နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ
ကောင်စီအကြီးအကဲ / From Wikipedia, the free encyclopedia
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသော စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အိမ်စောင့်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ကောင်စီဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယဥက္ကဋ္ဌမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[1][2]အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုဖွဲ့စည်းကာ ၎င်းက ဥက္ကဋ္ဌ လုပ်သည်။
အချက်တိုများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဥက္ကဋ္ဌ, စံအိမ် ...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဥက္ကဋ္ဌ | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
စံအိမ် | နေပြည်တော် |
ဖွဲ့စည်းခြင်း | ၂ ဖေဖော်ဝါရီ ၂၀၂၁ |
ပထမဆုံး ထမ်းဆောင်သူ | မင်းအောင်လှိုင် |
လက်ထောက် | ဒုတိယဥက္ကဋ္ဌ |
ပိတ်ရန်