ရုရှားနိုင်ငံ
အရှေ့ဥရောပနှင့်မြောက်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ရုရှားနိုင်ငံ (အင်္ဂလိပ်: Russia (ရုရှားဘာသာဖြင့် နားဆင်ရန်); En-us-Russia.ogg (ကူညီ·ချက်လက်)၊ တရားဝင်အားဖြင့်: ရုရှားဖက်ဒယ်ရေးရှင်းနိုင်ငံ (Russian Federation)) သည် အာရှတိုက်နှင့် ဥရောပတိုက်ပေါ်တွင် ရှိသည်။ ဧရိယာအားဖြင့် ကမ္ဘာအကြီးဆုံး နိုင်ငံတစ်ခုဖြစ်သည်။ ရုရှားနိုင်ငံရှိ လူဦးရေသည် ၁၄၂ သန်းခန့် ရှိသည်။ ရုရှားနိုင်ငံကို (အနောက်တောင်မှ အရှေ့တောင်) နော်ဝေးနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အက်စတိုးနီးယားနိုင်ငံ၊ လတ်ဗီးယားနိုင်ငံ၊ လစ်သူယေးနီးယားနိုင်ငံ နှင့် ပိုလန်နိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မွန်ဂိုးလီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ဖြင့် ထိစပ်လျက် ရှိသည်။ ၎င်းအပြင် ဂျပန်နိုင်ငံ ( Okhotsk ပင်လယ်ဖြင့်)၊ အမေရိကန်ပြည်ထောင်စု ( Bering Strait)တို့ဖြင့် ထိစပ်လျက် ရှိသေးသည်။ ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၉ ခုမြောက် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံ ဖြစ်သည်။ ရုရှားနိုင်ငံသည် အာရှတိုက် မြောက်ပိုင်းကို ဖြတ်၍ ဥရောပတိုက်၏ ၄၀%အထိ ကျယ်ပြန့်သည်။ ၎င်းအပြင် ဒေသ စံတော်ချိန်မှာ ၉ ခုရှိသည်။ ရုရှားနိုင်ငံသည် ယခုအခါ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံ ခေါင်းဆောင်အား ရွေးကောက်ပွဲ ဖြင့် ရွေးချယ်၍ လက်ရှိခေါင်းဆောင်မှာ ဗလာဒီမီယာ ပူတင် ဖြစ်သည်။ ရုရှားနိုင်ငံသည် ရုရှားဘာသာ အသုံးပြုကြပြီး နိုင်ငံမှာ ကျယ်ဝန်းသော ကြောင့် အချို့ ဒေသများတွင် အခြားဘာသာစကား ၂၇ မျိုးခန့်ကို အသုံးပြုကြသည်။ သို့သော် ရုံးသုံး ဘာသာမှာ ရုရှားဘာသာဖြစ်သည်။
ရုရှား နိုင်ငံ (ရုရှားဘာသာဖြင့်: Россия, Rossiya) ရုရှား ဖက်ဒရေးရှင်း နိုင်ငံ (Russia Federation) | |
---|---|
နိုင်ငံတော် သီချင်း: Государственный гимн Российской Федерации | |
မြို့တော် | မော်စကို |
အကြီးဆုံးမြို့ | မော်စကို |
ရုံးသုံး ဘာသာစကားများ | ရုရှားဘာသာ၊ အချို့ဒေသများတွင် ဘာသာ ၃၅ မျိုးခန့်အသုံးပြုသည်။ |
လူမျိုးစု | ရုရှား(၇၉.၈%)၊တာတားစ်(၃.၈%)၊ ယူကရိန်းလူမျိုး (၂%)နှင့်အခြားလူမျိုးပေါင်းများစွာ |
အမျိုးအစား | Federal semi-presidential republic |
အစိုးရ | |
• သမ္မတ | ဗလာဒီမီယာ ပူတင် |
• ဝန်ကြီးချုပ် | Mikhail Mishustin |
တည်ထောင် | |
• Vladimir-Suzdal Rus' | ၁၁၆၉ |
• Grand Duchy of Moscow | ၁၂၈၃ |
• Tsardom of Russia | ၁၅၄၇ |
• ရုရှား အင်ပါယာ (Russian Empire ) | ၁၇၂၁ |
• ရုရှား ဆိုဗီယက် ပြည်ထောင်စု ဆိုရှင်လစ် သမ္မတနိုင်ငံ (Russian Soviet Federative Socialist Republic) | ၇ နိုဝင်ဘာ ၁၉၁၇ |
၁၀ ဒီဇင်ဘာ ၁၉၂၂ | |
• ရုရှားဖယ်ဒရေးရှင်း (Russian Federation) | ၁၉၉၁ |
ဧရိယာ | |
• စုစုပေါင်း | ၁၇,၀၉၈,၂၄၂ km² (၆,၅၉၂,၈၀၀ sq mi) (အဆင့်: ၁) |
• ရေထု (%) | ၁၃ |
လူဦးရေ | |
• ခန့်မှန်း | ၁၄၁,၉၂၇,၂၉၇ (အဆင့် - ၉) |
• သိပ်သည်းမှု | ၈.၃ km²(၂၁ရာစု၊၂၁.၅/sq mi) (အဆင့် - ၂၇၁) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | US $၂.၁၀၉ trillion |
• Per capita | US $၁၄,၉၁၉ |
HDI | ၀.၈၁၇ အလွန်မြင့် · ၇၁ |
ငွေကြေး | ruble (RUB) |
တယ်လီဖုန်းကုဒ် | +၇ |
Internet TLD | .ru, .su, .рф |