From Wikipedia, the free encyclopedia
အရှေ့အဖွင့်အဝိုင်းသရ (အင်္ဂလိပ်: open front rounded vowel) သည် သရသံအမျိုးအစားတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်အပြောဘာသာစကား၏ သံရင်းဖြစ်သည်ဟု အတည်မပြုထားခြင်း မရှိသေးပေ။ ဤသရသံကို နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɶ⟩ ဖြင့်ပြဆို၍ စကားသံအကဲဖြတ်နည်းလမ်းများဆိုင်ရာ ထပ်တိုးသဒ္ဒဗေဒအက္ခရာ (X-SAMPA) တွင် &
ဖြစ်သည်။ အက္ခရာ ⟨ɶ⟩ သည် ⟨Œ⟩ ၏ အက္ခရာဖလှယ်ပုံစံ အသေးစကားလုံးဖြစ်၏ ။ ဤတွဲဆက်စကားလုံး၏ အသေးစာလုံးတစ်မျိုးဖြစ်သည့် ⟨œ⟩ ကို အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရအတွက် အသုံးပြုသည်။
သဒ္ဒဗေဒဇယား (သို့) အိုင်ပီအေဇယားတွင် ဤသရသံကို အပြည့်ဖွင့်/ပွင့်သည့် သရ၊ [a] ၏ တန်ဖိုးညီ အဝိုင်းသရအဖြစ် သတ်မှတ်ထည့်သွင်းထားသည်။ Ladefoged က ဤသရသံကို အဖွင့်နီးပါးအဖြစ်သာ ခွဲခြားသတ်မှတ်ထား၍ [æ] ၏ ယှဉ်ဖက် အဝိုင်းသရဟု အနက်ပေးသည်။
ဘာဗာရီးယန်း(Bavarian) (စကား)၏ အမ်စ်တက်တန်ဒေသယိစကား (Amstetten) တွင် ယေဘုယျအားဖြင့် ဤသင်္ကေတကို အသံဖလှယ်ထားသည့် သံရင်းတစ်ခုရှိသည်ဟုသိရသည်။ သို့သော် ၎င်းမှာ သဒ္ဒဗေဒနည်းအရ တစ်ဝက်ဖွင့်(သရအမျိုးအစား) [œ] သာဖြစ်သည်။[1]
ဝီးယာတ်လင်ဘားဂစ်ရှ် (Weert Limburgish) စကား[2]တွင်လည်း သံရင်းမျိုးကွဲအရ ဤသရသံတည်ရှိနေပြီး ဒိန်းမတ်ဘာသာစကား၊[3] ဆွီဒင်ဘာသာစကား[4]တို့၏ ပြောဆိုသူအချို့တို့တွင်လည်း အလားတူမျိုးရှိကြသည်။ ဒိန်းမတ်ဘာသာစကား၏ အချို့အသံဖလှယ်မှုများတွင် အရှေ့တစ်ဝက်ဖွင့်အဝိုင်းသရ [œ] ကို ရည်ညွှန်းရန် ⟨ɶ⟩ သင်္ကေတကိုအသုံးပြုသည်။[3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.