ရှမ်းပြည်နယ်
မြန်မာနိုင်ငံတွင်ပါ၀င်သော ပြည်နယ်တစ်ခု / From Wikipedia, the free encyclopedia
ရှမ်းပြည်နယ် (ရှမ်း: မိူင်းတႆး) သည် မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ်များအနက် အကြီးဆုံး(ဧရိယာအကျယ်ဆုံး) ပြည်နယ်ဖြစ်သည်။ ဗြိတိသျှအစိုးရလက်ထက်က ပဒေသရာဇ် ရှမ်းပြည်နယ်စုဟု ခေါ်တွင်ခဲ့သော နယ်များအား လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဟူ၍ ပေါက်ဖွားလာသောအခါ ပြည်ထောင်စု အခြေခံဥပဒေအပိုဒ် ၅ အရ အဆိုပါ နယ်များတွင် 'ဝ'နယ်များကို ပူးပေါင်း၍ ရှမ်းပြည်နယ်ဟု သတ်မှတ်ပိုင်းခြားခဲ့သော နယ်များကို ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်ပေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံတစ်ပုံခန့်ရှိ၍ အကြီးဆုံးပြည်နယ်လည်း ဖြစ်၏။ ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း တောင်စခန်းတို့ဖြင့် သာယာလှပသောပြည်နယ်တစ်ခုဖြစ်သည်။
ဤဆောင်းပါးတွင် ပြဿနာများစွာရှိသည်။ ကျေးဇူးပြု၍ ဆောင်းပါးတိုးတက်ကောင်းမွန်လာစေရန် ကူညီနိုင်သည်။ သို့မဟုတ် ဆွေးနွေးချက်စာမျက်နှာ တွင် ဤပြဿနာများအကြောင်း ဆွေးနွေးနိုင်၏ ။(ဤသို့သော တမ်းပလိတ်စာတွဲများကို မည်သို့နှင့် မည်သည့်အချိန်တွင် ဖယ်ရှားနိုင်သည်ကို လေ့လာရန်)
|
အချက်တိုများ ရှမ်းပြည်နယ် မိူင်းတႆး, Other transcription(s) ...
ရှမ်းပြည်နယ် မိူင်းတႆး | ||
---|---|---|
ပြည်နယ် | ||
Other transcription(s) | ||
| ||
မြန်မာနိုင်ငံတွင်း တည်နေရာ | ||
ကိုဩဒိနိတ်: 21°30′N 98°0′E | ||
နိုင်ငံ | မြန်မာ | |
ပြည်နယ် | ရှမ်း | |
ဒေသ | အရှေ့အလယ်ပိုင်း | |
မြို့တော် | တောင်ကြီးမြို့ | |
အစိုးရ | ||
• ဝန်ကြီးချုပ် | ဦးအောင်ဇော်အေး | |
• အစိုးရ | ရှမ်းပြည်နယ် အစိုးရအဖွဲ့ | |
• ဥပဒေပြုလွှတ်တော် | ရှမ်းပြည်နယ် လွှတ်တော် | |
• တရားလွှတ်တော် | ရှမ်းပြည်နယ် တရားလွှတ်တော် | |
ဧရိယာ[1] | ||
• စုစုပေါင်း | ၁၅၅၈၀၁.၃ စတုရန်းကီလိုမီတာ (၆၀၁၅၅.၂ စတုရန်းမိုင်) | |
ဧရိယာအဆင့် | ၁၃ | |
လူဦးရေ (၂၀၁၄)[2] | ||
• စုစုပေါင်း | ၅,၈၂၄,၄၃၂ | |
• အဆင့် | ၄ | |
• သိပ်သည်းမှု | ၃၇/km၂ (၉၇/sq mi) | |
Demographics | ||
• လူမျိုးများ | ရှမ်း၊ မြန်မာ၊ မြန်မာ-တရုတ်၊ ဝ၊ လီဆူ၊ ဓနု၊ အင်းသား၊ အာခါ၊ လားဟူ၊ တအာင်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဂေါ်ရခါး | |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ၇၆.၇%၊ ခရစ်ယာန်ဘာသာ ၁၀.၈%၊ Animist ၆.၆%၊ အစ္စလာမ်ဘာသာ ၁.၀%၊ ဟိန္ဒူဘာသာ ၁.၀၁%၊ ဘာသာမဲ့ ၃.၄%၊ နှင့် အခြား ၁.၅% | |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | |
ဝက်ဘ်ဆိုဒ် | shanstate.gov.mm |
ပိတ်ရန်