From Wikipedia, the free encyclopedia
ဝပြည် သွေးစည်းရေး တပ်မတော် 佤邦联合军 | |
---|---|
အင်္ဂလိပ် အမည် | United Wa State Army |
ဥက္ကဋ္ဌ | Kya La Bo[1] Wei Hsueh-kang |
တည်ထောင်ခြင်း | ၁၉၈၉ |
ဌာနချုပ် | တရုတ်-မြန်မာ နယ်စပ်အနီးရှိ ပန်ဆန်းမြို့ |
နိုင်ငံရေးပါတီ | ဝပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ |
အဖွဲ့ဝင် | ၂၀,၀၀၀-၂၅,၀၀၀ |
နိုင်ငံရေး သဘောတရား | ခွဲထွက်ရေး ဝ အခွင့်အရေး |
အရောင် | အပြာ၊ အနီ နှင့် အဖြူ |
ဝက်ဘ်ဆိုဒ် | |
Gawng Meung Wa | |
ပါတီအလံ | |
UWSA စစ်ဌာနချုပ်အား ပန်ဆန်း(ပန်ခမ်း) တွင် အခြေပြုသည်။ စစ်ဌာနချုပ်တွင်
UWSAတပ်ဖွဲ့များတွင် တပ်ဆင်ထားသော အခြေခံ ချေမှုန်းရေးရိုင်ဖယ်များမှာ ပုံစံသစ်များ ပြောင်းလည်းတပ်ဆင်ထားသည်။
အကူပစ်လက်နက်ကြီး တပ်ဖွဲ့တွင် ယခင်ကတပ်ဆင်ထားနိုင်ခဲ့သည့် ၈၂မမ၊ ၁၂၀ မမ မော်တာ၊ ၅၇မမ၊ ၇၅ မော်တာအပြင် ၁၀၅မမ၊ ၁၂၂ မမ ဟော်ဝစ်ဇာအမြောက်မြားပါ တပ်ဆင်ထားသည်ကို ခိုင်လုံသော သတင်းများအရ၎င်း၊ လက်တွေ့လေ့ကျင့်ပစ်ခတ်နေသည့် ဗီဒီယိုမှတ်တမ်းများအရ၎င်း သိရသည်။ လေယာဉ်ပစ်ဒုံးနှင့် ပတ်သက်၍ UWSA ထူထောင်သည့် အနှစ် ၃၀ ပြည့်ပွဲတွင် FN 6/FN 7 အမျိုးအစားဟု ယူဆရသော လေယာဉ်ပစ်ဒုံးကျည်များ ထုတ်ပြသွားသည် ကိုတွေ့ရသည်။ သို့ဖြစ်ရာ လေယာဉ်ပစ်ဒုံးကျည်များ ဝယ်ယူရရှိထားပြီး လေယာဉ် ပစ်ဒုံးကျည်တပ်ဖွဲ့အား လေ့ကျင့်ဖွဲ့စည်းထားရှိပြီဟု သုံးသပ်ရသည်။
ထို့ပြင် UWSA နှစ် ၃၀ ပြည့်ပွဲတွင် ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ တပ်ဆင်ထားသည့် ဒရုံးလေယာဉ်ငယ်များ ထုတ်ပြသွားသည်ကို တွေ့ရပေရာ ဒရုံးတပ်ဖွဲ့လည်း ဖွဲ့စည်းထားရှိပြီးဟုသုံးသပ်ရသည်။ နယ်စပ်ဒေသသတင်းများအရနှစ် ၃၀ ပြည့်ပွဲတွင် ထုတ်ပြသည့် ဒရုံးများထက်ကြီးသည့် ဒရုံးလေယာဉ်များလည်း ဝယ်ယူထားရှိသည်ဟုဆိုသည်။ ပန်ဆန်းမြောက်ဘက်တွင် လေယာဉ်ကွင်းငယ်များ တည်ဆောက်ထားသည်ဟုဆိုသည်။ တရုတ် သို့မဟုတ် လာအိုမှထုတ်လုပ်သည်ဟု ယူဆရသည့် သံချပ်ကားများအား UWSA ၏ စစ်ရေးလှုပ်ရှားများတွင် တွေ့ရှိရသည်။ လက်ဖြောင့်တပ်သားသုံး မှန်ပြောင်းတပ်သေနတ်များအား တပ်ဆင်ထားသည်ကို တွေ့ရသည်။
ပန်ဆန်း စစ်ဌာနချုပ်မှ တိုက်ရိုက်အုပ်ချုပ်သည့် စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး ၂၀၁၉/၂၀ မှစ၍ ၃/၄ နှစ် ဗိုလ်သင်တန်းကျောင်းအား ပန်ဆန်းမြောက်ဘက်တွင် ဖွင့်လှစ်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းအား ဒုတပ်မှူးကြီး ကျောက်ကျုံးတန်းမှ တိုက်ရိုက်အုပ်ချုပ်သည်ဟု ဆိုသည်။ ထို့ပြင် UWSA အနေနှင့် လက်နက်ခဲယမ်း ထုတ်လုပ်သည် စက်ရုံများ ပိုင်ဆိုင်ထားသည်ဟု နယ်စပ်ဒေသရှိအကဲခတ်များက ဆိုသည်။[2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.