မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့
အစိုးရကြား စစ်ရေးမဟာမိတ် / From Wikipedia, the free encyclopedia
မြောက်အတ္တလန္တိက်စာချုပ်အဖွဲ့ သို့မဟုတ် နေတိုး(အင်္ဂလိပ်: North Atlantic Treaty Organization၊ NATO) သို့မဟုတ် အိုတံ(ပြင်သစ်: Organisation du traité de l'Atlantique nord၊ OTAN)သည် ကမ္ဘာ့ အဓိကအဖွဲ့များ အပါအဝင်ဖြစ်ပြီး ဥရောပနှင့် မြောက်အမေရိကနိုင်ငံ ၃၁နိုင်ငံတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော မြောက်အတ္တလန်တစ် သဘောတူစာချုပ် အပေါ်တွင် အခြေပြုသော နိုင်ငံအစိုးရအချင်းချင်း စစ်ဘက်မဟာမိတ် ပြုထားသောအဖွဲ့အစည်း တစ်ခုဖြစ်သည်။ နေတိုးရုံးချုပ်များ သည် ဘယ်(လ်)ဂျီယံ နိုင်ငံ ဘရပ်ဆယ်(လ်) မြို့တွင် ရှိသည်။ အဖွဲ့အစည်းသည် စုပေါင်းကာကွယ်တိုက်ခိုက်ခြင်းစနစ် ပါဝင်၍၊ အသင်းဝင်နိုင်ငံများသည် တစ်စုံတစ်ခုသော ပြင်ပအဖွဲ့အစည်းမှ တိုက်ခိုက်လာခြင်းကို တုံ့ပြန်နိုင်ရေးအတွက် အပြန်အလှန် အကာအကွယ်ပေးကြရန် သဘောတူညီကြသည်။
နေတိုးအဖွဲ့ အလံ[1] | |
အစိမ်းရောင် : နေတိုးအဖွဲ့ဝင် နိုင်ငံများ | |
ဖွဲ့စည်းခြင်း | 4 April 1949 |
---|---|
အမျိုးအစား | မဟာမိတ် စစ်တပ် |
ဌာနချုပ် | ဘရပ်ဆဲလ်မြို့၊ ဘယ်လ်ဂျီယမ်နိုင်ငံ |
အဖွဲ့ဝင်များ | |
ရုံးသုံးဘာသာစကား | အင်္ဂလိပ် ပြင်သစ်[2] |
အတွင်းရေးမှူးချုပ် | en:Anders Fogh Rasmussen |
စစ်ရေး ကော်မတီ ဥက္ကဋ္ဌ | en:Giampaolo Di Paola |
ဝက်ဘ်ဆိုဒ် | nato.int |