ဝါစဿရဗေဒ
ဘာသာတစ်ရပ်၏အသံထွက်များကိုလေ့လာခြင်း / From Wikipedia, the free encyclopedia
ဝါစဿရဗေဒ (သို့) စကားသံလေ့လာမှုပညာ (အင်္ဂလိပ်: Phonology) သည် ဘာသာဗေဒ၏ ပညာရပ်ခွဲတစ်ခုဖြစ်၍ ဘာသာစကားများ (သို့) ဒေသယိစကားများသည် ၎င်းတို့၏ အသံများကို စနစ်တကျမည်သို့ စီစဉ်ထားသည်ကို လေ့လာခြင်းဖြစ်သည်။ သင်္ကေတအမူအရာပြ ဘာသာစကားများအတွက် သင်္ကေတများကို လေ့လာခြင်းဖြစ်ပေသည်။ ဝါစဿရဗေဒဟူသော ဝေါဟာရသည် ဘာသာစကားတစ်ခုခု၏ အသံစနစ်ကို ရည်ညွှန်းနိုင်သည်။ အတိတ်တစ်ချိန်တွင် ဤပညာရပ်သည် အပြောဘာသာစကားရှိ သံရင်းများ (phoneme) ၏ စနစ်ကို လေ့လာမှုဖြစ်ခဲ့သော်လည်း ယခု၌မူ
- (က) အက္ခရာများပေါင်းစပ်ထားသော စကားလုံးတစ်လုံးထက်နိမ့်သော အနေအထား၌ ဘာသာဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (အသံ (syllable ; ဝဏ္ဏ)၊ အသံအစ (onset)၊ အသံကာရန် (rime)၊ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုမှု၊ ဌာန် ကရိုဏ်းကျသည့် အင်္ဂါရပ်များ၊ အသံရှိန်... စသည်များ ပါဝင်သည်။)
- (ခ) ဘာသာဗေဒဆိုင်ရာ အနက်အဓိပ္ပာယ်ကို ကူးပြောင်းပို့ဆောင်ရန် တည်ဆောက်ထားသော အသံ (သို့) သင်္ကေတအမူအရာတို့ဆိုင်သော ဘာသာစကားဆိုင်ရာ လေ့လာမှုများ[1]
စသည်တို့ဖြစ်သည်။
သင်္ကေတအမူရာပြဘာသာစကားများတွင် အပြောဘာသာစကားများ၌ရှိသော အသံစနစ်နှင့် တူညီသည့် စနစ်များရှိကြသည်။ သင်္ကေတအမူရာပြဘာသာစကားများ၏ အခြေခံတည်ဆောက်ပုံများမှာ ရွေ့ရှား/လှုပ်ရှားမှု၊ နေရာအနေအထား၊ လက်ဟန်/ပုံစံတို့၏ အသေးစိတ်ဖော်ပြမှုများ ဖြစ်ကြသည်။[2]