ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား ကျူးကျော်ခြင်း
ရုရှား - ယူကရိန်းစစ်ပွဲ၏ အမြင့်မားဆုံးဖြစ်ရပ် / From Wikipedia, the free encyclopedia
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား စတင်ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ဤကျူးကျော်မှုသည် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်ဖြစ်ပွားလျက်ရှိသော ရုရှား - ယူကရိန်း စစ်ပွဲ၏ အမြင့်မားဆုံးသော အခြေအနေ ဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့အတွင်းသို့ ဝင်ခွင့်ပြုခြင်းသည် ရုရှားနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု အကြောင်းပြကာ ယူကရိန်းအား ဝင်ခွင့်မပြုရန် အမေရိကန်အပါအဝင် နေတိုးအဖွဲ့အား တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို ပယ်ချခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်မှစ၍ ခရိုင်းမီးယားဒေသအပါအဝင် ယူကရိန်းနယ်စပ်သို့ ရုရှားတပ်ဖွဲ့များ တပ်စွဲထားခဲ့သည်။ ကျူးကျော်မှုမစမီ ရက်ပိုင်းအလိုတွင် ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားပြီး သမ္မတနိုင်ငံများအဖြစ် ကိုယ်တိုင်ကြေညာထားသော ဒွန်းဘက်စ် (Donebas) ဒေသရှိ ဒွန်းညက်စ် (Donetsk)နှင့် လုဟန့်စ် (Luhansk)များအား လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်းကို ရုရှားနိုင်ငံမှ ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် ရုရှားတပ်ဖွဲ့များ ဒွန်းဘက်စ်ဒေသသို့ ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် ရုရှားအောက်လွှတ်တော်ဖြစ်သော ဖက်ဒရေးရှင်းကောင်စီက သမ္မတ ဗလာဒီမီယာပူတင်အား နိုင်ငံပြင်ပတွင် စစ်အင်အားအသုံးပြုခွင့် ပေးအပ်ခဲ့သည်။
ဤ ဆောင်းပါး သည် လတ်တလော အဖြစ်အပျက် ကို တင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးပါ သတင်း အချက်အလက်များ သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ |
၂၀၂၂ ခုနှစ် ရုရှားနိုင်ငံမှယူကရိန်းနိုင်ငံအား ကျူးကျော်ခြင်း | |||||||
---|---|---|---|---|---|---|---|
ရုရှား–ယူကရိန်း စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||
|
လက်နက်ထောက်ပံ့သူ:
အခြားထောက်ပံ့သူ:
| ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
|
| ||||||
စစ်အင်အား | |||||||
|
|
၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၄ရက် အရှေ့ဥရောပစံတော်ချိန် (UTC+02:00) နံနက် (၅:၀၀) တွင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနိုင်ငံအရှေ့ခြမ်းတွင် အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။ ကြေညာပြီး မိနစ်ပိုင်းအကြာတွင် ယူကရိန်းနိုင်ငံမြို့တော် ကီးယက်မြို့အပါအဝင် ယူကရိန်းနိုင်ငံအတွင်း ပေါက်ကွဲမှုများ စတင်ခဲ့သည်။ ယူကရိန်းနယ်ခြားစောင့်တပ်က ရုရှားနှင့် ဘီလာရုဇ် နယ်စပ်ရှိ ၎င်း၏ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံနေရကြောင်း ပြောကြားခဲ့သည်။ ထို့နောက် (၂)နာရီ အကြာတွင် ရုရှားမြေပြင်တပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့သည်။ ယူကရိန်းသမ္မတ ဗလော်ဒီမာယာ ဇလင်းစကီးက နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ကာ ရုရှားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ ကျူးကျော်မှုစတင်ပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် အပါအဝင် နိုင်ငံများနှင့်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ ရုရှားအား ကျူးကျော်မှုအတွက် ပြန်လည် အရေးယူရန် စီစဉ်ခဲ့ကြသည်။