တစ်ပြည်ထောင်နိုင်ငံတွင် နိုင်ငံဗဟိုအစိုးရသည် တစ်ခုတည်းသော အချုပ်အခြာအာဏာရှိသော အဖွဲ့အစည်းတစ်ခုအဖြစ် အုပ်ချုပ်သည်။ ဗဟိုအစိုးရသည် အုပ်ချုပ်ရေးဌာနခွဲများ၊ ပြည်နယ်များကို ဖန်တီးနိုင်သလိုဖျက်သိမ်းနိုင်သည်။[1] အဆိုပါပြည်နယ်များသည် ဗဟိုအစိုးရမှ လွှဲအပ်ရန် ရွေးချယ်သော အာဏာများကိုသာ ကျင့်သုံးသည်။ နိုင်ငံရေးအာဏာ ကို devolution (ဗဟိုမှ အာဏာကို လက်အောက်အဖွဲ့အစည်းများသို့ ခွဲဝေပေးခြင်း) မှတဆင့် ဒေသဆိုင်ရာ သို့မဟုတ် ဒေသန္တရအစိုးရ ကို ဥပဒေ ဖြင့် လွှဲအပ်သော်လည်း၊ ဗဟိုအစိုးရသည် ၎င်းတို့ ဗဟိုအစိုးရသို့ အာဏာလွှဲပြောင်းကျရောက်သော အစိုးရ​ (devolved governments) တို့၏ လုပ်ဆောင်ချက်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ၎င်းတို့၏ အာဏာများကို ကန့်သတ်ခြင်း သို့မဟုတ် ချဲ့ထွင်နိုင်သည်။

Thumb
  တစ်ပြည်ထောင်နိုင်ငံများ

တစ်ပြည်ထောင်နိုင်ငံများသည် 'ဖက်ဒရယ်ပြည်ထောင်စု' ဟုလည်းလူသိများသော ဖက်ဒရေးရှင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကမ္ဘာ့ အချုပ်အခြာအာဏာပိုင်နိုင်ငံများ (ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ) တွင် အများစုသည် တစ်ပြည်ထောင်စနစ်ဖြင့် အစိုးရဖြစ်သည်။[2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.