သရ
From Wikipedia, the free encyclopedia
သရ (အင်္ဂလိပ်: vowel) ဆိုသည်မှာ "အဆုတ်မှတက်လာသော လေသည်ခံတွင်းရှိစကားသံဖြစ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု၏ပိတ်ဆို့တားဆီးခြင်း မခံရဘဲဖြောင့်ဖြောင့်ဖြူးဖြူး ထွက်သွားစဉ်ဖြစ်လာသောအသံ" ဟူ၍ မြန်မာစာအဖွဲ့က ဖွင့်ဆိုသည်။[1] သရများသည် စကားပြောအသံ၏ အဓိက အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်၍ အခြားတစ်ခုမှာ ဗျည်းဖြစ်သည်။ အတိုးအကျယ်၊ အသံတိုရှည် စသည့် အရည်အသွေးအရ သရများမှာ ကွဲပြားနိုင်သည်။ များသောအားဖြင့် သရသည် အသံအိုးမှ ဖြစ်၍ ခံတွင်းတွင် အဆီးအတား မတွေ့ဘဲ ထွက်သော အသံကိုဆိုလိုသည်။ သံစဉ်တက်ကျ၊ လေယူလေသိမ်း နှင့် အသံအဖော့အဖိ ကဲ့သို့သော သံစဉ်အပြောင်းလဲများနှင့် လွန်စွာနီးကပ်ဆက်စပ်မှုရှိသည်။
သရ ဟူသောစကားလုံးကို ပါဠိဘာသာစကားမှ တိုက်ရိုက်ယူ၍ မြန်မာစကား၌ သုံးစွဲထားသည်။ အင်္ဂလိပ်စကားလုံး vowel သည် လက်တင်စကားလုံး vocalis (အနက် : အသံနှင့်ဆိုင်သော) ဟူသောပုဒ် မှဆင်းသက်လာသည်။[2]