ဟန်တရုတ်လူမျိုး
From Wikipedia, the free encyclopedia
ဟန်တရုတ်၊[36][37][38] ဟန်ဇူ[39][40][41] သို့မဟုတ် ဟန်လူမျိုး[42][43][44][45] (UK: /hæn/,[46] US: /hɑːn/;[47] ရိုးရှင်းတရုတ်: 汉人; ရိုးရာတရုတ်: 漢人; ပင်ယင်: Hànrén[မှတ်စု 2][48] သို့မဟုတ် ရိုးရှင်းတရုတ်: 汉族; ရိုးရာတရုတ်: 漢族; ပင်ယင်: Hànzú)[မှတ်စု 3][49][50] သည် ခေတ်သစ်တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းဒေသတွင် သမိုင်းတလျောက် မွေးဖွားနေထိုင်ခဲ့ကြသော အရှေ့အာရှ လူမျိုးစုတစ်ခု ဖြစ်သည်။[51][52][53][54][55] ဟန်တရုတ်တို့သည် ကမ္ဘာ့လူဦးရေ၏ ၁၈% အထိရှိပြီး ကမ္ဘာ့လူဦးရေ အများဆုံး လူမျိုးစု ဖြစ်ကာ တရုတ်ဘာသာစကားကို ပြောဆိုကြသည်။[56][57] ဟန်တရုတ်လူမျိုး ၁.၄ ဘီလီယံခန့်သည် တရုတ်ပြည်မကြီးတွင် အဓိက နေထိုင်ကြပြီး တရုတ်ပြည်မကြီး စုစုပေါင်း လူဦးရေ၏ ၉၂ % ခန့် ရှိသည်။[58][59] ဟန်တရုတ်လူမျိုး အဆက်အနွယ်များသည် စင်ကာပူနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၇၅% ခန့် နေထိုင်ကြသည်။[60]
汉族/漢族 汉人/漢人 | |
---|---|
လူဦးရေ စုစုပေါင်း | |
၁.၄ ဘီလီယံခန့်[1] | |
အများစု နေထိုင်သည့် နေရာ | |
![]() ![]() ![]() ![]() | |
နိုင်ငံရပ်ခြား တရုတ်လူမျိုး (အစဉ်အဆက် နေထိုင်မှုအရ) | |
![]() | ၉,၃၉၂,၉၈၇[7] |
![]() | ၆,၆၅၀,၀၀၉[8] |
![]() | ၃,၇၉၅,၀၀၇-၅,၁၀၀,၀၀၀[9][10] |
![]() | ၂,၉၆၇,၇၆၅[11] |
![]() | ၂,၈၃၃,၁၃၄[12] |
![]() | ၁,၆၃၈,၀၀၀[13] |
![]() | ၁,၄၆၉,၀၀၀[14] |
![]() | ၁,၃၅၀,၀၀၀[15] |
![]() | ၁,၂၁၃,၉၀၃[16] |
![]() | ၉၉၈,၀၀၀[17] |
![]() | ၉၂၂,၀၀၀[18] |
![]() | ၈၂၃,၀၀၀[19] |
![]() | ၇၀၀,၀၀၀[17] |
![]() | ၄၅၀,၀၀၀[20] |
![]() | ၄၃၃,၀၀၀[21] |
![]() | ၃၇၅,၉၅၄[22] |
![]() | ၃၅၀,၀၀၀[23] |
![]() | ၃၃၄,၀၀၀[24] |
![]() | ၂၃၁,၀၀၀[25] |
![]() | ၂၁၂,၀၀၀[26] |
![]() | ၂၁၀,၀၀၀[မှတ်စု 1][27] |
![]() | ၂၁၀,၀၀၀[28] |
![]() | ၂၀၀,၀၀၀ |
![]() | ၁၈၉,၀၀၀[17] |
![]() | ၁၈၆,၀၀၀[17] |
![]() | ၁၇၂,၀၀၀[29] |
![]() | ၁၅၂,၀၀၀[17] |
![]() | ၁၄၅,၀၀၀[17] |
![]() | ၁၃၅,၀၀၀[30][31] |
![]() | ၇၀,၀၀၀[32] |
![]() | ၁၉,၀၀၀[33] |
![]() | ၁၁,၀၀၀[34] |
ဘာသာစကား | |
တရုတ် | |
ကိုးကွယ်မှု | |
အဓိကအားဖြင့် ဘာသာမဲ့များ၊ မဟာယန ဗုဒ္ဓဘာသာ၊ တရုတ်ရိုးရာ နတ်ကိုးကွယ်မှု (တာအို၊ ဘိုးဘွားများ ဝတ်ပြုခြင်း၊ ကွန်ဖြူးရှပ်ဝါဒ နှင့် အခြားများ အပါအဝင်)၊ ခရစ်ယာန်နှင့် အခြား ယုံကြည်မှုများ[35] | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
တရုတ်-တိဗက်နွယ် လူမျိုးများ | |
အချို့ ရင်းမြစ်များတွင် ဟန်တရုတ်တို့ကို "တရုတ်လူမျိုး" သို့မဟုတ် တရုတ်-တိဗက်နွယ် လူမျိုးအုပ်စုတွင် ထည့်သွင်းရည်ညွှန်းသည်။ |
ဟန်တရုတ်လူမျိုး | |||||||||||||||||||||||||||||||||||||||||
ရိုးရှင်းသော တရုတ် | 汉族 | ||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရာ တရုတ် | 漢族 | ||||||||||||||||||||||||||||||||||||||||
|
ဟန်တရုတ်တို့သည် မြစ်ဝါမြစ်တလျောက် အခြေချနေထိုင်ခဲ့သော ဟွာရှား (Huaxia) မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။[61][62] ဟွာရှားဟူသော ဝေါဟာရသည် တရုတ်မြောက်ပိုင်း မြစ်ဝါမြစ်အလယ်နှင့် အောက်ပိုင်းတလျောက်ရှိ အလယ်မြေပြန့်လွင်ပြင်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော ကျောက်ခေတ်သစ်လူမျိုးစုများဖြစ်သည့် ဟွာ နှင့် ရှား တို့ကို ပေါင်းစပ်ရည်ညွှန်းသည်။[63][64][65][62] ထိုလူမျိုးစုများသည် ခေတ်သစ်တရုတ်လူမျိုးများ၏ ဘိုးဘေးများဖြစ်ကြပြီး တရုတ်လူမျိုးအစုအဝေးကို မွေးဖွားခဲ့ကြသူများ ဖြစ်သည်။[66][64][67]
နိုင်ငံရပ်ခြား တရုတ်အသိုင်းအဝိုင်းအများစုတို့က ဟွားရန် (华人; 華人; Huárén)၊ ဟွားချောင် (华侨; 華僑; Huáqiáo) သို့မဟုတ် ဟွားဇူ (华族; 華族; Huázú) စသော ဝေါဟာရများကို ဟန်တရုတ်လူမျိုးများအား ရည်ညွှန်းခေါ်ဆိုကြပြီး ဟန်လူမျိုးမဟုတ်သော လူမျိုးများအပါအဝင် တရုတ်နိုင်ငံသားများကို ကျူးကော့ရန် (中国人; 中國人) ဟူသော ဝေါဟာရဖြင့် ရည်ညွန်းခေါ်ဆိုကြသည်။[68][69][70] ဟန်လူမျိုး (汉人; 漢人; Hànrén) ဆိုသည်ကို ကမ္ဘာတစ်ဝန်းရှိ တရုတ်မျိုးနွယ်များကို ခေါ်ဆိုရာတွင်လည်း အသုံးပြုလေ့ရှိသည်။[71]
အရှေ့အာရှတွင် အာဏာဖြန့်ကျက်နိုင်ခဲ့ပြီး အိမ်နီးချင်းဒေသများအပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်ကို တရုတ်သမိုင်းတွင် ပထမဆုံး အကြီးကျယ်ဆုံးသော ခေတ်တစ်ခုအဖြစ် မှတ်ယူကြသည်။[72][73][74] ရှေးဟွာရှားတို့အပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်၏ ဂုဏ်သိက္ခာနှင့် ကျော်ဇောမှုတို့က ယင်းတို့ကို "ဟန်နိုင်ငံသားများ"အဖြစ် မှတ်ယူလာစေနိုင်ခဲ့သည်။[66][75][76][77][78] ဟန်မင်းဆက်မှ မျိုးရိုးအမည်ဆင်းသက်လာသော ဟန်တရုတ်တို့သည် တရုတ်စာလုံးတို့ကို "ဟန်အက္ခရာများ"အဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။[72][79][77]