အောင်ဆန်းစုကြည်
မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် / From Wikipedia, the free encyclopedia
ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည့်အပြင်၊ သံတမန် နှင့် အမျိုးသမီးစာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ဖြစ်သည်။[2] ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာအား သိမ်းပိုက်ပြီးနောက် သူမအား တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည့်အပြင် ပို့ကုန်သွင်းကုန်ဆိုင်ရာ ဥပဒေ၊ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်မှု အက်ဥပဒေတို့ဖြင့် တရားစွဲဆိုထားသည်။ [3]
အောင်ဆန်းစုကြည် AC | |
---|---|
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် | |
တာဝန်သက်တမ်း ၆ ဧပြီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ | ဦးသိန်းစိန် (ဝန်ကြီးချုပ် အဖြစ်) |
ဆက်ခံသူ | မင်းအောင်လှိုင် (စစ်ကောင်စီ ဥက္ကဋ္ဌ အဖြစ်) |
၂၀ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ | ဦးဝဏ္ဏမောင်လွင် |
ဆက်ခံသူ | ဦးဝဏ္ဏမောင်လွင် |
သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် ဦးမြင့်ဆွေ (ယာယီ) ဦးဝင်းမြင့် |
ယခင်လူ | ဦးသိန်းညွန့် ဦးစိုးမောင် ဦးစိုးသိန်း ဦးအောင်မင်း ဦးလှထွန်း |
ပညာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဒေါ်ခင်စန်းရီ |
ဆက်ခံသူ | ဒေါက်တာမျိုးသိမ်းကြီး |
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၅ ဧပြီ ၂၀၁၆ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဦးခင်မောင်စိုး (လျှပ်စစ်စွမ်းအား) ဦးဇေယျာအောင် (စွမ်းအင်) |
ဆက်ခံသူ | ဦးဖေဇင်ထွန်း |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၈ နိုဝင်ဘာ ၂၀၁၁ | |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး | |
တာဝန်သက်တမ်း ၂၇ စက်တင်ဘာ ၁၉၈၈ – ၁၈ နိုဝင်ဘာ ၂၀၁၁ | |
ယခင်လူ | ရာထူးစတင် |
ဆက်ခံသူ | ရာထူးဖျက်သိမ်း |
အတိုက်အခံခေါင်းဆောင် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | စိုင်းလှကျော် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကော့မှူးမြို့နယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
ယခင်လူ | ဦးစိုးတင့် |
အနိုင်ရမဲ အရေအတွက် | ၄၆,၇၃၀ (၇၁.၃၈%)[1] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1945-06-19) ၁၉ ဇွန်၊ ၁၉၄၅ (အသက် ၇၈) ရန်ကုန်မြို့၊ ဗြိတိသျှဘားမား |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | မိုက်ကယ် အဲရစ် ၁ ဇန်နဝါရီ ၁၉၇၂ - ၂၇ မတ် ၁၉၉၉ (မိုက်ကယ်အဲရစ် ကွယ်လွန်ချိန်ထိ) |
သွေးသားတော်စပ်သူ | ဗိုလ်ချုပ်အောင်ဆန်း (ဖခင်) ဒေါ်ခင်ကြည် (မိခင်) |
သားသမီး | မြင့်ဆန်းအောင် ထိန်လင်း |
နေထိုင်ရာ | ခြံအမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း |
မိခင်ကျောင်း | ဒေလီတက္ကသိုလ် စိန့်ဟျူးကောလိပ် (အောက်စဖို့ဒ်) လန်ဒန်တက္ကသိုလ် |
ဆုတံဆိပ်များ | သိုးရော်ဖ် ရဖ်တို ဆု စက်ခါရော့ဗ်ဆု နိုဘဲလ် ငြိမ်းချမ်းရေးဆု ဂျဝါဟာလာနေရူးဆု International Simón Bolívar Prize အိုလွတ်ဖ် ပါလ်မယ် ဆု Bhagwan Mahavir World Peace ကွန်ဂရက် ရွှေတံဆိပ်ဆု |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | ပါတီဝက်ဘ်ဆိုဒ် |
သူမသည် ပြီးခဲ့သည့် နှစ် ၂၁ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခွင့် ရှိခဲ့သော်လည်း စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။[4]
သူမသည် ၁၉၉၀ ခုနှစ်တွင် ရွပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာကျော် ဖော့ဘ်စ် (Forbes)မဂ္ဂဇင်းမှ ရွေးချယ်သည့် ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နံပါတ် ၁၉ တွင် ဖော်ပြခံခဲ့ရဘူးသည်။[5]