်း ဖြစ်ချင်မှ ဖြစ်လိမ့်မည်။
နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အပိတ်နီးပါးသရအဖြစ် အောက်ပါသရများ ပါဝင်သည်။
နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ လက်စွဲစာအုပ်တွင် ဤသရများကို အလယ်တစ်ဝက်သရများ (mid-centralized) အဖြစ်သတ်မှတ်ထား၏ ။[i] ၊ [y] နှင့် [u] တို့၏ ယှဉ်ဖက်သရများ၊ ပို၍ အလယ်ကျပြီး နိမ့်သည် (centralized and lowered) ဟု သတ်မှတ်သည်။[2] ထို့ကြောင့် အပိတ်နီးပါးသရများ၏ ယှဉ်ဖက်အသံဖလှယ်မူတစ်ခုမှာ [i̽, y̽, u̽] (သို့) ပို၍ရှုပ်ထွေးစွာဖြင့် [ï̞, ÿ˕, ü̞] ဖြစ်သည်။ သို့သော်လည်း ဘာသာစကားအားလုံး၌ ၎င်းတို့သည် အလယ်သရများမဟုတ်ကြချေ။ အချို့သောဘာသာစကားများ၌ [ɪ] နှင့် [ʊ] တို့၏ သက်ဆိုင်ရာ အရှေ့ နှင့် အနောက်သရများအသီးသီးရှိကြသည်။[3]
IPA တွင် ဖော်ပြသတ်မှတ်မထားသော အပိတ်နီးပါးသရများမှာ :
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.