မုခ်ဝ:မြန်မာနိုင်ငံ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)
ရွေးချယ်ထားသော ဆောင်းပါးများ - load new batch
- Image 1
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းမြေမကြီး၏ အနောက်မြောက်ဘက် အကျဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအနီး သင်္ဘောကြီးများ သွားလာရာ စီးပွားရေးအချက်အချာကျသည့် နေရာတွင် တည်ရှိသည်။ (Full article...) - Image 2တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ (Full article...)
- Image 3
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။ (Full article...) - Image 4
ပျူမြို့ပြနိုင်ငံများ (အင်္ဂလိပ်: Pyu city-states) ဆိုသည်မှာ ဘီစီ ၁၀၀ မှ အေဒီ ၈၄၀ နှစ်အတွင်း ယခုခေတ် (မြန်မာ)၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများ အစုအဝေးကို ရည်ညွှန်းသည်။ "ပျူ"ကို Pyuu (ပျူး) (သို့) Pyus (ပျူစ်) ဟုလည်းဆို၍ တရုတ်တို့က 'ဖျောက်' (Pyao) ဟုမှတ်တမ်းတင်ခဲ့ကြသည်။ ပျူသမိုင်းကို အဓိက သမိုင်းကြောင်း နှစ်ခုအားဖြင့် သိရသည်- ကျောက်ထွင်းစာများတွင် တွေ့ရသော ပျူတို့၏ ယဉ်ကျေးမှု လက်ကျန်အရ သော်လည်းကောင်း (အချို့ကို ပါဠိဘာသာ ဖြင့်တွေ့ရသည်။ သို့ရာတွင် အချို့ကို ပျူအရေးအသားမူ သို့မဟုတ် ပျူဘာသာအခွဲဖြစ်သော ဂုပ္ပတအရေးအသား အဖြစ်တွေ့ရသည်)၊ တရုတ်ပြည်အင်ပါယာသမိုင်းတွင် ထိန်းသိမ်းထားသော တရုတ်ခရီးသွားများနှင့် ကုန်သည်အချို့၏ မှတ်တမ်းတိုများ အားဖြင့်လည်းကောင်း သိရသည်။
ပျူတို့သည် နောက်ပိုင်းတွင် ဗမာမျိုးနွယ်စုများ၏ တစ်စိတ်တပိုင်းဖြစ်လာသော တရုတ်-တိဘက်များနှင့် လူမျိုးကွဲ ထိမ်းမြားလက်ထပ်ခြင်းများ ရှိသော်လည်း ဗမာ(ဗမာလူမျိုး) နှင့် မတူကွဲပြားသော လူမျိုးစုဖြစ်သည်ဟု ယုံကြည်ရဖွယ်ရှိသည်။ ဗမာ သို့မဟုတ် ဗမာ မျိုးနွယ်ကို တည်ထောင် ဖြစ်ပေါ်လာစေသော ဘိုးဘေး သုံးဦးအနက် တစ်ခုဖြစ်သော ပျူတို့သည် ဖော်ပြပါ အုပ်စုသုံးစု၏ ရောနှောမှုမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်-(၁) ကျောက်ခေတ်၊ ကြေးဝါခေတ်နှင့် သံခေတ်တို့ကတည်းက ထင်ရှားမှုမရှိသော ဒေသတွင်း နေထိုင်သူအနည်းစု၊ (၂) ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ တို့နှင့်အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် စာပေတို့ကိုတပါတည်း သယ်ဆောင်လျက် ဆက်တိုက် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံမှ ပြောင်းရွှေ့အခြေချ ဝင်ရောက်လာသူများနှင့် (၃) နောက်ဆုံးအုပ်စုမှာ မြောက်ဘက်မှ ဝင်ရာက်လာသည်ဟု ယုံကြည်ရသော တိဘက်တို-ဘားမင်း အုပ်စုတို့ဖြစ်သည်။ (Full article...) - Image 5
ရန်ကုန်မြို့ (အင်္ဂလိပ်: Yangon) သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လ မှ စတင်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ နအဖ (SPDC) သည်ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊ လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။
ရန်ကုန်မြို့၏ အခြေခံအဆောက်အဦးသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အဦး အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။ (Full article...) - Image 6
ဗဒလင်းဂူ သည် မြန်မာပြည်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် ရှိသည်။ ပဒတ်လိုဏ်ဂူဟုလည်း ခေါ်သည်။ ဒေသခံ လူတွေများက ပဒတ် ခေါင်းထောင် နေသလို ခပ်မြင့်မြင့်၊ ခပ်မော့မော့မှာ တည်ရှိ၍ ပဒတ်လိုဏ် ဟုခေါ်သည်။ –ပြဒါးလင်း— ဂူဟု ပညာရှိ အခေါ်ခံရ သူတွေက ပြင်ပြီး ခေါ်ကြသည် ဟု သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း က ဆိုသည်။ သို့သော်လည်း ထိုအချိန်က ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ဒေသခံများက ပြဒါးလင်းဂူဟု ခေါ်ဝေါ်ကြသည်။ (Full article...) - Image 7ခါကာဘိုရာဇီတောင် (ဟန်ဂျာ: 卡加伯拉吉山)သည် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်မြောက်ပိုင်း၊ နယ်စပ်တွင် တည်ရှိသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်သွယ်လျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) မြင့်သည်။ အမြင့်ပေ ၁၉,၂၉၆ ရှိပြီး အချို့သော မှတ်တမ်းများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြသည်။ မြောက်လတ္တီတွဒ် ၂၈°၁၈' အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' အကြားတွင် တည်ရှိသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိသည်။ တိဗက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ် အဖြစ်လည်း ပိုင်းခြားထားသည်။ တိဗက်နယ်စပ်နှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ မချမ်းဘောမြို့၏ အနောက်မြောက်ဘက် မိုင် ၈ဝ ကျော်တွင် ရှိသည်။ (Full article...)
- Image 8
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းခဲ့သည်။ အာဏာသိမ်းယူမှု ဖြစ်ပွားပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲ၍ လည်းကောင်း တရားစွဲဆိုခဲ့သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခဲ့ပြန်သည်။၂၀၂၁ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိ စစ်အစိုးရအားဆန့်ကျင်သူများအား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ဖမ်းဆီးခြင်း ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် သေဆုံးသူ ၉၂၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ၆၈၀၀ကျော်ရှိသည်ဟု AAPPနှင့် နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများတွင်တွေ့ရသော်လည်း အာဏာသိမ်းစစ်ကောင်စီမှာငြင်းဆန်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများအား စစ်အစိုးရ၏ ဖြိုခွင်းမှုများကို တုံ့ပြန်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်နက်ကိုင် တော်လှန်ဆန့်ကျင်မှုများ နိုင်ငံအဝှမ်းတွင် ဖြစ်ပေါ်ခဲ့သည်။ (Full article...) - Image 9
နတ် (ဗမာ: နတ်; MLCTS: nat; IPA: [naʔ]) များသည် ဘားမား (သို့မဟုတ် မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒနှင့်တွဲလျက် ဝိညာဉ်များကို ကိုးကွယ်မှုဖြစ်သည်။ ၎င်းတို့ကို၃၇မင်းနတ်များနှင့် ကျန်နတ်များ
အားလုံး (ဥပမာ- သစ်ပင်စောင့်နတ်၊ ရေစောင့်နတ်စသည်ဖြင့်) တို့အား ခွဲခြားထားသည်။ အားလုံးသော ၃၇ မင်းနတ်များသည် လူသားများဖြစ်ကြပြီး ၊ ကြမ်းတမ်းသော သေဆုံးရခြင်းများ (အစိမ်းသေ,lit. "violent death" ) နှင့် ကြုံတွေ့ခဲ့ရသူများဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ဖြစ်ပျက်ခဲ့ခြင်းကြောင့် နတ်စိမ်းများ (green spirits) ဟုလည်း ခေါ်ဆိုကြသည်။
သို့သော်လည်း မြန်မာဗုဒ္ဓဘာသာယုံကြည်သူတို့တွင် နတ်များကို နှစ်မျိုးနှစ်စားခွဲထားသည်။ နတ်ဝိညာဉ်များကို အောက်တွင်ရှိသော နတ်များသို့မဟုတ် အောက်နတ်များ၊နာမည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နတ်ဟုခေါ် ဆိုကြသည်။ နတ်ဘုံခြောက်ထပ်တွင်နေသည့် နတ်များကို အထက်နတ်များ သို့မဟုတ် နတ် ဒေဝါများဟုခေါ်ဆိုသည်။ သူတော်စင်များနှင့် တူသည့်နတ်နှင့် အချို့နေရာဒေသတွင်သာ သိသည့်နတ်များအပါအဝင် အကြောင်းအမျိုးမျိုးတို့ အတွက် နတ်များကို အဆင့်သတ်မှတ်နိုင်သည်။ နတ်ကိုးကွယ်မှုသည်မြို့များတွင်ကျေးလက်ဒေသထက်ကိုးကွယ်မှုနည်းပါးသည်။ နတ်ကိုကိုးကွယ်မှုသည် တိုင်းရင်းသားလူနည်းစုများအတွင်းတွင် ပြုလုပ်ကြသည်ရှိသလို ဗမာလူနေမှု၏ ပင်မရေစီး ကြောင်းအတွင်းတွင်လည်းပြုလုပ်ကြသည်။ သို့သော်လည်း ဗုဒ္ဓဘာသာဗမာများထဲတွင် နတ်ကိုးကွယ်မှုကို ခမ်းခမ်း နားနားပွဲပေးခြင်း နှင့် ဓလေ့ထုံးထမ်းအတိုင်းပြုလုပ်ခြင်း ပုံစံဖြင့် တွေ့မြင်နိုင်သည်။ (Full article...) - Image 10
အိမ်စောင့်အစိုးရ သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ရာမှ နောက်ပိုင်းတွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (Full article...)
ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ
ဓာတ်ပုံများ - load new batch
အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။
- Image 1ပုဂံမှ ယွန်းထည်များ (from မြန်မာ့ယဉ်ကျေးမှု)
- Image 2နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် (from မြန်မာ့သမိုင်း)
အဓိက ခေါင်းစဉ်များ
ကဏ္ဍများ
ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ
နောက်ထပ် ခေါင်းစဉ်များ
|
တမ်းပလိတ်:မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် အားကစားအသင်းများ |
ဝီကီမီဒီယာ
အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။
-
ကွန်မွန်းစ်
အခမဲ့ မီဒီယာ တည်ရာ -
ဝီကီစာအုပ်
အခမဲ့ ကျောင်းသုံးစာအုပ်နှင့် လက်စွဲစာအုပ်များ -
ဝီကီဒေတာ
အခမဲ့ အသိပညာ ဗဟို -
ဝီကီသတင်း
အခမဲ့ သတင်းများ -
ဝီကီကိုးကား
မှတ်သားဖွယ်ရာ စကားများ စုစည်းရာ -
ဝီကီရင်းမြစ်
အခမဲ့စာကြည့်တိုက် -
ဝီကီဗာစတီ
အခမဲ့ ပညာသင်စာနှင့် ဖတ်စာများ -
ဝီကီခရီးသွား
အခမဲ့ ခရီးသွားလမ်းညွှန် -
ဝစ်ရှင်နရီ
အဘိဓာန်နှင့် ဝေါဟာရအဖွင့်ကျမ်း
နောက်ထပ် မုခ်ဝများ
မုခ်ဝများကို အသုံးပြု၍ ဝီကီပီးဒီးယားကို လေ့လာပါ
-
လက်ရှိဖြစ်ရပ်များ မုခ်ဝ
-
လူ့အဖွဲ့အစည်း မုခ်ဝ