![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/9e/Flag_of_Japan.svg/langmy-640px-Flag_of_Japan.svg.png&w=640&q=50)
ဂျပန်နိုင်ငံ
အရှေ့အာရှတွင်ရှိသော စက်မှုထွန်းကားရာကျွန်းနိုင်ငံ / From Wikipedia, the free encyclopedia
ဂျပန်နိုင်ငံ(ဂျပန်: 日本; နိဟွန်၊ တရားဝင်အမည်: ဂျပန်: 日本国; နိဟွန်းကိုကု)သည် အရှေ့အာရှတွင်ရှိသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ရုရှားတို့၏ အရှေ့ဘက်တွင် ရှိပြီး မြောက်ဘက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးမှာ "နေပင်; နေမြစ်; နေ၏ အရင်းအမြစ်" ဟု အဓိပ္ပာယ်ရသည်။
ဂျပန်ဘုရင့်နိုင်ငံတော် | |
---|---|
![]() ဂျပန်နိုင်ငံနယ်နိမိတ်ကို အစိမ်းရင့်ရောင်ဖြင့်ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟုဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေကို အစိမ်းနုဖြင့် ဖော်ပြထားသည်။ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | တိုကျိုမြို့ (東京) 35°41′N 139°46′E |
ရုံးသုံး ဘာသာစကားများ | ဂျပန် |
Demonym | Japanese |
အစိုးရ | ပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ် |
• ဧကရာဇ် | နာရူဟီတို |
• ဝန်ကြီးချုပ် | ဖူမီအို ခီရှိဒ |
ဥပဒေပြုလွှတ်တော် | ဒိုင်းယက်လွှတ်တော် |
House of Councillors | |
House of Representatives | |
တည်ထောင်ခြင်း | |
ဖေဖော်ဝါရီလ ၁၁ ရက် ၆၆၀ ဘီစီ | |
၁၈၉၀ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၁၉၄၇ ခုနှစ် မေလ ၃ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၃၇၇,၉၇၅ km2 (၁၄၅,၉၃၇ sq mi)[1] (အဆင့်: ၆၂) |
• ရေထု (%) | ၁.၄ (၂၀၁၅ ခုနှစ်အရ)[2] |
လူဦးရေ | |
• ၂၀၂၁ ခန့်မှန်း | ![]() |
• ၂၀၂၀ သန်းခေါင်စာရင်း | ၁၂၆,၂၂၆,၅၆၈[4] |
• သိပ်သည်းမှု | ၃၃၄/km2 (၈၆၅.၁/sq mi) (အဆင့် - ၂၄) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
Gini (၂၀၁၈) | ![]() အလယ် · ၇၈ |
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၁၉ |
ငွေကြေး | ဂျပန် ယန်း (¥) |
အချိန်ဇုန် | JST (UTC+09:00) |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၈၁ |
Internet TLD | .jp |
ဂျပန်သည် ကျွန်းပေါင်း ၆၈၄၈ ကျွန်း ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ဟွန်းရှူးကျွန်းပေါ်တွင် မြို့တော်တိုကျိုနှင့် အခြားအိုဆာကာ၊ကျိုတို ကဲ့သို့မြို့ကြီးများလည်းရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီးအများအပြားမှာ မီးတောင်များဖြစ်ကြပြီး မီးတောင်ပေါင်း၁၁၀ရှိသည်။ ထိုမီးတောင်များအနက် မီးတောင် ၄၇ ခုသည် မီးတောင်ရှင်များဖြစ်သည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။
ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံးမြို့ကြီးများထဲတွင်ပါဝင်သည်။ မြို့တော်ဖြစ်သော တိုကျိုမြို့ကို စီရင်စု (၃) ခုဖြင့်ဖွဲစည်းထားကာ ခန့်မှန်းလူဦးရေ သန်း ၃္၈.၁၄ နေထိုင်ကြသည်။
ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျက် ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုပ်သာ ဖော်ပြထားသည်။
အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။
ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၄ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ် ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှာရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။
ကီမီဂါယော့သည် ဂျပန်ပြည်၏ နိုင်ငံတော်သီချင်းဖြစ်သည်။ ဤသီချင်းသည် ဂျပန်အင်ပါယာ၏ နိုင်ငံတော်သီချင်း ဖြစ်သကဲ့သို့ ဂျပန်ဧကရာဇ်၏ ဘုန်းတော်ဘွဲ့တေးလည်းဖြစ်သည်။