ဘင်္ဂလားဒေ့ရှ်နိုင်ငံ
တောင်အာရှနိုင်ငံ From Wikipedia, the free encyclopedia
ဘင်္ဂလားဒေ့ရှ် (ဘင်္ဂါလီ: বাংলাদেশ, ရောမအက္ခရာ: বাংলাদেশ၊ ဘင်္ဂလားနိုင်ငံ ဟု အဓိပ္ပာယ်ရ) သည် တရားဝင်အမည် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ (ဘင်္ဂါလီ: গণপ্রজাতন্ত্রী বাংলাদেশ) နှင့် တောင်အာရှရှိ နိုင်ငံတခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် မြေအကျယ် စဉ်ရင် နံပါတ် ၉၂ ချိတ်သော်လည်း လူဦးရေ ၁၆၃ သန်းခန့် ရှိသဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် လူအများဆုံးနိုင်ငံ ဖြစ်နေသည်။ လူနေထူသော နိုင်ငံများအနက် တစ်ခုဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် အိန္ဒိယ၊ အရှေ့တွင် မြန်မာတို့နှင့် ထိစပ်နေပြီး ကျန်အပိုင်းများမှာ ဘင်္ဂလားပင်လယ်အော်၏ ကမ်းခြေအဖြစ် ရှိသည်။
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ
| |
---|---|
![]() | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဒါကာမြို့ 23°45′50″N 90°23′20″E |
တရားဝင်ဘာသာစကား နှင့် အမျိုးသားဘာသာစကား | ဘင်္ဂါလီ[၄] |
ဒေသတွင်းဘာသာစကား | စစ်တကောင်း • ရင်္ဂပူရီ • ဆင်းဟတ်တီ • နိုယာခါအီလာ • သက္ကမ • ရခိုင် |
လူမျိုးစု (၂၀၁၁[၅]) | |
ကိုးကွယ်မှု |
|
လူမျိုး | Bangladeshi |
အစိုးရ | တစ်ပြည်ထောင် အသာစီးပါတီ ပါလီမန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံ |
• သမ္မတ | အဘာဒူ ဟာမစ် |
• ဝန်ကြီးချုပ် | Waker-uz-Zaman |
• လွှတ်တော်ဥက္ကဋ္ဌ | Shirin Sharmin Chaudhury |
• တရားသူကြီးချုပ် | Syed Mahmud Hossain |
ဥပဒေပြုလွှတ်တော် | ဇာတိယ ရှန်ရှက် |
ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း | |
• ကြေညာခဲ့ | ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက် |
• V-Day | ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၇၂ ဒီဇင်ဘာလ ၁၆ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁၄၈,၅၆၀[၆] km2 (၅၇,၃၆၀ sq mi) (အဆင့်: ၉၂) |
• ရေထု (%) | ၆.၄ |
• ကုန်းမြေဧရိယာ | ၁၃၀,၁၇၀ sq Km[၇] |
• ရေပြင်ဧရိယာ | ၁၈,၂၉၀ sq km[၇] |
လူဦးရေ | |
• ၂၀၁၆ ခန့်မှန်း | ၁၆၂,၉၅၁,၅၆၀[၈] (အဆင့် - ၈) |
• ၂၀၁၁ သန်းခေါင်စာရင်း | ၁၄၉,၇၇၂,၃၆၄[၉] (အဆင့် - ၈) |
• သိပ်သည်းမှု | ၁,၁၀၆/km2 (၂,၈၆၄.၅/sq mi) (အဆင့် - ၇) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၉၆၆.၄၈၅ ဘီလီယံ[၁၀] (အဆင့် - ၃၁) |
• Per capita | $၅,၈၁၂[၁၀] (အဆင့် - ၁၃၀) |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | $၃၅၂.၉၀၈ ဘီလီယံ[၁၀] (အဆင့် - ၃၇) |
• Per capita | $၂,၁၂၂[၁၀] (အဆင့် - ၁၄၉) |
Gini (၂၀၁၆) | ၃၂.၄[၁၁] အလယ် |
HDI (၂၀၁၉) | ၀.၆၃၂[၁၂] အလယ် · 133rd |
ငွေကြေး | တာကာ (৳) (BDT) |
အချိန်ဇုန် | BST (UTC+6) |
ရက်စွဲပုံစံ | dd-mm-yyyy CE |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၈၈၀ |
Internet TLD | .bd .বাংলা |
အကြီးဆုံးမြို့မှာ ဒါကာဖြစ်ပြီး ဒုတိယအကြီးဆုံးမှာ ဆိပ်ကမ်းမြို့ စစ်တကောင်း ဖြစ်သည်။
လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ ဘင်္ဂလားလူမျိုးများ ဖြစ်သည်။ ဘင်္ဂါလီမွတ်ဆလင်များသည် နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး မွတ်ဆလင်အင်အားစု ဖြစ်လျက် ရှိသည်။ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော်လည်း မွတ်ဆလင်မဟုတ်ကလည်း လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိသည်။ တစ်ပါတီ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဝက်မင်စတာထုံးစံ အခြေခံဥပဒေသုံး သမ္မတစနစ်ကို ယူသည်။
နိုင်ငံကို တိုင်း ၈ ခု၊ ခရိုင် ၆၄ ခု ဖွဲ့ထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး တစ်ဦးချင်းဝင်ငွေ တစ်ရိပ်ရိပ်တက်နေသဖြင့် ကမ္ဘာ့ဘဏ်က လက်ညှိုးထိုးပြစရာ နမူနာကောင်း ဖြစ်လျက်ရှိသည်။
အရှင်မွေးနှုန်း တိုးခြင်း၊ လူဦးရေ ထိန်းခြင်း၊ သဘာဝဘေး ကယ်ဆယ်ခြင်း၊ အထည်အလိပ်မှ နိုင်ငံခြားငွေ ရှာခြင်း၊ အမျိုးသမီးကဏ္ဍ တိုးတက်စေခြင်း၊ အသေးစားချေးငွေလုပ်ငန်းဖြင့် ဆင်းရဲမှုလျော့ချခြင်းတို့ကို မှတ်ကျောက်တင်စဖွယ် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။
ရေရှည်ရင်ဆိုင်နေရသည့် ပြဿနာများမှာ ရိုဟင်ဂျာဒုက္ခသည်အရေး၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော ဘေးများ ဖြစ်သည်။
အမည်ရင်းမြစ်
ဘင်္ဂလား ဟူသည့် ဝေါဟာရ၏ မူရင်းဇစ်မြစ်ကို မသိရသော်လည်း "ဝင်္ဂ" ဟူသော အမည်မှ ဆင်းသက်လာသည်ဟု ယူဆရသည်။ ဝင်္ဂ ဟူသည်မှာ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိခဲ့ဖူးသော ရှေးဟောင်းနိုင်ငံ တစ်ခု၏ အမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ဟူသည့် အမည်မှ ဒေ့ရှ် ဟူသည့် စကားလုံးမှာ နိုင်ငံ၊ နယ်မြေဟု အဓိပ္ပာယ်ရသည့် သက္ကတစကားလုံး deśa (ဒေၐ) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် ဟူသည်မှာ ဘင်္ဂလားနိုင်ငံဟု အနက်အဓိပ္ပာယ် ထွက်ရှိလေသည်။
သမိုင်း
ယခုဘင်္ဂလားဒေ့ရှ်ဟု လူသိများသော ဒေသသည် ရှေးခေတ်က ရှည်လျားသော သမိုင်းကြောင်းရှိသည်။ Maurya နှင့် Gupta အင်ပါယာများ အပါအဝင် ရှေးခေတ်အိန္ဒိယရှိ အင်ပါယာအမျိုးမျိုး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုကာလတွင် ထိုဒေသသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ပြန့်ပွားမှုကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဒေလီစူလတန်နိတ် (Delhi Sultanate) နှင့် ဘင်္ဂလားစူလတန်နိတ် (Bengal Sultanate) အပါအဝင် မွတ်စလင်မင်းဆက်များ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိလာခဲ့သည်။
Bengal Sultanate ကို Turkic General Bakhtiyar Khalji မှ 1204 ခုနှစ်တွင် စတင်ခဲ့သည်။ ဘင်္ဂလားစူလတန်များသည် သာယာဝပြောသောနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုဒေသသည် သိသာထင်ရှားသော ယဉ်ကျေးမှုနှင့် စီးပွားရေးတိုးတက်မှုကို ကြုံတွေ့ရပြီး အာရှနှင့် မွတ်စလင်ကမ္ဘာ၏ အခြားအစိတ်အပိုင်းများနှင့် ကုန်သွယ်မှု ထွန်းကားခဲ့သည်။
ဘင်္ဂလားစူလတန်နိတ် လက်ထက်တွင် အစ္စလာမ်သာသနာ၏ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာခဲ့သည်။ စာပေနှင့် ယဉ်ကျေးမှု လှုပ်ရှားမှုများ ထွန်းကားလာခဲ့သည်။ Shah Muhammad Sagir နှင့် Abdul Hakim ကဲ့သို့သော ထင်ရှားသော ကဗျာဆရာများနှင့် စာရေးဆရာများသည် ပါရှားနှင့် ဘင်္ဂလီဘာသာဖြင့် ရေးစပ်ထားသော လက်ရာများဖြစ်ပြီး အစ္စလာမ်နှင့် ဒေသခံ ဘင်္ဂါလီတို့၏ ဓလေ့ထုံးတမ်းများ ပေါင်းစပ်မှုကို ထင်ဟပ်စေသည်။ ဆူဖီသူတော်စင်များနှင့် ပညာရှင်များသည် အစ္စလာမ်သာသနာပြန့်ပွားရေးနှင့် ပညာရေးမြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၎င်းသည် မြေဩဇာကောင်းသော မြေနှင့် စိုက်ပျိုးရေး ကြွယ်ဝမှုကြောင့် လူသိများသည်။ ကြံနှင့် အခြားသီးနှံများ အမြောက်အများ ရိတ်သိမ်းနိုင်စေမည့် အဆင့်မြင့် ရေသွင်းစနစ်တစ်ခု ရှိပါသည်။ ဘင်္ဂလားပြည်သည် ကမ္ဘာတစ်ဝန်းတွင် ဝယ်လိုအားများသော အထည်အလိပ်များ အထူးသဖြင့် ပိုးထည်များ ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းအတွက် အချက်အချာနေရာတစ်ခု ဖြစ်လာခဲ့သည်။ စူလတန်များသည် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန်နှင့် ကူးသန်းရောင်းဝယ်ရေးကို အားပေးရန်အတွက် စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။
Bengal Sultanate သည် မဂိုအင်ပါယာ (Mughal Empire)မှ Bengal ကိုသိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ Mughals များသည် Bengal ကို ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့သည်။ Mughal ခေတ်တွင် ဘင်္ဂလီမူဆလင်များကို ပိုမိုကျယ်ပြန့်သော Mughal လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးတွင် ပေါင်းစည်းမှုကို မြင်တွေ့ခဲ့ရသည်။ ဘင်္ဂလီမူဆလင်များသည် Mughal တရားရုံးတွင် အရေးပါသောရာထူးများကို ထမ်းဆောင်ခဲ့ပြီး ထိုဒေသသည် ယဉ်ကျေးမှုနှင့် စီးပွားရေးအရ ဆက်လက်ထွန်းကားခဲ့သည်။
Mughal ၏အာဏာကျဆင်းမှုသည် ဥရောပကိုလိုနီအာဏာအတွက် လမ်းခင်းပေးခဲ့ပြီး အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီသည် ဘင်္ဂလားဒေသအပေါ် တဖြည်းဖြည်းထိန်းချုပ်နိုင်ခဲ့သည်။ ဗြိတိသျှ ၏ မူဝါဒများနှင့် ဝင်ငွေတောင်းဆိုမှုများသည် ဘင်္ဂလားတွင် စိုက်ပျိုးရေးကို ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ဗြိတိသျှတို့သည် ဘင်္ဂလားမှ ကြွယ်ဝချမ်းသာမှု အများအပြားကို ထုတ်ယူခဲ့ပြီး အရင်းအမြစ်များ သိသိသာသာ ယိုယွင်းလာခဲ့သည်။ ဘင်္ဂလား၏ အရင်းအမြစ်များမှ ပိုလျှံနေသော အရင်းအမြစ်များကို ဗြိတိသျှ စက်မှုတော်လှန်ရေးတွင် ဘဏ္ဍာငွေအဖြစ် အသုံးပြုခဲ့ပြီး ဒေသခံလူထုသည် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး ယိုယွင်းမှုဒဏ်ကို ခံစားခဲ့ရသည်။
နိုင်ငံရေးနှင့် အစိုးရ
နိုင်ငံခြားဆက်ဆံရေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် အထူးသဖြင့် ကုလသမဂ္ဂ၌ ကောင်းမွန်သောနိုင်ငံခြားရေးမူဝါဒကို ကြိုးပမ်းသည်။ ၁၉၇၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဓနသဟာယနိုင်ငံများအဖွဲ့ နှင့်ကုလသမဂ္ဂ တို့၌ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နှစ်ကြိမ်တိုင် ၁၉၇၈-၁၉၇၉ နှင့် ၂၀၀၀-၂၀၀၁ ခုနှစ်များတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအသင်း (South Asian Association for Regional Cooperation) တွင်အဓိကတည်ထောင်ဦးဆောင်သောနိုင်ငံ ဖြစ်ခဲ့သည်။ ပြီးခဲ့သော ခုနှစ်ပိုင်းများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒသည် တောင်အာရှတွင်း ဒေသများနှင့်သာမက အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါ စီးပွားရေး ပူးပေါင်းမှု လုပ်ကိုင်ရန် မျှော်မှန်းခဲ့သည်။
အိန္ဒိယ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အရေးကြီးဆုံးနှင့် ရှုပ်ထွေးသော သံတမန်အဆက်အဆံရှိသူမှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။ သမိုင်းများအရသော်လည်းကောင်း ယဉ်ကျေးမှုအရသော်လည်းကောင်း အဆက်အဆံရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပါကစ္စတန်နိုင်ငံမှ လွတ်မြောက်အောင် အိန္ဒိယ၏ ပါဝင်ခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သည်။ ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှုများတွင်လည်း အရေးပါလာစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြားဆက်ဆံရေးသည် လွတ်လပ်ရေးတိုက်ပွဲနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ၏ ကူညီမှုများကြောင့်အကောင်းမြင်မှုများဖြင့် စတင်ခဲ့သည်။ နှစ်ကာလအတန်ကြာသောအခါ နှစ်နိုင်ငံဆက်ဆံရေးသည် ကိစ္စအမျိုးမျိုးကြောင့် မတည်ငြိမ်ခဲ့ပေ။ အဓိကနှစ်နိုင်ငံ တင်းမာမှုဖြစ်သည်မှာ ဖရဖ်ခဆည် Farakka Dam ကြောင့်ဖြစ်သည်။ ၁၉၇၅ တွင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်နှင့် ၁၀.၃ မိုင်(၁၆.၆ ကီလိုမီတာ)အကွာ ဂင်္ဂါမြစ်ပေါ်တွင် ဆည် ဆောက်လုပ်ခဲ့သည်။ ဆည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သောရေပမာဏတို့ကို လမ်းလွဲသွားစေပြီး နိုင်ငံမှ ခံစားနေရသောသဘာ၀ဘေးအန္တရာယ်ကိုသာမက လူလုပ်ဘေးအန္တရာယ်ကို တိုးလာစေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပြခဲ့သည်။
သို့ဖြစ်ပင်စေကာမူ၊ နှစ်နိုင်ငံဒေသတွင်း လုံခြုံရေး၊ ၊ တောင်အာရှစီးပွားရေး ပှုပေါင်းလုပ်ကိုင်မှုများ အတွက် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပေါ်ရန် အရေးကြီးကြောင်း ရိပ်စားမိကြသည်။ ၂၀၀၉ တွင် ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံနယ်နမိတ် ဒေသများတွင် ပုန်းအောင်းနေသော အိန္ဒိယနိုင်ငံသား သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီး ခေါင်းဆောင်များကို ဖမ်းဆီးကာနိုင်ငံမှနှင်လွှတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံသည် နီပေါ၊ ဘူတန်တို့နှင့်အတူ ဒေသတွင်းအဆက်အဆံရှိရေးနှင့် စီးပွားရေးပူပေါင်းလုပ်ဆောင်မှုများ ဖွံဖြိုးလာရန် သဘောတူထားခဲ့ကြသည်။ အိန္ဒိယအရှေ့ပိုင်း ပြည်နယ်များ သာမက နီပေါနှင့် ဘူတန်တို့ကလည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းနှင့် မောင်ဂါလာဆိပ်ကမ်းတို့ကို ဝင်ရောက် လိုကြသည်။
မြန်မာ
ဘင်္ဂလားသားတို့ နိုင်ငံခွဲသည့်အခါ ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံများတွင် မြန်မာ ပါသည်။ ဒေသတွင်း အကျိုးအမြတ်များ၊ ရိုဟင်ဂျာဒုက္ခသည်အရေး၊ စစ်အစိုးရအုပ်ချုပ်စဉ် သီးသန့်နေဝါဒများကြောင့် ဆက်ဆံရေး အေးသွားသည်။
၂၀၁၂ ခုတွင် ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းကိစ္စနှင့် ပတ်သက်၍ ရေပိုင်နက်ကိစ္စ ဝိဝါဒဖြစ်ရပြီး နိုင်ငံတကာပင်လယ်ပြင်ဆိုင်ရာ အဆုံးအဖြတ်ခုံရုံးသို့ နှစ်ဖက်ဆိုင် ဖြေရှင်းရသည်။
၂၀၁၆-၁၇ ကာလများတွင် ရခိုင်ရှိ ရိုဟင်ဂျာ ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်လာရာ ကုလသမဂ္ဂသို့ အကြောင်းကြားရသည်။ ထိုအရေးကို ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါင်းစဉ်တပ်ထားသည်။
တရုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အလွန်နွေးထွေးသောဆက်ဆံရေးကို နှစ်သက်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့ပြီးသော ဆယ်စုနှစ်များတွင် စီးပွားရေးပူပေါင်းဆောင်ရွက်မှုများ နှစ်နိင်ငံကြား တိုးမြင့်ခဲ့သည်။၂၀၀၆-၂၀၀၇ ခုနှစ်များတွင် နှစ်နိင်ငံကြားကုန်သွယ်မှုသည် ၂၈.၅ % ထိတိုးတက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ အမျိုးမျိုးသော ကုန်ပစ္စည်းတို့သည် တရုတ်ဈေးကွက်တွင်အခွန်ကင်းလွတ်ခွင့် သဘောတူညီမှု ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ် (Military of Bangladesh) နှင့် လွတ်မြောက်ရေး တပ်မတော် (People's Liberation Army) ပူးပေါင်းမှုမှာ စစ်တပ်ပှုးပေါင်းမှု သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် အတူ မြင့်တက်ခဲ့သည်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံမှ လက်နက်ငယ်သာမက တရုတ်နိုင်ငံလုပ် သေးငယ် မြန်ဆန်သော ဒုံးပစ်ရေယဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယဉ်များအထိ ဝယ်ယူခဲ့သည်။
အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့ဖြိုးတိုးတက်မှု အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး ၁၉၇၂ ခုနှစ်ကတည်းက ယနေ့အထိ သန်း ၆,၀၀၀ ကျော်ညီမျှသော ထောက်ပံ့မှုများ ပေးခဲ့သည်။ အမေရိကန်ကုမ္မဏီများ ဖြစ်သည့် ရှပ်ဖ်ဖရွမ် (Chevron) နှင့် ကိုနိုကိုဖီးလစ် (ConocoPhillips) တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများတွင် အဓိက ရင်းနှီးမြုပ်နှံမှုများနှင့်အတူ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထွက်ကုန်များအတွက်လည်း အကြီးမားဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန် ဦးဆောင်သော (US-led coalition) ၁၉၉၁ အတောအတွင်း ကူဝိတ်နိုင်ငံလွတ်မြောက်ရေး တိုက်ပွဲ၊ ပင်လယ်ကွေ့ စစ်ပွဲ တွင်ပါဝင်ပူးပေါင်းခဲ့ပြီး အမေရိကန် ဦးဆောင်သော အာဖဂန်နစ္စတန်နိုင်ငံ ၏ ပြန်လည်ထူထောင်ရေးတွင် ထောက်ပံ့ပေးခဲ့သည်။ အမေရိကန် စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၉၁ ဘင်္ဂလားဒေ့ရှ် ဆိုင်ဂလုံးနှင့် ဆိုင်ဂလုံး ဆီဒါ ဝင်ရောက်မှုတို့အပါအဝင် လွန်စွာဆိုးရွားခဲ့သော အမျိုးမျိုးသော ရေလွှမ်းမှုများ နှင့် ဆိုင်ကလုံးမုန်တိုင်းဝင်ရောက်ခဲ့မှုများအတွက် ဘေးအန္တရာယ် ထိန်းချုပ်မှုနှင့် ဆေးဝါး နှင့် အစားသောက် ထောက်ပံ့မှုများတွင်လည်း ပါဝင်ခဲ့ကြသည်။
စစ်အင်အား
၂၀၁၂ နှစ်တွင်၊ စစ်တပ်တောင့်တင်းမှုမှာ ကြည်းတပ် ၃၀၀,၀၀၀ နီးပါး၊ လေတပ် ၂၂,၀၀၀ နှင့် ရေတပ် ၁၉,၀၀၀ ရှိသည်။ ထို့အပြင် စစ်တပ်သည် ဖြစ်ရိုးဖြစ်စဉ် ကာကွယ်မှုအပိုင်းများအရ မြို့ပြအုပ်ချုပ်သူများကို ဘေးအန္တရာယ်မှကင်းလွတ်ရေး၊ နိုင်ငံ ဆူပူအုံကြွမှုတွင် ပြည်ထဲရေး လုံခြုံရေး အတွက် တာဝန်ယူပေးရသည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်နွဲနေသော စစ်ပွဲမရှိပေ။ သို့သော် ၁၉၉၁ခုနှစ် ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး Operation Desert Storm တွင် စစ်သား ၂,၃၀၀ ပါဝင်ပူးပေါင်းခဲ့ပြီး ကုလသမ္မဂ ငြိမ်းချမ်းရေးမှု ထိမ်းသိမ်းရေး အင်အားစု UN peacekeeping forces တွင် စစ်သား ၁၀,၇၃၆ ပါဝင် ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် အရေအတွက် အများဆုံးပူးပေါင်းပါဝင်သူ ဖြစ်သည်။ မေလ၊ ၂၀၀၇ ခုနှစ်တွင် အဓိက စစ်တပ် ရွေ့ပြောင်းမှုများသည် ကွန်ဂို(Democratic Republic of Congo) ၊ လိုင်ဘီးရီးယား ၊ စူတန် (Sudan) ၊ တီမော-လပ်စ်တီ (Timor-Leste) နှင့် ကုတ်တဘွား (Côte d'Ivoire) တို့တွင်ရှိခဲ့သည်။
တိုင်း များ
ဘာရီဆယ်
စစ်တကောင်း
ဒါကာ
ခူနာ
မိုင်မန်ဆင်း
ရာရှာဟီ
ရန်ပူရ်
ဆေးဟက်
ပထဝီနှင့် ရာသီဥတု
သိပ္ပံနှင့် နည်းပညာ
ယခင်ကရှိသော ဒါကာ (၁၉၅၅)၊ ရာရှာဟီ (၁၉၆၅) နှင့် စစ်တကောင်း (၁၉၆၇) တို့ရှိ အရှေ့ပါကစ္စတန် ဒေသဆိုင်ရာလက်တွေ့ခန်း ၃ ခုကို စုစည်းကာ ဘင်္ဂလားဒေ့ရှ် သိပ္ပံနည်းနာနှင့် စက်မှုဆိုင်ရာ သုတေသနကောင်စီ ဟူ၍ ၁၉၇၃ ခုတွင် ထောင်သည်။
ဘင်္ဂလားဒေ့ရှ်၏ အာကာသအေဂျင်စီ ဆပါဆို (SPARRSO) ကို ၁၉၈၃ တွင် အမေရိကန်အကူအညီနှင့် စနိုင်ခဲ့သည်။ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု ဘင်္ဂဘန္ဒူ-၁ ကို အမေရိကန်ရှိ ဂြိုဟ်တုလွှင့်ရပ်မှတဆင့် အာကာသသို့ ပို့သည်။
ဘင်္ဂလားဒေ့ရှ် အနုမြူစွမ်းအင် ကော်မရှင် သည် ဆဗာ (ဒါကာပြည်နယ်မှ မြို့တမြို့) ၌ သုတေသနရီရတ္တာတခုကို ထိန်းကျောင်းနေသည်။ ၂၀၁၅ ခုတွင် အိုင်တီလုပ်ငန်းများ အလုပ်ပို့ အခံရဆုံး နိုင်ငံစာရင်းတွင် ကမ္ဘာ့အဆင့် ၂၆ ချိတ်သည်။
လူဦးရေသိပ်သည်းမူ
အယူဘာသာများ
ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ နိုင်ငံတော်ဘာသာမှာ အစ္စလာမ်ဘာသာဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၉၀ရာခိုင်နှုန်းခန့်က ကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများစုမှာ ဘင်္ဂါလီလူမျိုးများ ဖြစ်ကြသည်။ ဒုတိယကိုးကွယ်မှု အများဆုံးဘာသာမှာ ဟိန္ဒူဘာသာ ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၈.၅ ရာခိုင်နှုန်းက ကိုးကွယ်ကြသည်။ တတိယကိုးကွယ်မှု အများဆုံးမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၀.၇ ရာခိုင်နှုန်းသာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ အများစုမှာ ချက္ကမ၊ မရမာ၊ တန်ချန်းယာ၊ ရခိုင်၊ ဘရူဝါ စသော လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြပြီး စစ်တကောင်းတိုင်းဒေသကြီးတွင် နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာမှာ ကိုးကွယ်မှုအနည်းဆုံးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၀.၄ ရာခိုင်နှုန်းသာ ခရစ်ယာန်များ ဖြစ်ကြသည်။
ယဉ်ကျေးမှု
ဘင်္ဂလားဒေ့ရှ် ယဉ်ကျေးမှုသည် ဘင်္ဂလီမူဆလင်များ အပါအဝင် ဘာသာစကားမျိုးစုံနှင့် လူမျိုးစုများ လွှမ်းခြုံပြီး ကြွယ်ဝပြီး ကွဲပြားသည်။ ဘင်္ဂလီမူဆလင်များသည် ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် အစ္စလာမ်ဘာသာကို ၎င်းတို့၏ဘာသာအဖြစ် လိုက်နာကြပြီး ဘင်္ဂလီရိုးရာဓလေ့ထုံးတမ်းများကို အစ္စလာမ့်အလေ့အကျင့်များနှင့် ရောနှောထားသော ထူးခြားသော ယဉ်ကျေးမှုလက္ခဏာတစ်ခုရှိသည်။ ဘင်္ဂလီမူဆလင်များသည် ဘင်္ဂါလီဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြသည်။ ကဗျာဆရာများ၊ ပညာရှင်များနှင့် စာရေးဆရာများ၏ ထင်ရှားသော လက်ရာများဖြင့် ကြွယ်ဝသော စာပေအမွေအနှစ်များကြောင့် လူသိများသည်။ Kazi Nazrul Islam နှင့် Jashimuddin ကဲ့သို့သော ကျော်ကြားသော ကဗျာဆရာများ၏ လက်ရာများသည် ဘင်္ဂလီစာပေများကို လွှမ်းမိုးခဲ့သည်။
ဘင်္ဂလီများသည် Eid အပါအဝင် ဘာသာရေးပွဲတော်များကို ကျင်းပကြသည်။ ပွဲတော်များတွင် ဆုတောင်းပွဲများ၊ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် ရိုးရာဝတ်စုံများ ဝတ်ဆင်ခြင်းတို့ဖြင့် အမှတ်အသားပြုကြသည်။
ဘင်္ဂလီဟင်းလျာသည် ၎င်း၏အရသာနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုခြင်းကြောင့် နာမည်ကြီးသည်။ လူကြိုက်များသော ဟင်းလျာများတွင် biryani၊ kebabs၊ korma နှင့် ငါးပြင်ဆင်မှု အမျိုးမျိုးတို့ ပါဝင်သည်။
ဘင်္ဂလီလူ့အဖွဲ့အစည်းသည် ဧည့်ဝတ်ကျေပွန်မှုနှင့် အသိုက်အဝန်းအပေါ် အလေးပေးထားသည်။ လူ့အဖွဲ့အစည်းသည် ပရဟိတနှင့် ပရဟိတလုပ်ငန်းများမှတစ်ဆင့် ရပ်ရွာကို ပြန်လည်ပေးကမ်းမှုကို အလေးပေးသည်။
အားကစား
ဆက်စပ်ကြည့်ရှုရန်
ရည်ညှန်းချက်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.