![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/50/Close_central_unrounded_vowel_%2528vector%2529.svg/langmy-640px-Close_central_unrounded_vowel_%2528vector%2529.svg.png&w=640&q=50)
အလယ်အပိတ်အပြန့်သရ
From Wikipedia, the free encyclopedia
အလယ်အပိတ်အပြန့်သရ (အင်္ဂလိပ်: close central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ɨ⟩ ဖြင့်ပြဆိုသည်။ ပုံစံမှာ အက္ခရာ i ကို ဘေးမျဉ်းတိုတစ်ခု အလယ်မှဖြတ်သည့်ပုံ ဖြစ်သည်။ ဤအသံကို ပုံမှန်အားဖြင့် ဘားအိုင် (barred i) ဟုသမုတ်ကြသည်။
close central unrounded vowel | |||
---|---|---|---|
ɨ | |||
IPA Number | 317 | ||
Encoding | |||
Entity (decimal) | ɨ | ||
Unicode (hex) | U+0268 | ||
X-SAMPA | 1 | ||
Braille | ![]() ![]() | ||
|
IPA: Vowels | ||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||
အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။ |
ဤသရသည် ရှားပါးသော "အာခေါင်(မာ)လွန် သရရွေ့" (post-palatal approximant) [j̈] ၏ အသံပိုင်းအရတူညီမှုရှိသည်။[1]
အချို့ဘာသာစကားများတွင် "အလယ်အပိတ်နီးပါးအပြန့်သရ (listen (ကူညီ·ချက်လက်)) တည်ရှိကြ၍ ⟨ɨ̞⟩ နှင့် ⟨ɪ̈⟩ အဖြစ်ဖလှယ်ရေးသားမှုများသော်လည်း ဖြစ်နိုင်ချေ အခြားရေးသားမှုမှာ ⟨ɪ̠⟩ နှင့် ⟨ɘ̝⟩ တို့ဖြစ်သည်။ ဗြိတိသျှအဘိဓာန်များတွင် ဤသရကို ⟨ɪ⟩ ဟူ၍ ရေးသားဖော်ပြကြပြီး အမေရိကန်ရေးထုံး၌ ⟨ɨ⟩ (သို့) ⟨ᵻ⟩ အဖြစ်ရေးသည်ကပိုများသည်။[2] ⟨ᵻ⟩ ကိုလည်း အခြားသောစာအုပ်စာပေများ၌ သုံးလေ့ရှိရာ ဥပမာ - ဂျွန် စီ ဝဲလ်ဇ်၏ Accents of English တွင်ဖြစ်သည်။ အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန် (တတိယအကြိမ်မူ) တွင် ⟨ᵻ⟩ ကို /ɪ/ နှင့် /ə/ ကြား အလွတ်အပြောင်းအလဲသရတစ်ခုအဖြစ် ဖော်ပြထားသည်။