![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/2c/ULA-AA_Flag.svg/langmy-640px-ULA-AA_Flag.svg.png&w=640&q=50)
အာရက္ခတပ်တော်
ရက္ခိုင့်အမျိုးသားတပ် / From Wikipedia, the free encyclopedia
အာရက္ခတပ်တော် (အင်္ဂလိပ်: Arakha Army; အတိုကောက် AA) သည်[6] ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[1] ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးသည်။ အာရက္ခတပ်တော် ၏ အဓိက ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ၊ ဗိုလ်မှူးကြီး ကျော်ဟန် နှင့် အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ ဖြစ်သည်။
Arakha Army | |
---|---|
အာရက္ခတပ်တော် ပြည်တွင်းပဋိပက္ခသမိုင်းတွင် ပါဝင် | |
![]() အာရက္ခတပ်တော်၏အလံ | |
လှုပ်ရှား | ၁၀ ဧပြီ ၂၀၀၉ (၂၀၀၉-၀၄-၁၀)–လက်ရှိ |
ခံယူချက် |
|
ဦးဆောင်သူများ | ထွန်းမြတ်နိုင်[1] ညိုထွန်းအောင်[2] ကျော်ဟန် ခိုင်သုခ |
ဌာနချုပ် | မြောက်ဦးမြို့ ကချင်ပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ |
|
အင်အား | ၃၈၀၀၀+ [3] |
တစ်စိတ်တစ်ပိုင်း | ![]() |
မဟာမိတ် | ![]()
အခြား: ![]() |
ပြိုင်ဘက် | ![]() နိုင်ငံမဟုတ်ပြိုင်ဘက်များ ![]() |
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းပဋိပက္ခများ
|
၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို အာရက္ခတပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော်အစိုးရက အာရက္ခတပ်တော် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ မှ အာရက္ခတပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။[7]