ဘင်္ဂလားပင်လယ်အော်
From Wikipedia, the free encyclopedia
ဘင်္ဂလားပင်လယ်အော် (အင်္ဂလိပ်: The Bay of Bengal) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ပင်လယ်အော်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ တြိဂံပုံသဏ္ဌာန် နှင့် ဆင်တူပြီး အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံ၏ တောင်ဘက် ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ အန်ဒမန်ကျွန်းနှင့် နီကိုဘာကျွန်းတို့ တည်ရှိကြသည်။
အချက်တိုများ ဘင်္ဂလားပင်လယ်အော်, တည်နေရာ ...
ဘင်္ဂလားပင်လယ်အော် | |
---|---|
ဘင်္ဂလားပင်လယ်အော်မြေပုံ | |
တည်နေရာ | တောင်အာရှ |
ကိုဩဒိနိတ် | 15°N 88°E |
အမျိုးအစား | ပင်လယ်အော် |
ပင်မ ရေဝင်စီးကြောင်း | အိန္ဒိယသမုဒ္ဒရာ |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | ဘင်္ဂလားဒေ့ရှ် သီရိလင်္ကာ[1][2] |
အကျယ်ဆုံး အလျား | ၂,၀၉၀ km (၁,၃၀၀ mi) |
အကျယ်ဆုံး အနံ | ၁,၆၁၀ km (၁,၀၀၀ mi) |
မျက်နှာပြင် ဧရိယာ | ၂,၁၇၂,၀၀၀ km2 (၈၃၉,၀၀၀ sq mi) |
ပျမ်းမျှအနက် | ၂,၆၀၀ m (၈,၅၀၀ ft) |
အနက်ဆုံး အနက်အရှိုင်း | ၄,၆၉၄ m (၁၅,၄၀၀ ft) |
ပိတ်ရန်
ဘင်္ဂလားပင်လယ်အော်သည် ဧရိယာ စတုရန်း ကီလိုမီတာ ၂,၁၇၂,၀၀၀ ကီလိုမီတာ ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သော မြစ်များမှာ ပတ်ဒ်မာမြစ် (ဂင်္ဂါမြစ်၏ မြစ်လက်တက်)၊ မဂ်နာမြစ် နှင့် ဂျမူနာမြစ် (ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များ)၊ ဧရာဝတီမြစ်၊ ဂိုဒဗာရီမြစ်၊ မဟာနဒီမြစ်၊ ခရစ်ရှနမြစ်၊ ကာဗရီမြစ် တို့ ဖြစ်ကြသည်။