အက်စတိုးနီးယားနိုင်ငံ (တရားဝင်အခေါ်အားဖြင့် အက်စတိုးနီးယား သမ္မတနိုင်ငံ) သည် ဥရောပမြောက်ပိုင်း ဘောလ်တစ်ဒေသတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် ဖင်လန်ပင်လယ်ကွေ့၊ အနောက်ဘက်တွင် ဘောလ်တစ် ပင်လယ်၊ တောင်ဘက်တွင် လတ်ဗီးယားနိုင်ငံ၊ အရှေ့ဘက်တွင် Peipsi ကန် နှင့် ရုရှားနိုင်ငံတို့ ဝန်းရံလျက် ရှိသည်။ ဘောလ်တစ်ပင်လယ်ကို ဖြတ်၍ အနောက်ဘက်တွင် ဆွီဒင်နိုင်ငံ နှင့် မြောက်ဘက်တွင် ဖင်လန်နိုင်ငံ တို့ တည်ရှိကြသည်။ အက်စတိုးနီးယားနိုင်ငံ၏ ပိုင်နက်မှာ ၄၅,၂၂၇ စတုရန်းကီလိုမီတာ (၁၇,၄၆၂ စတုရန်းမိုင်) ရှိသည်။ အက်စတိုးနီးယား လူမျိုးတို့သည် ဖင်န်လူမျိုး (Finnic ) များ ဖြစ်ကြပြီး ရုံးသုံးဘာသာစကားဖြစ်သော အက်စတိုးနီးယန်း ဘာသာစကားမှာ ဖင်လန်ဘာသာစကားနှင့် အတော်ဆင်တူသည်။

အချက်တိုများ အက်စ်တိုးနီးယား သမ္မတနိုင်ငံ Republic of Estonia Eesti Vabariik, မြို့တော် နှင့် အကြီးဆုံးမြို့ ...
အက်စ်တိုးနီးယား သမ္မတနိုင်ငံ
Republic of Estonia
Eesti Vabariik
Thumb
အလံတော်
Thumb
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: "My Fatherland, My Happiness and Joy"
Thumb
မြို့တော်
နှင့် အကြီးဆုံးမြို့
တယ်လင်းမြို့
ရုံးသုံး ဘာသာစကားများအက်စတိုးနီးယန်း
အမျိုးအစားပါလီမန် သမ္မတအစိုးရ
အစိုးရ
 သမ္မတ
Toomas Hendrik Ilves
 ဝန်ကြီးချုပ်
Andrus Ansip
တည်ထောင်
 လွတ်လပ်ရေး
(ဆိုဗီယက်ပြည်ထောင်စုမှ)
ဩဂုတ် ၂၀ ရက်၊ ၁၉၉၁
ဧရိယာ
 စုစုပေါင်း
၁၇,၄၁၃ စတုရန်းမိုင် (၄၅,၂၂၇ km²) (အဆင့်: ၁၃၂)
 ရေထု (%)
၄.၄၅
လူဦးရေ
 ခန့်မှန်း
၁,၃၄၀,၁၉၄ (၂၀၁၁)[1] (အဆင့် - ၁၅၁)
 သိပ်သည်းမှု
၂၉/km² (၇၅/sq mi) (အဆင့် - ၁၈၁)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၂၅.၇၈၄ ဘီလီယံ [2]
 Per capita
US $၁၉,၃၇၅[2]
HDIIncrease ၀.၈၁၂[3]
အလွန်မြင့် · ၃၄
ငွေကြေးယူရို
အချိန်ဇုန်+၂
နွေရာသီ - +၃
တယ်လီဖုန်းကုဒ်+၃၇၂
Internet TLD.ee
ပိတ်ရန်


ဗောလတစ်နိုင်ငံစုတွင်ပါဝင်သော အက်စတိုးနီးယားနိုင်ငံသည် ဆိုဗီယက်ရုရှ၏ ၁၆ ခုမြောက် သမ္မတနိုင်ငံငယ်တစ်ခုဖြစ်သည်။ နှစ်ပေါင်းရာပေါင်းများစွာက အင်အားကြီးနိုင်ငံများ၏ အကြိမ်ကြိမ် လက်ပြောင်းစိုးမိုးမှုကို ခံယူခဲ့ရလင့်ကစား၊ အက်စတိုးနီးယား တိုင်းရင်းသားတို့သည် မိမိတို့၏ မျိုးရိုးဇာတိမာန်၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးစံတို့ကို မတိမ်ကောမပပျောက်ရလေအောင် ထိန်းသိမ်း ခဲ့လေသည်။ အက်စတိုးနီးယားနိုင်ငံငယ်သည် အစဉ်အဆက် ထိန်းသိမ်းလာခဲ့သော ထုံးဟောင်းပုံပြင်တို့ဖြင့် ကြွယ်ဝလှပေရာ ထောင်နှင့်သောင်းနှင့်ချီ၍ အရေအတွက်ရှိသော ထိုထုံးဟောင်း ပုံပြင်တို့သည် ယခုတိုင် ရိုးရာတေးသီချင်းများ၊ ကဗျာများ အဖြစ် တည်ရှိနေကြလေသည်။

အက်စတိုးနီးယားနိုင်ငံသည် ဥရောပတိုက်ရှိ အရှေ့ မြောက်ထောင့်ကျသော အပိုင်းတွင်တည်ရှိ၍ ဗောလတစ် ပင်လယ်နှင့် ဖင်လန်ပင်လယ်ကွေ့တို့အကြား ထိုးထွက်နေသော ကုန်းမြေ တစ်စိတ်တစ်ဒေသနှင့် ကျွန်းများအပါအဝင်ဖြစ်သည်။ ထိုနိုင်ငံ၏အရှေ့ဘက်တွင် ပိုင်ပူး(ချွတ်စကူးရေး) ရေအိုင်နှင့် ရုရှားပြည်မကြီး(ရုရှားဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ)တို့ရှိ၍၊ တောင်ဘက်တွင် လတ်ဗီးယားနိုင်ငံငယ် (လတ်ဗီးယားဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတ နိုင်ငံ ငယ်) ရှိသည်။ အနောက်ဘက်တွင် ဗောလတစ်ပင်လယ်ရှိ၍ မြောက်ဘက်တွင် ဖင်လန်ပင်လယ်ကွေ့ရှိသည်။

အက်စတိုးနီးယားသမ္မတနိုင်ငံငယ်သည် ကျွန်းပေါင်း ၈၁၈ ကျွန်းအပါအဝင် ၁၈၃၅၉ စတုရန်းမိုင် ကျယ်ဝန်းလေရာ ကျွန်းများ၏ စုစုပေါင်းအကျယ်အဝန်းသည် စတုရန်းမိုင် ၁၆၁ဝ ဖြစ်သည်။ ကျွန်းများထဲတွင် ဆာရီမာ (အူးဇယ်)နှင့် ဟီအူးမား (ဒက်အူး) တို့သည် အကြီးဆုံးဖြစ်သည်။

အင်းအိုင်ပေါများသော တိုင်းပြည်တစ်ပြည်ဖြစ်၍ အင်း အိုင် စုစုပေါင်း ၁၅၁၂ ခုရှိသည်။ ပင်လယ်ကမ်းခြေမှ ကမ်းပါး စောက်များဖြင့် တဖြည်းဖြည်းမြင့်တက်သွား၍ တစ်ပြည်လုံး သည် ပေ ၁ဝ၄ဝ မျှသာ မြင့်လေသည်။ ကူးသန်းသွားလာရေး နှင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနိုင်သော မြစ်နှစ်မြစ် သာရှိရာ ယင်းတို့မှာ နာရဗား(နဗိုရာ)နှင့် အီမာတို့ဖြစ်သည်။ နိုင်ငံ၏မြို့တော်သည် တယ်လင်းဖြစ်၍ ရေးဗယ်ဟုလည်းခေါ် သည်။ အခြားထင်ရှားသောမြို့များမှာ နရဗား၊ တာတူး၊ အရင်စ ဗွက် စသည်တို့ဖြစ်သည်။

ကမ္ဘာ့မြောက်ပိုင်းကျသော တိုင်းပြည်တစ်ပြည်ဖြစ်သည် နှင့်အညီ အက်စတိုးနီးယားနိုင်ငံ၏ ဆောင်းရာသီသည် ရှည် ကြာ၍ နွေရာသီမှာ ထွေးထွေးနွေးနွေးရှိရုံမျှသာ ဖြစ်သည်။ တစ်နှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်သည် ဖာရင်ဟိုက် ၄ဝ၏၅ဒီဂရီ ဖြစ်၍ ရာသီဥတုသင့်တင့်သည်ဟု ဆိုရပေမည်။

နှစ်စဉ် ပျမ်းမျှ မိုးရေချိန်သည် ၂၁၏၆ လက်မ ဖြစ်လေသည်။ အက်စတိုးနီးယားနိုင်ငံငယ်၏ လူဦးရေသည် (၁၉၇ဝ ပြည့်နှစ်) ၁၃၅၇ဝဝ ဖြစ်ရာ အက်စတိုးနီး ယန်းလူမျိုးမှလွဲလျှင် ဒုတိယအများဆုံးသည် ရုရှလူမျိုး၊ တတိယအများဆုံးသည် ဂျာမန်လူမျိုးဖြစ်သည်။ အက်စတိုးနီးယန်းတို့၏ ဘာသာစကား သည် ဖင်းနစ်ဘာသာစကားနှင့် နီးစပ်သည်။ ယေဘုယျအားဖြင့် အက်စတိုးနီးယန်းတို့သည် ယင်းတို့၏ ဘိုးဘေးဘီဘင်များဖြစ် ကြသော ဗိုက်ကင်းလူမျိုးများကဲ့သို့ အရပ်မြင့်၍ ဆံပင်ရောင် လှသည်။ ယင်းတို့သည် လုံ့လဝိရိယရှိ၍ အလုပ်ကြိုးစားသူများ ဖြစ်သော်လည်း နေ့အားရက်အား ပွဲတော်အခါများ၌ ပျော်ပျော် ပါးပါးနေထိုင်ကြရန်လည်း နှစ်သက်သည်။ အက်စတိုးနီးယန်း ခြောက်ယောက်လျှင်ငါးယောက်သည် ပရိုတက်စတန့် (လူသာ ရန်ဂိုဏ်း) ဂိုဏ်းဝင်များဖြစ်ကြသည်။ ကျန်လူများသည်မူ ရောမ ကက်သလစ် ဂိုဏ်းဝင်များဖြစ်ကြသည်။

အက်စတိုးနီးယားနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထား လေရာ အာလူး၊ ရိုင်းစပါး၊ မြင်းစားဂျုံ၊ မုယောစပါးနှင့် ဘီသွာလျှော်တို့သည် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်သည်။ နွားမွေးမြူရေးနှင့် နွားနို့လုပ်ငန်းသည်လည်း အရေး ပါသည်။ ဆိုဗီယက်အစိုးရ၏ လက်အောက်ခံဖြစ်လာပြီး နောက်တွင် လယ်မြေများကို ပြည်သူပိုင်ပြုလုပ်၍ စုပေါင်း လယ်ယာစနစ်ကို ၁၉၄၅ ခုနှစ်ခန့်ကစ၍ဆောင်ရွက်ခဲ့ကြသည်။ ထိုနိုင်ငံ၏ ကုန်းမြေငါးပုံတစ်ပုံသည် သစ်တောများ ဖြင့် ဖုံးလွှမ်းလျက်ရှိရာ သစ်ထုတ်လုပ်ရေးနှင့် စက္ကူလုပ်ငန်း တို့သည် အရေးပါအရာရောက်သော လုပ်ငန်းများဖြစ်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဘေးဒဏ်ကြောင့် သစ်လုပ်ငန်း များ အကြီးအကျယ်ပျက်စီးခဲ့ရသည်။ အခြားအရေးပါသော လုပ်ငန်းတစ်ခုမှာ ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်သည်။

ကမ္ဘာပေါ်တွင် အက်စတိုးနီးယားနိုင်ငံသည် ကျောက်နု လွှာမှထုတ်လုပ်ရရှိသည့် ရေနံအများဆုံးထွက်သော တိုင်းပြည် ဖြစ်သည်။ အက်စတိုးနီးယားနိုင်ငံ၏ မြေထွက်သယံဇာတပစ္စည်း များမှာ ရေနံအပြင် သစ်ဆွေးမြေ၊ ထုံးကျောက်၊ မြေစေးပြာ၊ ဂေါတံကျောက်၊ မီးစုံးကျောက်၊ စကျင်ကျောက်တို့ ဖြစ်ကြလေ သည်။

အက်စတိုးနီးယားနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို ရုရှားသို့သာလျှင် တင်ပို့ရသည်သာများသည်။ စက်မှုထွက် ကုန်များမှာ သံ၊ သံမဏိ၊ စက်ပစ္စည်းအမျိုးမျိုး၊ ဘိလပ်မြေ၊ ဝါဂွမ်း၊ စက္ကူ၊ သစ်ပျော့ဖတ်နှင့် အရက်အမျိုးမျိုးတို့ ဖြစ်ကြ လေသည်။ မြို့တော်တယ်လင်းသည် ရုရှားမှ လီနင် ဂရက်မြို့နှင့် မီးရထားလမ်းအားဖြင့် အဆက်အသွယ်ရှိ၍ ရုရှား ပြည်မအတွင်းသို့ ကုန်စည်တင်ပို့ရေးတွင် အချက်အချာဖြစ်လေ သည်။

သယ်ယူပို့ဆောင်ရေးနှင့်ကူးသန်းသွားလာရေးအတွက် အက်စတိုးနီးယားနိုင်ငံငယ်၏ ကုန်သင်္ဘောများမှာ မီးသင်္ဘော ကြီးပေါင်း ၁၂၅ စင်းနှင့် အခြား မော်တော်သင်္ဘောကြီးငယ်များ အပါအဝင် စုစုပေါင်းတန်ချိန် ၁၉၆၆၂၇ တန်ခန့်ရှိသည်။ ၁၉၆၇ ခုနှစ်အထိ နိုင်ငံအတွင်းအသုံးပြုနေသော မီးရထား လမ်းသည် ၁၃ဝ၆ မိုင်ခန့်ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် သွား လာအသုံးပြုနေသော လမ်းကြီးလမ်းကောင်းများမှာ မော်တော် ကားလမ်း ၁၄၄ဝ၇ မိုင်ခန့်ရှိရာ၊ ယင်းတို့အနက် အခိုင်အမာ ခင်းထားသောလမ်းမှာ ၉၉၉၈ မိုင်ခန့်ဖြစ်လေသည်။

တယ်လင်းမြို့၊ လီနင်ဂရက်မြို့နှင့် ရီးဂမြို့တို့သည် လေ ကြောင်းအားဖြင့် ဆက်သွယ်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် အတွင်းက လမ်းပန်းဆက်သွယ်ရေး အလွန်ပျက်စီးခဲ့ရာ အထူး သဖြင့် တံတားကြီးများ ပျက်စီးခဲ့သည်။

အက်စတိုးနီးယားနိုင်ငံငယ်၏ ပညာရေးသည် အဆင့် အတန်းမြင့်သည်။ အခမဲ့မသင်မနေရ ပညာရေးစနစ်ရှိသည်။ သို့သော် စာမတတ်သူ ရာခိုင်နှုန်းအနည်းငယ်ကား ရှိနေသေး သည်။ အထက်တန်း ပညာရေးအဖွဲ့အစည်းများရှိရာ အသက် မွေးဝမ်းကျောင်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကျောင်းများနှင့် ကောလိပ်များ၊ အနုပညာနှင့် ဂီတအတတ်သင်ပညာ ဗိမာန်များ လည်း ပါဝင်သည်။ ၁၆၃၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော တက္ကသိုလ်တစ်ခုလည်းရှိလေသည်။

အက်စတိုးနီးယန်းလူမျိုးတို့သည် နိုင်ငံသမိုင်းတင်စ ခေတ်ဦးကပင် ဗောလတစ်ကမ်းခြေဒေသ တစ်ဝိုက်၌ နေထိုင်ခဲ့ ကြသည်။ ဦးစွာ၌ အက်စတိုးနီးယားပြည်ကို အယူဝါဒရေးရာ ဂိုဏ်းများက အုပ်ချုပ်နေခဲ့ရာမှ ဒိန်းတို့သည်လည်းကောင်း၊ ဂျာမန်တို့သည်လည်းကောင်း၊ ထို့နောက်တွင် ပိုးလူမျိုးတို့သည် လည်းကောင်း တစ်လှည့်စီ ချဉ်းနင်းဝင်ရောက်တိုက်ခိုက် သိမ်း ပိုက်ခဲ့ကြသည်။ ၁၅၆၁ ခုနှစ်မှ ၁၇၁ဝ ပြည့်နှစ်အထိ ဆွီဒင် လူမျိုးတို့က အက်စတိုးနီးယားကို ကြိုးကိုင်အုပ်ချုပ်ခဲ့လေသည်။ ၁၇၁ဝ ပြည့်နှစ်မှစ၍ အက်စတိုးနီးယားတွင် ရုရှတို့ စတင် တွင်ကျယ်လာခဲ့၍ ၁၇၂၁ ခုနှစ် နီရှတတ်စာချုပ်အရ ဆွီဒင်က အက်စတိုးနီးယားကို ရုရှသို့ လွှဲပြောင်းပေးလိုက်လေသည်။ အက်စတိုးနီးယားသည် ၁၉၁၈ ခုနှစ်အထိ ရုရှတို့လက်အောက် ခံဖြစ်နေခဲ့ရာမှ ထိုနှစ်တွင် လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာ ခဲ့လေသည်။

အက်စတိုးနီးယား၏ လွတ်လပ်ရေးကို ဂရိတ်ဗြိတိန်၊ ပြင်သစ်နှင့် အီတလီအစိုးရတို့က အသိအမှတ် ပြုကြသည်။ ဂျာမန်တို့က နိုင်ငံတွင်း ချဉ်းနင်းဝင်ရောက်တိုက်ခိုက်သောအခါ ပရပ်ရှားပြည်နှင့် ပူးပေါင်းရန် လိုလားနေခဲ့ကြသော ဗောလတစ် မှူးမတ်ကြီးများက ထောက်ခံခဲ့သည်။ သို့သော် ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် ဂျာမန်နိုင်ငံပြိုကွဲသွားသောအခါ လွတ်လပ်ရေး ပြန်လည်ရရှိသည်။ ၁၉၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အက်စ တိုးနီးယန်းအစိုးရနှင့် ဗော်လရှီဗစ်အစိုးရတို့သည် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။ ဗော်လရှီဗစ်အစိုးရက အက်စတိုးနီး ယားနိုင်ငံ၏လွတ်လပ်ရေးကို အသိအမှတ်ပြုလေသည်။ သို့သော် ရုရှနှင့်ဂျာမန်တို့၏ ဩဇာအာဏာအရှိန်အဝါ သည် အက်စတိုးနီးယားနိုင်ငံအပေါ်၌ ကောင်းမြဲကောင်းနေ သည်။ ၁၉၃၈ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံသည် အခြေခံ ဥပဒေသစ်ရေးဆွဲပြီးလျှင် သမ္မတနိုင်ငံအဖြစ် ထူထောင်လိုက်လေ သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားစ ၁၉၃၉ ခုနှစ် စက်တင်ဘာ လ ၁ ရက်နေ့တွင် အက်စတိုးနီးယားနိုင်ငံသည် ကြားနေနိုင်ငံ အဖြစ်ကြေညာခဲ့သော်လည်း ရေကြောင်းနှင့်လေကြောင်းအခြေခံ စခန်းများ ဖွင့်လှစ်ခွင့်ပေးရန်နှင့် စစ်တပ်များချထားခွင့်ပေးရန် ရုရှနိုင်ငံက တောင်းဆိုလာခြင်းကို ခွင့်ပြုခဲ့ရသည်။

၁၉၄ဝ ပြည့်နှစ်ဩဂုတ်လတွင် အက်စတိုးနီးယားနိုင်ငံ သည် ဆိုဗီယက်ယူနီယံအတွင်း သိမ်းသွင်းခြင်း ခံရသည်။ ဆိုဗီယက်ယူနီယံအတွင်း၌ ၁၆ ခုမြောက် ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိသော သမ္မတနိုင်ငံငယ်တစ်ခု ဖြစ်လာလေသည်။ ၁၉၄၁ ခုနှစ်တွင် အက်စတိုးနီးယားနိုင်ငံကို ဂျာမန်တို့ က တိုက်ခိုက်သိမ်းပိုက်ထားခဲ့၍ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ တွင် ဆိုဗီယက်တပ်များသည် တန်ပြန်ထိုးစစ်ပြန်ဆင်ကာ စက် တင်ဘာလကုန်ခန့်တွင် အက်စတိုးနီးယားကို ဂျာမန်တို့လက်မှ ပြန်၍သိမ်းပိုက်လိုက်သည်။ အက်စတိုးနီးယားသည် ဆိုဗီယက် ယူနီယံတွင် အဝင်အပါ သမ္မတနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိ သွားလေသည်။[4]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.