From Wikipedia, the free encyclopedia
၁၀၂၇ စစ်ဆင်ရေး (အင်္ဂလိပ်: Operation 1027) သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များဖြစ်သော ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များအား တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။[16][17][18]
| ||||||||||||||||||||||||||||||||||||||
ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ကောင်စီအဖွဲ့များအား တပြိုက်နက်တည်း တိုက်ခိုက်ခဲ့သည်။[19][20] ယင်းနောက် ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မိုးကုတ်၊ မန္တလေးနှင့် ထီးချိုင့်မြို့နယ်များတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[21][22][23] ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီစခန်း ၁၆၈ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။[24] အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကဲ့သို့သော စစ်ကောင်စီဆန့်ကျင်နေသည့် အဖွဲ့များကလည်း စစ်ဆင်ရေးတွင် ပါဝင်ပံ့ပိုးခဲ့ကြသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကယားပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ၁၁၀၇ စစ်ဆင်ရေး နှင့် ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့ကြသည်။[25]
ရက္ခိုင့်တပ်တော် သည် ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်မှ ရခိုင်ဒေသစစ်ဆင်ရေးအား စတင်ခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ သည် တရုတ်အစိုးရ ၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော် နှင့် တရုတ်နိုင်ငံတွင်ပြုလုပ်သည့် တတိယအကြိမ်ဆွေးနွေးမှတဆင့်ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီချက် ဖြင့် ရခိုင်ပြည်နယ် တွင်းမပါဘဲ ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ရန် သဘောတူလိုက်ကြပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည၉ နာရီ မှစ၍ ယာယီအပစ်ရပ်ကြသည်။၂၀၂၄ ခုနှစ် ဇွန်လ ၂၅ရက် တွင် ကျောက်မဲ နှင့် နောင်ချို တို့၌ တပ်မတော် နှင့် တအောင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားသည်။ ယင်းတိုက်ပွဲကို ၁၀၂၇ စစ်ဆင်ရေး (အဆက်) ဟု သတင်းထုတ်ပြန်ခြင်းဖြင့် ရှမ်းမြောက် တွင် စစ်ဆင်ရေးပြန်လည် လုပ်ဆောင်သည်။
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသတွင် ကြီးထွားလာနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထိန်းချုပ်ရန်နှင့် ပါဝင်ပတ်သက်နေသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များအား နှိမ်နှင်းရန်အတွက် စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကြောင်း ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။[18][17]
နံနက် ၄ နာရီအချိန်တွင် ကိုးကန့်ရှိ စစ်ကောင်စီစခန်းများအား MNDAA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။[26][27] နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကာလမ်းရှိ စစ်ကောင်စီ၏ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝိတ် တပ်စခန်း နှစ်ခုကို TNLA က သိမ်းပိုက်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။[28] ချင်းရွှေဟော်မြို့ကို MNDAA က သိမ်းပိုက်ရရှိခဲ့ပြီး လားရှိုး-မူဆယ် အဝေးပြေးလမ်းနှင့် လားရှိုး-ချင်းရွှေဟော်လမ်းများကို ပိတ်ဆို့ထားခဲ့သည်။[29]
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။[30] လောက်ကိုင်၊ ချင်းရွှေဟော်နှင့် လားရှိုး၊ သိန္နီအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့စခန်းနှင့် ပြည်သူ့စစ်စခန်းအချို့ ကျဆုံးခဲ့သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။[16] လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း အရေအတွက်ကိုမူ မဖော်ပြခဲ့ပေ။ အယ်လ်ဂျာဇီရာသတင်းအရ ချင်းရွှေဟော်ရှိ အစိုးရရုံးများ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီမှ ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။[20] လောက်ကိုင်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အတူ တိုက်ပွဲများတွင် ပါဝင်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။[31]
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းအနောက်မြောက်နယ်စပ်ဒေသရှိ ထီးချိုင့်မြို့နယ်တွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မော်ကွန်းတောင် တောင်ဘက်တွင် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ အကျအဆုံးများရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။[32][21]
တောင်သာမြို့နယ်အတွင်းရှိ တောင်သာ-မြင်းခြံကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးစခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဒရုန်းများဖြင့် ဗုံးကြဲချခဲ့သဖြင့် စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့သည်။[22]
MNDAA သည် ဟိုပုံးမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်အား အလစ်တိုက်ခိုက်ခဲ့သလို တရုတ်မြန်မာနယ်စပ် မုန်းကိုးမြို့အနီးရှိ စစ်ကောင်စီစခန်း သုံးခု သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင် ချင်းရွှေဟော်မြို့အနီး လေကြောင်းမှ ပို့ဆောင်ပေးခဲ့သော စစ်ကောင်စီတပ်များအား တိုက်ခိုက်အနိုင်ရခဲ့သလို လေကြောင်းမှ ချပေးခဲ့သော စစ်လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်း သုံးခုနှင့် လားရှိုးမြို့နယ်ရှိ စစ်စခန်း ၂ ခုတို့ကို သိမ်းပိုက်ခဲ့ကြောင်း TNLA က ဆိုသည်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက စစ်စခန်းများ ဆုံးရှုံးခဲ့ကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လိုလားကြောင်း ပြောဆိုခဲ့သည်။[33]
အောက်တိုဘာ ၂၇ နှင့် ၂၈ ရက်နေ့များတွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လားရှိုးမြို့နယ်မှ လူဦးရေ ၆၀၀ ခန့် စစ်ဘေးရှောင်ခဲ့ရသည်။ လားရှိုး-မူဆယ်လမ်းပေါ်ရှိ ဟိုပိတ်တိုးဂိတ်အပါအဝင် လားရှိုးမြို့နယ်တွင်းရှိ လမ်းများနှင့် ရွာများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လားရှိုးမြို့ပေါ်တွင် ဖြစ်ပွားခြင်း မရှိခဲ့ပေ။[34] ကျောက်မဲ၊ သိန္နီနှင့် ကွတ်ခိုင်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။[35]
ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေတပ် လေယာဉ်များ စေလွှတ်ခဲ့သည်။[32]
မန္တလေးပီဒီအက်ဖ်နှင့် TNLA ဦးဆောင်သော အဖွဲ့က နောင်ချိုမြို့မှ သုံးမိုင်အကွာ ကျောက်ကြမ်းရွာရှိ စစ်စခန်းကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်များက နောင်ချို-ရပ်စောက်လမ်းပေါ်ရှိ အမြောက်စခန်းသို့ ဆုတ်ခွာသွားခဲ့သည်။ တချိန်တည်းမှာပင် ဂုတ်ထိပ်တံတားအနီး နောင်ချို-ကျောက်မဲလမ်းပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ မန္တလေး-မူဆယ် အဝေးပြေးလမ်းကို ဖြတ်တောက်ထားခဲ့သည်။[36] မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းရွာအနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို TNLA နှင့် ပီဒီအက်ဖ်များက တိုက်ခိုက်ခဲ့သည်။
သိန္နီမြို့နယ်ရှိ စစ်ကောင်စီစခန်းတွင် တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့သလို သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို မဟာမိတ်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။ သိန္နီမြို့နယ်ရှိ မိုင်းလီရွာ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့နယ်ကို ဝိုင်းရံထားနိုင်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။ အောက်တိုဘာ ၃၀ ရက်နေ့အကုန်တွင် စစ်ကောင်စီစခန်း ၆၇ ခုကို သိမ်းပိုက်ခဲ့ပြီး ၃၄ ဦးအား ဖမ်းဆီးထားကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။[32]
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၏ ပြောရေးဆိုခွင့်ရှိသူက ညီနောင်မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[21] မဟာမိတ်အဖွဲ့ကလည်း စစ်ကိုင်းတိုင်းတွင် ကေအိုင်အေနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း ကြေညာခဲ့သည်။[22]
နံနက် ၅ နာရီခန့်တွင် ကေအိုင်အေနှင့် အေအေ ပူးပေါင်းအဖွဲ့က ကန်တော်ယန်ရွာ၊ ဝိုင်းမော်မြို့နယ်အနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ မလိယန်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီမှ လေကြောင်းပစ်ကူပြုလုပ်ခဲ့ရာ နေအိမ် ခြောက်လုံး ပျက်စီးခဲ့သည်။ နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်များ စခန်းအား လက်လွှတ်လိုက်ရကာ ပူးပေါင်းအဖွဲ့က ကန်တော်ယန်စခန်းကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ်ခဲ့သည်။[37] တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ အမှတ် ၃၈၇ တပ်ရင်းမှ တပ်ရင်းမှူး ကျဆုံးခဲ့သည်။[38]
နိုဝင်ဘာလ ၂ ရက်နေ့အထိ ညီနောင်မဟာမိတ်အဖွဲ့နှင့် မဟာမိတ်များက စစ်ကောင်စီစခန်း ၉၂ ခုနှင့် မြို့ ၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[39] စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့သည်။[39] ချင်းရွှေဟော်နှင့် သိန္နီမြို့များအား အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့က ဆိုသည်။[40] နောင်ချိုမြို့နယ်ရှိ ခံတပ်စခန်းတစ်ခုကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ခဲ့ပြီး ရှမ်းမြောက်မှ စစ်ကောင်စိစစ်ကူများအား တားမြစ်ထားနိုင်ခဲ့သည်။ မူဆယ်မြို့အရှေ့ဘက်ရှိ ပန်ဆိုင်းမြို့သည်လည်း မဟာမိတ်လက်အောက်သို့ ကျရောက်ခဲ့သည်။[41]
နိုဝင်ဘာလ ၄ ရက်နေ့အထိ စစ်ကောင်စီစခန်း ၁၀၆ ခုနှင့် မြို့လေးမြို့အား မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားသည်။[42] စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် စစ်ကောင်စီခံတပ်များအား တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ တန်ပြန်ပြုလုပ်ခဲ့သည်။ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ရှစ်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာ အနည်းဆုံး နေရာ ၁၀ ခုအား တပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် ကောလင်းမြို့ရဲစခန်းကို တော်လှန်ရေးအဖွဲ့များက တတိယအကြိမ်တိုက်ပွဲတွင် သိမ်းပိုက်ခဲ့သည်။[43] စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ကောလင်း၊ ပင်လည်ဘူး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဝန်းသို၊ ကလေးဝ၊ ကလေး၊ ဟုမ္မလင်းနှင့် တမူးမြို့နယ်များရှိ စစ်ကောင်စီစခန်းနှင့် ရဲစခန်း အနည်းဆုံး ခြောက်ခုကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။[43] ကေအိုင်အေ၊ အေအေနှင့် အေဘီအက်စ်ဒီအက်ဖ် တို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်အတူ စစ်ကိုင်း-မကွေး ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ဆင်ရေးပူးတွဲဖော်ဆောင်လျက်ရှိသည်။[44]
ကောလင်းမြို့အား သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် ကေအိုင်အေ၊ အေအေနှင့် ပီဒီအက်ဖ်အဖွဲ့များက မြို့အား နောက်ဆုံးတွင် သိမ်းပိုက်နိုင်ခဲ့သည်။[23][45] နမ့်ခမ်းမြို့ကိုလည်း TNLAက ထိန်းချုပ်နိုင်ခဲ့သည်။ မြို့မှ နှစ်မိုင်အကွာ တောင်ကုန်းပေါ်ရှိ စစ်ကောင်စီစခန်းတစ်ခုသာ ကျန်ရှိတော့သည်။[46] အေအေနှင့် အမ်အန်ဒီအေအေအဖွဲ့များက ကွမ်းလုံမြို့နယ်ရှိ ပန်လောင်းအခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မ ၉၉ ဗျူဟာမှူးအပါအဝင် စစ်သည် ၃၀ ကျော် သေဆုံးခဲ့သည်။[47]
စစ်ဆင်ရေးစတင်ချိန်မှစ၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်သုံးဦးအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့သည်။[48]
နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ခမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က သိမ်းပိုက်ခဲ့သည်။ သုံးရက်တာကာလအတွင်း ရဲစခန်းများနှင့် စစ်ကောင်စီစခန်းများအား တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။ နိုဝင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းမှစကာ ခမ်းပါတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ကေအိုင်အေနှင့် စီအန်ဒီအက်ဖ် အဖွဲ့များက တိုက်ခိုက်မှုတွင် ပူးပေါင်း ပါဝင်ခဲ့သည်။[49] တရုတ်-မြန်မာနယ်စပ်ရှိ မုန်းကိုးမြို့ကိုလည်း အမ်အန်ဒီအေအေက သိမ်းပိုက်ခဲ့သည်။[50] မုန်းကိုးစခန်းကို သိမ်းပိုက်ခဲ့ရာတွင် လက်နက်ခဲယမ်းအများအပြားနှင့် သံချပ်ကာကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်။[51] ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံသည့်အနေဖြင့် ကယားပြည်နယ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီစခန်း သုံးခုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေး အဖြစ် သိမ်းပိုက်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး၏ ၁၂ရက်မြောက်နေ့ အရောက်မှာပင် မြို့အချို့နှင့် ရာနှင့်ချီသောစစ်စခန်းများ အသိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီ ဘက်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အား နိုဝင်ဘာလ ၈ရက်နေ့ တွင် ခေါ်ယူသည်။ အစည်းအဝေးကို ကာလုံအဖွဲ့ဝင်များဖြစ်သော ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ကြသည်။ [52]လိုအပ်သည့် လက်တုံ့ပြန်မှု များ လုပ်ဆောင်မည်ဟု အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောဆိုသည်။ ယင်းနေ့ မှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က တရုတ်နိုင်ငံသားများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများအား ရှောင်ရှားကြရန် သတိပေးခြင်း နှင့် တိုက်ပွဲများ ရပ်ရန် တိုက်တွန်း ခြင်းများ လုပ်ဆောင်သည်။ ယင်းအပြင် တိုက်ပွဲ ကြောင့် တရုတ်နိုင်ငံဖက်ခြမ်း နယ်စပ်ဒေသမှ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေကျေမှုအပေါ် ကန့်ကွက်ချက် ထုတ်သည်။ [53]
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ နေ့လယ်ပိုင်းတွင် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းပိုက်ပြီဟု MNDAA ၏ အတည်ပြုချက်ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်သည်။[54] ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုန်းကိုးမြို့ ၊ ဖောင်းဆိုင် နှင့် နမ့်ခမ်းမြို့ တို့ ပြီးလျှင်၅ ခုမြောက်မြို့ အဖြစ် ကွမ်းလုံကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ က သိမ်းပိုက် လိုက်ခြင်း ဖြစ်သည်။ကွမ်းလုံမြို့ သည် တရုတ်-မြန်မာကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်သည့် သိန္နီ-ချင်းရွှေဟော်လမ်းပိုင်းတွင် အဓိကကျသည့်မြို့ဖြစ်သည်။[55] စစ်ကောင်စီက လက်ရုံးတပ်များအားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်ခဲ့သည်။[56] နောင်ချို့မြို့နယ်၊ အုမ္မခါးရွာအနီးရှိ TNLA နှင့် PDF များထိန်းချုပ်ထားသော စခန်းအား စစ်ကောင်စီတပ်များက သံချပ်ကာကား ၃ စီးဖြင့် တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီး ပျက်စီးခဲ့ပြီး ကျန်နှစ်စီးမှာ ဆုတ်ခွာသွားခဲ့သည်။ ဖားကန့်မြို့နယ်တွင်းရှိ စစ်ကောင်စီစခန်း သုံးခုကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။
တိုက်ပွဲများကြောင့် လောက်ကိုင် တွင် ပိတ်မိနေသည့် ပြောင်းရွှေ့လုပ်သားများအပါအဝင် မြို့ခံအချို့တို့ အလုံးအရင်း ဖြင့် မြို့ အား စွန့်ခွာကြသည်။ စစ်ရှောင်များအား နှစ်ဖက်စလုံးက စစ်ရှောင်စခန်းများဖွင့်ပြီး လက်ခံကြသည်။ [57]
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာ ၁၁ရက် နေ့တွင် ကွမ်းလုံ မြို့နှင့် ပါတ်သတ်ပြီး တပ်မတော် ဗျူဟာ နှင့် ကွပ်ကွဲမှုအောက်ရှိ တပ်များက ရန်သူကို ခုခံတိုက်ခိုက်နေရကြောင်း ထွက်ပြောသည်။ ယင်းအပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ လွှမ်းမိုးမှု ရထားသည့် မြို့အချို့နှင့် စပ်လျဉ်းပြီး နယ်မြေတစ်ခုလုံး မဟုတ် တစ်စိတ်တစ်ပိုင်းလောက်အထိသာ ဟု ငြင်းဆန်သည်။ [58]
တပ်မတော်က ခုခံနေရသည့် ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟု MNDAA က နိုဝင်ဘာ ၁၂ ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်သည်။ ချင်းရွှေဟော် နှင့် မုန်းကိုး တို့အား သိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထုတ်ပြန်သကဲ့သို့ ကိုးကန့်အလံအား ကွမ်းလုံကြိုးတံတားထိပ်တွင် လွှင့်ထူကာ ထုတ်ပြန်ခြင်းဖြစ်သည်။တပ်မတော်က နှစ်ပေါင်း ၅၀ ကျော် အစဉ်တစ်စိုက် ထိန်းချုပ်လာခဲ့သော ကွမ်းလုံကြိုးတံတားအား ပထမဦးဆုံး လက်လွှတ်လိုက်ရခြင်းဖြစ်သည်။[59] ထိုနေ့ ညမှာပင် စစ်ကောင်စီ ဘက်က ရှမ်းမြောက် မြို့နယ် (၈) မြို့နယ် အား စစ်အုပ်ချုပ်ရေး( Martial Law) အမိန့် ထုတ်ပြန်သည်။ ကွတ်ခိုင် ၊ ကွမ်းလုံ ၊ နမ့်ခမ်း ၊ မူဆယ်၊ လားရှိုး နှင့် သိန်းနီ မြို့များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အားလည်းကောင်း[60] ကုန်းကြမ်း နှင့် လောက်ကိုင် မြို့ တို့အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ဒေသကွပ်ကဲရေးမှူးအားလည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာ ပေးသည်။ [61] ထိုနေ့မှာပင် ကိုးကန့်အထူးဒေသ ရှီးရှမ်းခရိုင်၊ မန်လော်မြို့ အခြေစိုက် တပ်မတော်ခြေမြန်တပ်ရင်း (ခမရ-၁၂၉) တပ်ရင်းတစ်ရင်းလုံး ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအဖမ်းခံသည်။ထို ခမရ (၁၂၉) ၏ တပ်ရင်းမှူး မှာ ဗိုလ်မှူးကျော်ရဲအောင် ဖြစ်သည်။အဖမ်းခံသည့်ထဲ တပ်ဖွဲ့ဝင် ၁၂၇ ယောက်၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၁၃၄ ယောက်စုစုပေါင်း ၂၆၁ ယောက် ရှိသည်။[62] ထိုနေ့ ညမှာပင် ၁၀၂၇ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် CNF–CNA ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော် နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ [63]
၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံအနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ် သို့ ရောက်ရှိလာသည်။[64] စစ်တွေမြို့ ၏ တစ်ဖက်ကမ်း၊ ဘင်္ဂလားပင်လယ်အော်ကမ်းခြေအနီးရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက် တိုက်ခိုက်ခြင်း ဖြင့် ဖြစ်သည်။တိုက်ပွဲသည် ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလီရွာရှိ နယ်ခြားစောင့်တပ်စခန်း ၂ ခု အပြင် မင်းပြားမြို့နယ် တို့တွင် ဖြစ်ပွားသည်။ တစ်ဖက်တွင်လည်း ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရိခေါ်ဒါရ်မြို့ တိုက်ပွဲအတွင်း တပ်မတော်သား ၄၄ ဦး သည် ရိခေါ်ဒါရ်တပ်စခန်းမှ နေ၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ဘက် သို့ ထွက်ပြေးကြသည်။[65] CNF–CNA ချင်းအမျိုးသားတပ်ဦး-ချင်းအမျိုးသားတပ်မတော် နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ရိခေါ်ဒါရ်မြို့ အား သိမ်းပိုက်သည်။
လောက်ကိုင်မြို့ ကို ဝင်တိုက်မည်ဟု ကိုးကန့်တပ်မတော် (MNDAA) ဘက်က ကြေညာသည်။သိမ်းဆည်းထားပြီးသည့် တပ်စခန်း စုစုပေါင်း (၁၄၄) ခု ရှိကြောင်းပါ မြောက်ပိုင်းသုံးဖွဲ့က သတင်းထုတ်ပြန်သည်။ [66] ရိခေါ်ဒါရ်မြို့ မြို့သိမ်းတိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက် သို့ ထွက်ပြေးခိုလှုံခဲ့သည့် တပ်မတော်သား ၄၄ ဦးကို အိန္ဒိယနိုင်ငံ အစိုးရက အိန္ဒိယလေတပ် Mi-17 V5 ရဟတ်ယာဉ် ဖြင့် မိုးရေးမြို့ မှ တစ်ဆင့် မြန်မာနိုင်ငံ တမူးမြို့သို့ လွှဲပြောင်းပေးသည်။
ရှမ်းပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုလုံး တော်လှန်ရေးအဖွဲ့ထံ လက်နက်ချ အလင်းဝင်ကြောင်း ဆိုသည်။ စစ်ကောင်စီတပ်သားများနှင့် မိသားစုများပါဝင်သော လူဦးရေ ၂၀၀ ကျော် လက်နက်ချခြင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လူဦးရေအများဆုံး လက်နက်ချခြင်းလဲ ဖြစ်သည်။[67]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှ ရပ်စဲကာ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ယာယီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ထွန်းထွန်းမြင့်သည် ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးများတွင် တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။[3]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းစစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် နှင့် အစားထိုးခန့်အပ်သည်။ [68]ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အချမ်းသာဆုံးမိသားစု ၄ ခုထဲမှ တစ်ခုဖြစ်သည့် မြီ မိသားစု မှ မြီရှောင်ချန်း၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်း တို့အား အွန်လိုင်းလောင်းကစားစွပ်စွဲချက်ဖြင့် ဖမ်းဆီးသည်။ မြီရှောက်ချန်းသည် ပစ္စတို ဖြင့် အဆုံးစီရင်သည်။[69] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က တရုတ်နိုင်ငံ သို့ ဖမ်းမိသူတို့ကို လွှဲပြောင်းကာ ၎င်းတို့အား တရုတ်နိုင်ငံသား များဟု ဖော်ပြသည်။ [70]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံဝန်ထမ်းများ နှင့် စစ်မှုထမ်းဟောင်းများအား အရေးပေါ်အခြေအနေတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြင်ဆင်ထားကြရန် အမိန့်ထုတ်သည်။ [71]MNDAA ၏ ဒုတိယစစ်ဦးစီးချုပ်ဟောင်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်သည် ကိုးကန့်မှ ထွက်ပြေးရန် စီစဉ်နေချိန်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။[72]
ယမန်နေ့က TNLA မှ သိမ်းပိုက်ခဲ့သော စခန်းသစ်ကုန်းစခန်းကို စစ်ကောင်စီက ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ စစ်ကောင်စီက ဓာတုဓာတ်ငွေ့ပါသော ဗုံးများ အသုံးပြုခဲ့သည်ဟု TNLA က စွပ်စွဲထားသည်။[73]
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအား “ကျူးကျော်သူတွေရဲ့ ကျူးကျော်စစ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က စွပ်စွဲ အမည်တပ်သည်။ [74]ထိုနေ့မှာပင် ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် တရုတ်သံရုံးရှေ့တွင် စစ်ကောင်စီထောက်ခံသူများက တရုတ်သည် ညီနောင်မဟာမိတ်အဖွဲ့နှင့် ပီဒီအက်ဖ်များအား ကူညီနေသည်ဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။[75] [76] ဆန္ဒပြပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ကလည်း ဖော်ပြပေးသည်။
စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကြပ်ထားသည့် မန္တလေး မြို့ တွင် တပ်မတော်မြတ်နိုးသူများဟု ဆိုကြသူများ၊ မျိုးချစ်အဖွဲ့များဟု ဆိုကြသူများ၏ ဆန္ဒပြပွဲကို လွတ်လွတ်လပ်လပ်ဖြင့် ခွင့်ပြုချက်ပေး၍ ဆန္ဒပြစေခဲ့သည်။ ဆန္ဒပြသူများက ၁၀၂၇ စစ်ဆင်ရေးအား တရုတ်နိုင်ငံက ထောက်ပံ့နေသည်ဟု စွပ်စွဲကြသည်။ [77]
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ၊ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ် အတွင်းရှိ ရပ်နားထားသော ကုန်တင်ယာဉ်များပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသည်။အစီးရေ ၁၀၀ကျော် မီးလောင်သည်။ ထိုတိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ကမှ ၎င်းတို့ဆောင်ရွက်ကြောင်း သတင်းမထုတ်ပြန်ကြပေ။စစ်တပ်ဘက်ကမူ ၎င်းတို့ မလုပ်ကြောင်း ထွက် ငြင်းဆန်သည်။ [78] [79]
လောက်ကိုင် ရှိ တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် တရုတ်အစိုးရဘက်က သတိပေးချက်ထုတ်ပြန်သည်။[80] ၁၀၂၇စစ်ဆင်ရေးအား နိုဝင်ဘာ (၂၇) ရက် တွင် နောက်တဆင့် တက်မည်ဟု မဟာမိတ် (၃)ဖွဲ့က တရားဝင် သတင်းထုတ်သည်။ [81] မြန်မာ-အိန္ဒိယ နယ်စပ်၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ ရှိ စစ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ကာ မြို့ကိုပါ ထိန်းချုပ်နိုင်သည်။ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် ချင်းပြည်နယ် တွင် ရိခေါ်ဒါရ် မြို့ ပြီးလျှင် လိုင်လင်းပီ သည် ဒုတိယမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာသည်။ [82] အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေးနှင့် ပတ်သတ်ပြီး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေရန် ရည်သန်သည့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သတင်းထုတ်သည်။[83] ဆွေးနွေးပွဲသို့ နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်းသည့်အဖွဲ့များ၊အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊စစ်ကောင်စီ အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ တို့တက်ရောက်ကြပြီး သီးခြားစီတွေ့ဆုံမှုအား နိုဝင်ဘာ ၂၀ရက်မှ ၂၂ရက်နေ့ထိ ပြုလုပ်သည်။
တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေး လေ့ကျင့်မှုကို တရုတ်-မြန်မာနယ်စပ် တွင် ပြုလုပ်သည်။ [84] [85]တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်တွင် လက်နက်ကြီးကျည်လာရာလမ်းကိုသိနိုင်သည့် ရေဒါများနှင့် အမြှောက်ကြီးများ ချထားပုံအား တရုတ်နိုင်ငံတော်ပိုင် Global Times သတင်းစာ က အသိပေး ဖော်ပြသည်။ [86] [87] ယင်းနေ့တွင် လောက်ကိုင်မြို့နယ်ထဲရှိ ပြည်သူအချို့က တရုတ်-မြန်မာ နယ်စပ်မျဉ်း BP-127 ခြံစည်းရိုးနားသို့ ကပ်၍ စစ်လာရှောင်ရာ စစ်ဘေးရှောင်များအား တရုတ်ဘက်က မျက်ရည်ယိုဗုံးကြဲပြီး နှင်ထုတ်သည်။[88] နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းတွင် ကိုးကန့်တပ်(MNDAA)က နေရပ်ပြန်လိုကြသူများအတွက် လမ်းပြန်ဖွင့်ပေးသည်။ ထောင်နှင့်ချီသည့် လောက်ကိုင်နေသူများ ဘေးလွတ်ရာ ရှောင်တိမ်းကြသည်။[89]ထိုနေ့မှာပင် ညီနောင်မဟာမိတ်တပ်များက ကျင်စန်းကျော့ဂိတ်နေရာကို ထိန်းချုပ်သိမ်းပိုက်သည်။တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် ချင်းရွှေဟော် နယ်စပ်ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း) ဂိတ် ပြီးလျှင် တတိယမြောက် သိမ်းပိုက်နိုင်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်သည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ထဲ တိုက်ပွဲ ဖြစ်သည်။ ဇုန်အနီးက စစ်တပ်ဗျူဟာကုန်းကို မဟာမိတ်တပ်များက ဦးတည်တိုက်ခိုက်ကြသည်။တိုက်ပွဲတွင် ကုန်တင်ယာဉ်မောင်းတစ်ဦး သေဆုံးသည်။[90] တိုက်ပွဲများက မူဆယ် ၁၀၅ မိုင် အထိ ကပ်လာချိန် တရုတ်စစ်တပ် ဘက်က မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ရပ်ရန် တိုက်တွန်းသည်။[91]
မန္တလေးတိုင်း မတ္တရာမြို့နယ် ထဲရှိ တပ်မတော် စခန်းကုန်းတစ်ခု အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်း သိမ်းပိုက်သည်။ နိုဝင်ဘာလ ၂၇ ရက် မနက် ၈နာရီ က စတင်ခဲ့သည့် တိုက်ပွဲသည် အချိန် ၂နာရီကျော်အကြာတွင် ပြီးဆုံးခဲ့သည်။ [92] ယင်းစခန်းကုန်းသည် မန္တလေးမြို့နှင့် မိုင် ၃၀ အကွာ တွင် တည်ရှိသည်။ [93]တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် ၃စီး မြန်မာနိုင်ငံသို့ ရောက်ရှိသည်။ လေ့ကျင့်ရေးနှင့်ချစ်ကြည်ရေး ဟု ခေါင်းစဉ်တပ်သည်။ [94]
စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေပြည်အေးမြို့ အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူသည်။ [95] လောက်ကိုင်မြို့ထဲ ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများထံ ရောက်ရှိနေသည့် မလေးရှားနိုင်ငံသား ၁၃၀ နီးပါးကို ပြန်ကယ်တင်ထားပြီးကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abd Kadir က ပြောသည်။ [96]
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုန်းကြမ်းမြို့နယ် ကို အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်သည်။ [97]
ကုန်းကြမ်းမြို့ တောင်ဘက်တွင်ရှိသည့် တပ်မတော် အမှတ် ၁၂၅ ခြေလျင်တပ်ရင်း ၁ ရင်းလုံး လက်နက်ချသွားသဖြင့် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ [98]
မြန်မာစစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား ဖြစ်ပွားနေသော တိုက်ပွဲများ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ ပတ်သက်မှုရှိနေသလော ဆိုသည့် မေးခွန်းကို တရုတ်အစိုးရက ပယ်ချသည်။ယင်းအပြင် မသင့်မြတ်မှုများ ဖန်တီးခြင်းများသည် ၂ နိုင်ငံ ချစ်ကြည်ရေးကိုသာ ထိခိုက်စေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin တုံ့ပြန်သည်။[99] ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ် ရေဇွာမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ထိန်းချုပ် သိမ်းပိုက်သည်။[100] ချင်းပြည်နယ်အတွင်းရှိ ရိခေါဒါရ်မြို့ နှင့် လိုင်လင်းပီမြို့ ပြီးလျှင် ရေဇွာမြို့ သည် ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ထိန်းချုပ်လာနိုင်သည့် တတိယမြောက် မြို့ဖြစ်လာသည်။[101] ယင်းနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က (၆ /၂၀၂၃) အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲ များ အကြောင်း နှင့် စစ်စခန်းများ လက်လွှတ်ခဲ့ရပုံအား ထုတ်ပြောသည်။[102]သူက လက်နက်ကိုင်အဖွဲ့များဘက်က သာလွန်အင်အားဖြင့် စစ်ဆင်ရေးသုံးအဆင့်ရှိ ဒရုန်းများ အသုံးပြုခဲ့ကြောင်း နှင့် ပြည်ပမှ ပညာရှင် များပါ စစ်ပွဲထဲပါကြောင်း စွပ်စွဲသည်။ [103] MNDAA ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်း က ပြည်ပ ဒရုန်းပညာရှင်များ ပါဝင်သည်ဆိုသော စစ်ကောင်စီ၏ စွပ်စွဲချက်အား ငြင်းဆန်သည်။ [104]
ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်းစသည့် မြို့ကြီး (၅) မြို့အပါအဝင် ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကျင်းစန်းကျော့ စသော တရုတ်-မြန်မာနယ်စပ်ဂိတ် (၄) ခုကိုပါ သိမ်းပိုက်ထားနိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။[105] ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားဖြင့် လည်ပတ်နေပြီဟု အသိပေးသည်။
KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီးကို တပ်မတော်က လက်နက်ကြီးနှင့် ပစ်ခတ်သည်။ လိုင်ဇာမြို့ ပေါ်သို့ ဂျက်တိုက်လေယာဉ် ဖြင့် ပျံသန်းခြင်းများ ဆောင်ရွက်သည်။ [106] မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်စစ်သင်္ဘော နှင့် မြန်မာ တပ်မတော်(ရေ)တို့ ရေကြောင်းလုံခြုံရေးဆိုင်ရာပူးတွဲလေ့ကျင့်မှု စတင် ပြုလုပ်သည်။ ထိုသို့ လေ့ကျင့်ရာတွင် မြန်မာစစ်တပ်ပိုင်ဆိုင် မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘော အပြင် တရုတ်နိုင်ငံ က လက်ဆောင်ပေးထားသည့် ရေငုပ်သင်္ဘော မင်းရဲကျော်ထင် လည်း ပါဝင်သည်။[107] သီပေါမြို့နယ် စဉ့်အင်တံတား ထိပ်ရှိ စဉ့်အင်ရဲစခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်သည်။ တိုက်ပွဲကြောင့် စဉ့်အင်တံတား ပျက်စီးခဲ့ပြီး လားရှိုး နှင့် သီပေါ ကုန်းလမ်း ဆက်သွယ်ရေးပြတ်တောက်သွားသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကုန်းကြမ်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်များအား MNDAA က လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်က ၁၀၀ ကျော် သေဆုံးခဲ့သည်။[108]
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက ဒီဇင်ဘာ ၂ ရက် ညပိုင်းမှစ၍ မုန်းမြို့ရှိ တပ်မတော် ခြေမြန်တပ်ရင်း ခမရ-၅၉၀၊ ခမရ-၅၉၉၊ မြို့မရဲစခန်းနှင့် မုန်းမြို့အဝင် သံတံတားစစ်ဆေးရေးဂိတ်တို့အား တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်သည်။
သာမန်ပြစ်မှုကျူးလွန်ခဲ့သည့် ခွင့်မဲ့ နှင့် စစ်ပြေးများအား နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းနိုင်ရန် လက်ခံမည်ဟု တပ်မတော်က ကြေညာသည်။[109] မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာပါက ဒုက္ခသည်များ လက်ခံနိုင်မည့် ခိုလှုံရာစခန်းများ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် တည်ဆောက်ရန် အဆင်သင့်ရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောသည်။ [110]
လက်နက်ကိုင်အဖွဲ့များအား မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြရန် စစ်ကောင်စီဥက္ကဋ္ဌ က ပြောဆိုသည်။[111] ပြင်းထန်နေသည့် မြို့သိမ်းတိုက်ပွဲများနှင့် စပ်လျဉ်းပြီး ဒုတိယမြောက်ပြောဆိုချက် ဖြစ်သည်။ ယင်းအပြင် ဒို့တာဝန်အရေးသုံးပါး ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဟုလည်း သတိပေးသည်။[112] ထိုနေ့ ညနေပိုင်းမှာပင် ကရင်အမျိုးသား အစည်းအရုံး(KNU)က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ တပ်စခန်းအားလုံးအား သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း သတင်းထုတ်ပြန်သည်။ [113] ချင်းပြည်နယ်၊ ပလက်ဝမြို့ ရှိ စစ်ရေးအရအရေးပါသည့် တပ်မတော် တရွန်အိုင် ဗျူဟာ တပ်စခန်းကုန်းအား ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်သိမ်းပိုက်သည်။ [114]
သိမ်းပိုက်ခံလိုက်ရသော မုန်းမြို့ရှိ နယ်မြေခံ တပ်ရင်း အား လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ထိန်းချုပ်ခဲ့သည်ဟု တပ်မတော်ဘက်က သတင်းထုတ်သည်။[115] သို့သော်ငြား ထိုသတင်းသည် တပ်မတော်ဘက်မှ ဝါဒဖြန့်မှုဟုလည်း ဝေဖန်ခံရသည်။[116] လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက) အနီးရှိ တပ်မတော် လေးမျက်နှာစေတီစခန်းကုန်းအား မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းယူသည်။[117]
ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဒီဇင်ဘာလ ၃ ရက် နှင့် ၄ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ဗိုလ်မှူးအပါအဝင် အင်အား နှစ်ဆယ်ခန့် လက်နက်ချခဲ့ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။ [118] တရုတ်-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် သီးသန့် တွေ့ဆုံဆွေးနွေးကြသည်။မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးပြန်ရပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ရန်မျှော်လင့်ကြောင်း တရုတ်ဘက်က တိုက်တွန်းသည်။ [119] ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ ရှိ တပ်မတော် စခန်းသစ်ကုန်းကို TNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်သည်။ [120] မြန်မာ့တပ်မတော်ထံ လက်နက်စီးဆင်းမှုအား ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအနေဖြင့် အရေးယူဆောင်ရွက်ရန်လိုကြောင်း နှင့် လေယာဉ်ဆီ သုံးစွဲခွင့်ကိုပါ ဖြတ်တောက်ရန်လိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက တိုက်တွန်းသည်။
ကောလင်း၊ ခမ်းပတ် နှင့် ရွှေပြည်အေး မြို့ များအား တပ်မတော်က ပြန်လည် ထိုးစစ်ဆင် သည်။ [121]
၁၀၂၇စစ်ဆင်ရေး၏ ဒုတိယအဆင့် အား အကောင်အထည် ဖော်နေပြီဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။မြန်မာပြည်သူတစ်ရပ်လုံး ရရာနည်းလမ်း၊ရရာ လက်နက်ဖြင့် စစ်ကောင်စီအား တိုက်ခိုက်ကြရန် တိုက်တွန်းသည်။ [122] တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးမစ္စတာရှီယွီကန်း တို့ သီးခြားတွေ့ပြီး နှစ်နိုင်ငံနယ်စပ်အရေး ဆွေးနွေးကြသည်။
၁၀၂၇စစ်ဆင်ရေးသည် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့ပါ ကူးစက်လာသည်။ တအာင်းတပ် TNLA သည် နမ့်ဆန်မြို့နယ် နှင့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ တပ်မတော်စခန်း နှင့် ရဲစခန်း ၄ ခု အား သိမ်းပိုက်သည်။ [123]သိမ်းယူသည့်အထဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာက ကဒိုင်းဖူးတောင်စခန်းလည်း ပါသည်။ [124] ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အား အွန်လိုင်းငွေလိမ်ဂိုဏ်း စွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ပြန်သည်။ ၎င်းနှင့်အတူ သားဖြစ်သူနှင့်သမီး ဖြစ်သူတို့ပါ ဖမ်းဝရမ်းထုတ်ခံရသည်။ [125] ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် အခိုင်အမာခြေကုပ်ယူထားသည့် တပ်မတော် နှုံးဘူးဗျူဟာကုန်း အား ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်သည်။၂၇ ရက် ကြာ ထိုးစစ်ဆင်၍ သိမ်းပိုက်ခြင်း ဖြစ်သည်။ [126] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် အဖြစ် လားရှိုးမြို့ သို့ သွားရောက်သည်။[127]
နမ့်ဆန် မြို့နယ် ပတ္တမြားစေတီ(ကောင်းမှုဆိုင်စခန်း) နှင့် နမ့်ဆန်ရဲစခန်း အား တအောင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်သည်။ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA ၊ TNLA ၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သည်။အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်ခဲ့၍ ဝမ်းသာရသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mr Mao Ning က ပြောသည်။ [128]
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တပ်မတော်တပ်စခန်းများအား ဆက်လက်တိုက်ခိုက် သွားမည်ဟု ရှမ်းမြောက် ညီနောင်မဟာမိတ်အဖွဲ့က ကြေညာချက် ထုတ်သည်။ ငြိမ်းချမ်းရေးကော်မတီ နှင့် တရုတ်နိုင်ငံတွင် ဆွေးနွေးပွဲ လုပ်ခဲ့ကြသည့် ကိစ္စရပ်ကိုမူ ညီနောင်မဟာမိတ် ၃ဖွဲ့က မြန်မာပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိစေချင်ကြောင်းသာ သတင်းစကားပါးပြီး ကျန်အကြောင်းအရာတို့ကိုမူ နှုတ်ဆိတ်ကြသည်။ [129]
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ ရှိ တပ်မတော်စခန်းနှင့် ရဲစခန်း အား ကချင်လွတ်လပ်ရေးတပ် (KIA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မြို့အား ထိန်းချုပ်သည်။မော်လူးမြို့ သည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကောလင်း၊ခမ်းပါတ်၊ရွှေပြည်အေးမြို့ တို့ပြီးလျှင် စတုတ္ထမြောက် သိမ်းယူနိုင်သည့် မြို့ဖြစ်သည်။ [130] ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) တို့ တိုက်ခိုက် သိမ်းပိုက်သည်။ [131] ဗြိတိန်နိုင်ငံက ရှမ်းမြောက်၊မြန်မာအရှေ့တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် များတွင် စာနာမှု အကူအညီများပေးရန် စတာလင်ပေါင် ၄ သန်းခွဲ (ဒေါ်လာ ၅.၆ သန်းကျော်) သုံးစွဲမည် ဟု ထုတ်ပြန်သည်။[132] ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားသည်။တိုက်ပွဲကာလ ၁လ အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်၊မြန်မာ- အိန္ဒိယနယ်စပ် များရှိ တပ်မတော် တရွန်အိုင်၊ နှုံးဘူး၊ ဒုံးညို ၊ တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ ဒုံးညို၊ ခထီးလှတပ်စခန်း စသည့် စခန်းကုန်းများအပြင် ဒုံးပိုက်၊ ချိန်ခါလိန် စသည့် နယ်ခြားစောင့်တပ်စခန်း များအား တိုက်ခိုက်သိမ်းပိုက်ထားကြောင်း အေအေတပ်ဖွဲ့က အသိပေးသည်။ [133]
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် ရှိ “ရွှေဖီဦး”တပ်မတော်လက်ဖက်ခြောက်စက်ရုံ ထဲရှိ တပ်မတော်တပ်စခန်းအား တအာင်းတပ် - TNLA က အပြီးသတ်သိမ်းပိုက်သည်။ [134]
နှစ်ပတ်ကြာ တိုက်ပွဲများပြီးနောက် TNLA က နမ့်ဆန်မြို့အား သိမ်းပိုက်ရရှိခဲ့သည်။[135] မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်း နှင့် ကုန်သွယ်ရေးဇုန် အား ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ခဲ့သည်။ [136] မြန်မာနိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခများနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့ တွေ့ဆုံဆွေးနွေးသည်။ [137]
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းကုန်းတွင် ရက္ခိုင့်တပ်တော် AA က ၎င်း၏ အလံ စိုက်ထူထားမှုအား ထုတ်ပြန်သည်။ထိုသို့ထုတ်ပြန်ရာတွင် သိမ်းဆည်းလိုက်သည့် တင့်ကားကိုပါ ထည့်သွင်း ဖော်ပြသည်။ [138] စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ သို့ သွားရောက်သည်။ဒဏ်ရာရ စစ်သည်များ၊ရဲများနှင့်ပြည်သူ့စစ်များ နှင့်တွေ့ဆုံသည်။[139]
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အား တအာင်းတပ်မတော် (TNLA) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က အပြည့်အဝထိန်းချုပ်သိမ်းပိုက်သည်။ ၎င်းတို့က နမ့်ဆန်အား တအောင်းစော်ဘွားများ၏ ဒေသတစ်ခုဟု ညွှန်းဆိုပြီး နှစ်ပေါင်း ၆၄ နှစ်အကြာမှ ပြန်လည် ရယူနိုင်ခဲ့ကြောင်း အသိပေးသည်။ [140] အရပ်ဘက်အဖွဲ့အစည်း နှင့် တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း၂၅၅ ဖွဲ့က တရုတ်နိုင်ငံအား အိတ်ဖွင့်ပေးစာ ပေးပို့သည်။ထိုထဲ စစ်ကောင်စီ သက်ဆိုးရှည်နိုင်သည့် လုပ်ရပ်များ မလုပ်ဆောင်ရန် နှင့် မြန်မာပြည်သူလူထု၏ သဘောဆန္ဒအား အလေးထားရန် အချက်များပါဝင်သည်။ [141] အမျိုးသားညီညွှတ်ရေးအစိုးရ ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးဒေါက်တာ လျန်မှုန်းဆာခေါင်း နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူတို့ ရိခေါဒါရ်မြို့ တွင် တွေ့ဆုံပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ရေး ဆွေးနွေးသည်။ [142]
မြန်မာ-တရုတ်နယ်စပ်ဂိတ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရန်လုံကျိုင်းဂိတ် အား ကိုးကန့်တပ်(MNDAA)က ကိုးကန့်အလံ လွှင့်ထူကာ ထိန်းချုပ်သည်။[143]ချင်းရွှေဟော်၊ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း နှင့် ရန်လုံကျိုင်းဂိတ်အထိ ကိုးကန့်ဒေသ ၏ အရေးပါသော နယ်စပ်ဂိတ်အားလုံးအား MNDAA က ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။ [144] ရခိုင်ပြည်နယ် တောင်ပိုင်း ရမ်းဗြဲမြို့ ပေါ် တွင် ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားသည်။တိုက်ပွဲကြောင့် မြို့ခံ ၈၀ရာခိုင်နှုန်း ကျော် နေရပ်စွန့်ခွာရသည်။ [145]
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ရှိ တပ်မတော်စခန်းသစ်ဗျူဟာကုန်းကို တအာင်းတပ် (TNLA) ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်သည်။[146]
မြန်မာနိုင်ငံမြောက်ပိုင်းရှိ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့များ အားလုံး အပစ်ရပ်သဘောတူညီချက်များအတိုင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တရုတ်အစိုးရက ထပ်မံတိုက်တွန်းသည်။ [147] လောက်ကိုင်မြို့ အနီးတွင် ပြင်းထန်သည့် တိုက်ပွဲများ စဖြစ်သည်။ [148]
ရှမ်းမြောက်တိုက်ပွဲများမှ ထွက်ပြေးလာရသည့် အရပ်သားများအား [149] မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အဓမ္မ စစ်သားစုဆောင်းနေရာ ယင်းလုပ်ရပ်သည် ဥပဒေ နှင့် မညီသော လူ့အခွင့်အရေး ချိုးဖောက်မှုဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အစီရင်ခံစာထုတ်ကာ ဝေဖန်သည်။ [150] တစ်ဖက်တွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအပေါ် တပ်မတော်၏ တုံပြန်မှုထဲ စစ်ရာဇဝတ်ချိုးဖောက်မှုများ ရှိ၊မရှိ စုံစမ်းစစ်ဆေးသင့်ကြောင်း Amnesty International လူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာကို အကြံပြုတိုက်တွန်းသည်။ [151] [152] တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့ရှိ တပ်မတော်စခန်းအတွက် လူအင်အားနှင့်လက်နက်ဖြည့်တင်းရန်လာသော စစ်သင်္ဘော ၃ စီးအား အေအေက တိုက်ခိုက်သည်။[153]
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ ရှိ တပ်မတော် တပ်ရင်းအမှတ် ၁၃၀ ဗျုဟာကုန်း၊ ခိုမုန်း တပ်စခန်း၊ လွယ်ဆိုင်တောင် တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများအား TNLA က တိုက်ခိုက်သိမ်းပိုက်သည်။[154] [155] ညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် တပ်မတော် တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွင် ဒုတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သည်။[156] တပ်မတော်ဘက်အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် က ဦးဆောင်သည်။[157]
တပ်မတော် နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ အကြား ၃ရက်ကြာဆွေးနွေးပွဲ ပြီးဆုံးသည်။ တပ်နေရာချထားရေးအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ရေး ဆွေးနွေးမှုများရှိခဲ့သော်လည်း တစ်စုံတစ်ရာသဘောတူညီမှုမရကြပေ။[158]ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ ရှိ တပ်မတော် စခန်းများအားလုံး တိုက်ခိုက်သိမ်းပိုက်ပြီး မြို့အားထိန်းချုပ်လိုက်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တရားဝင်ထုတ်ပြန်သည်။TNLA အနေဖြင့် မိုင်းလုံမြို့၊ နမ့်ဆန်မြို့ နှင့် နမ့်ခမ်းမြို့ တို့အား သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက် မြို့အဖြစ် မန်တုံမြို့အား အလုံးစုံ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ [159] လောက်ကိုင်မြို့ မြောက်ဘက်ရှိ ထင်ပါကျိုင်း၊ စွမ်းဖုန့်ထာနှင့် ကွမ်ယင်တောင်စခန်းတို့ကို ကိုးကန့်တပ် က သိမ်းပိုက်သည်။ [160] အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင် ဦးလွင်ကိုလတ် သည် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများသို့ ကွင်းဆင်းသွားရောက်သည်။ [161]
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ထဲရှိ တုံချိန်အရပ်တွင် တပ်မတော်ဘက်ကပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လူ၁၀ဦးထက်မနည်း သေဆုံးခဲ့ကာ ၂၀ဦးထက်မနည်း ဒဏ်ရာရရှိသည်။ [162] ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ တွင် ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားသည်။ မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုပြတိုက် ထိခိုက်ပျက်စီးသည်။ [163] လောက်ကိုင်မြို့ သို့ တပ်ကူလွှတ်ထားသည့် တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင် အချို့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ထံ လက်နက်ချသည်။ [164]
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှိ မြောက်ဦးခရိုင်ရဲစခန်းအား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်သည်။ [165]
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြို့အား TNLA က အပြီးသတ် သိမ်းယူသည်။တပ်မတော် ဗျူဟာမှူးအခြေချကွပ်ကဲနေသည့် နမ္မတူမြို့နှင့် ၁ မိုင်ခန့်အကွာ ခြေမြန် တပ်ရင်း ခမရ-၃၂၄ ဗျူဟာကုန်းအား ဒီဇင်ဘာ ၂၆ ရက်က စတင်တိုက်ခိုက်ပြီး ၂ ရက်အကြာတွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။TNLA ၏ သိမ်းယူမှုထဲ မန်စံ တပ်စခန်း၊ ပန်းသပြေ တပ်စခန်း၊ နောင်ဆိုင် ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအားလုံး ပါဝင်သည်။[166] မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ထဲ ရှိ တရုတ်နိုင်ငံသားများအား စိုးရိမ်စရာဖြစ်လာ၍ အမြန်ဆုံးထွက်ခွာရန် သတိပေးစာထုတ်သည်။ [167]
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ ဒေသခံများနှင့် နိုင်ငံခြားသားများ အမြန်ဆုံးထွက်ခွာကြရန် ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက အသိပေးချက်ထုတ်ပြန်သည်။[168] ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြောင်းဘွေတိုက်နယ်ရှိ တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ ပေါင်းစည်းထားသော မြောင်းဘွေရဲစခန်း အား ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်သည်။ [169]
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့၏ မြောက်ဘက်၊ ထင်ပါကျိုင်းကျေးရွာရှိ အမှတ် ၃၂၂ တပ်မတော် ခြေမြန်တပ်ရင်းစခန်းအား ကိုးကန့်တပ် (MNDAA) က သိမ်းပိုက်သည်။ [170] ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့၏ တိုက်ခိုက်မှု အတွင်း တပ်မတော်သား ၁၅၁ ဦး တို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်ထဲ ထွက်ပြေးလာကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။[171] ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ အား တအာင်းတပ်မတော် TNLA က သိမ်းယူသည်။[172]
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်ရှိ တပ်မတော် တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်သည်။ထိုစခန်းသည် စစ်ရေးအရအရေးပါကာ ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်မြို့၏အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ [173]မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တပ်မတော်သား ၅၅၀ ကျော် လက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။[174]ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - နမ္မတူကားလမ်း ပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျပျက်စီးသည်။ [175]ရှမ်းပြည် အထူးဒေသ(၁) အား ပြန်ထူထောင်မည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင် က အသိပေးသည်။[176] [177]မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ သိမ်းယူထားသော မြို့ရွာဒေသများအား တပ်မတော်က လက်နက်ဆန်းများ သုံး၍ လေကြောင်းမှ ဗုံးကြဲမည်ဟု တပ်မတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သည့် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း ပြောသည်။[178]
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့ ရှိ တပ်မတော် ခမောင်းဝစခန်း အား ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်သည်။ရက္ခိုင့်တပ်တော် နှင့် တိုက်ပွဲဖြစ်ပြီး အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားသော တပ်မတော်သား ၁၅၁ ဦးကို အိန္ဒိယအစိုးရ က မြန်မာဘက်သို့ ပြန်ပို့သည်။ [179]
လောက်ကိုင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံ ဘက်သို့ ကျရောက်ပေါက်ကွဲသည်။ တရုတ်နိုင်ငံသား ၅ဦး ထိခိုက်ဒဏ်ရာရသည်။ [180]
တရုတ်နိုင်ငံထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုအပေါ် တရုတ်ဘက်က ပြင်းထန်စွာကန့်ကွက်သည်။ [181]ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်နက်ချသည်။ လောက်ကိုင်မြို့အား MNDAA တပ်ဖွဲ့က သိမ်းပိုက်သည်။[182]
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ စင့်ကင်ကျေးရွာအခြေစိုက် တပ်မတော် ကျန်ကန်တပ်စခန်းအား တအာင်းတပ် (TNLA)က တိုက်ခိုက်သိမ်းပိုက်သည်။[183] “ ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ နှင့် ပန်လုံမြို့ တို့ရှိ စစ်ကောင်စီတပ်စခန်း တို့အား ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဝင်ရောက် တိုက်ခိုက်သည်။ထိုသို့တိုက်ခိုက်ပြီးနောက် “ဝ”တပ်ဖွဲ့ (UWSA) က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် နေရာယူသည်။ [184]တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Sun Weidong မြန်မာနိုင်ငံသို့ လာရောက်သည်။[185]ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ သည် စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့ က ကြေညာသည်။ယင်းအပြင် လောက်ကိုင်မြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော် နှင့် တခြားအဆင့် နှစ်ထောင်နီးပါး ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချခဲ့ကြောင်း သတင်းထုတ်သည်။[186] တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးကိစ္စ၊အွန်လိုင်းလိမ်လည်မှုကိစ္စရပ်များ ဆွေးနွေးသည်။[187] လောက်ကိုင်မြို့ ရှိ အမြင့်ဆုံးတောင်ကုန်းဖြစ်သည့် နမ်ထင်းမိန်ရှန်း ခေါ် ပွိုင့် (၂၀၂၂) မှ တပ်မတော်သား ၂၆၆ ဦး ကိုးကန့်တပ်ဖွဲ့ထံ လက်နက်ချသည်။[188]
လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အား လက်လွှတ်ခဲ့ရသည်ဟု စစ်ကောင်စီ ဘက်က ဝန်ခံသည်။ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဆုံးဖြတ်လိုက်ရသည်ဟု အကြောင်းပြပြီး ဒစကမှူးအား တပ်မတော် ခေါင်းဆောင်ကိုယ်တိုင် ညွှန်ကြားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။[189] မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထံ လက်နက်ချခဲ့သည့် တပ်မတော် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ၏ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ဦးတို့ လောက်ကိုင်မြို့ မှ လားရှိုးမြို့သို့ ပြန်ရောက်သည်။[190] ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ ဖြစ်သော ကိုးကန့်ဒေသအားလုံးအား ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က တရားဝင် ကြေညာသည်။[191] ချင်းပြည်နယ်၊ ပလက်ဝမြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် ( AA ) က သိမ်းပိုက်သည်။ [192]ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်းမှ တပ်မတော်သားများအားလုံး ရက္ခိုင့်တပ်တော် ( AA )ထံ လက်နက်ချ အညံ့ခံသည်။[193]
ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ သိန္နီ အခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” နှင့် “ကွတ်ခိုင်ဗျူဟာကုန်း” အား သိမ်းပိုက်သည်။ကွတ်ခိုင်မြို့ အား TNLA က အလုံးစုံ ထိန်းချုပ်သည်။[194][195] ၁၀၂၇စစ်ဆင်ရေး၏ ၇၂ရက်မြောက် အတွင်း လက်နက်ချအညံ့ခံသည့် တပ်မတော်သားအရေအတွက် ၄၀၀၀ နီးပါးထိ ရှိလာကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်သည်။[196]ရခိုင်ပြည်နယ် မြောက်ဦးမြို့ တပ်မတော် သင်းကျစ်တော်တောင်စခန်းအား အေအေ သိမ်းပိုက်သည်။ ချင်းပြည်နယ်၊ပလက်ဝ အနောက်ဘက်ခြမ်းရှိ တပ်မတော်စခန်းများအားလုံး အေအေလက်ထဲသို့ ရောက်ရှိသည်။
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ် ၊သစ်ပုတ်တောင်ကျေးရွာအနီးရှိ တပ်မတော် ဓညဝတီရေတပ်စခန်း အား ရက္ခိုင့်တပ်တော် က ပထမဦးဆုံးအကြိမ် စတင်တိုက်ခိုက်သည်။[197]ရှမ်းပြည်နယ်မြောက်ပိုင်း ၊လောက်ကိုင်မြို့နယ် ပွိုင့် ၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) အပေါ်ရှိ စေတီတော်တစ်ဆူ အား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ထုရိုက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာကာ ယင်းလုပ်ရပ်နှင့်စပ်လျဉ်းပြီး ဝေဖန်မှုများ ဖြစ်ခဲ့သည်။[198]
လောက်ကိုင်မြို့နယ် ရှိ စေတီတော်ဖျက်ဆီးခံရမှုနှင့်စပ်လျဉ်းပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)က မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီး တွင် ဆန္ဒပြသည်။[199]MNDAA တပ်ဖွဲ့ဝင်တစ်ဦး ၏ လုပ်ရပ်အပေါ် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဘက်က အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်သာဖြစ်ကြောင်း နှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တောင်းပန်စာ ထုတ်သည်။[200] ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝတပ်စခန်းတိုက်ပွဲ အတွင်း အိန္ဒိယနိုင်ငံဘက်သို့ စစ်ရှုံး ထွက်ပြေးသွားသည့် တပ်မတော်သား ၁၀၄ ဦး အား အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ lenpui လေဆိပ်မှတဆင့် မြန်မာနိုင်ငံထံ ပြန်ပို့သည်။[201]ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျန်ရှိနေသေးသော တပ်မတော်စခန်းနှင့်မြို့ကြီးအချို့အား ဆက်လက်သိမ်းပိုက်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်သည်။ [202]
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ညီနောင် မဟာမိတ်သုံးဖွဲ့ နှင့် မြန်မာ့တပ်မတော် တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ လုပ်သည်။ လောက်ကိုင်တွင် MNDAA တပ်ဖွဲ့ဝင်တစ်ဦး စေတီတော်ဖျက်ဆီးခဲ့မှုနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည်။[203] [204] ညီနောင်မဟာမိတ်သုံးဖွဲ့ ဘာသာရေးအကြမ်းဖက်မှုလုပ်ဆောင်နေဟု စစ်ကောင်စီ ဘက်က စွပ်စွဲသည်။[205] မြောက်ပိုင်းမဟာမိတ်တပ်များ ဟိုပန်သို့ ဝင်လာခဲ့ပြီး တပ်မတော်သား ခုနှစ်ရာကျော်လက်နက်ချ ဆုတ်ခွာခဲ့ရသည့် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ ဟိုပန်မြို့ အပါအဝင် ပန်လုံမြို့ တို့အား ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA အုပ်ချုပ်မှုအောက် သို့ ရောက်ရှိသည်။ [206] “၁၀၂၇ စစ်ဆင်ရေး” အတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်းများအနက်မှ ဗိုလ်မှူးချုပ်မင်းမင်းထွန်း ၏ ရုပ်သံအား တအာင်းတပ် (TNLA) က ထုတ်ပြန်လိုက်သည်။ဗိုလ်မှူးချုပ်မင်းမင်းထွန်းသည် မကွေးတိုင်း ပခုက္ကူအခြေစိုက်ခြေမြန်တပ်မဌာနချုပ် အမှတ် (၁၀၁) တပ်မမှူးဖြစ်ကာ ဒီဇင်ဘာ ၁၅ ရက် နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း TNLA ၏ ဖမ်းဆီးမှုခံရခြင်းဖြစ်သည်။[207]
MNDAAတပ်ဖွဲ့ဝင်တစ်ဦး စေတီတော်ဖျက်ဆီးခဲ့မှုအပေါ် ဆန္ဒပြမှု လားရှိုး သို့ရောက်လာသည်။[208]ညီနောင် မဟာမိတ်သုံးဖွဲ့နှင့် မြန်မာ့တပ်မတော် တို့အကြား တရုတ်နိုင်ငံတွင်ပြုလုပ်သည့် တတိယအကြိမ်ဆွေးနွေးမှတဆင့်ဖြစ်ပေါ်လာသည့် ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ရန် သဘောတူလိုက်သည်။ [209] [210][211]
ဝ ဒေသ နမ့်တစ်မြို့ ထဲ စစ်ဘေးလာတိမ်းရှောင်ကြသည့် ကိုးကန့် အရပ်သားများအနေဖြင့် ကိုးကန့်ဒေသတွင် စစ်ပွဲပြီးဆုံးသွားပြီဖြစ်၍ နေရပ်ပြန်ကြရန် UWSA “ဝ ”တပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်အသိပေးသည်။ [212]၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်(PSLF/TNLA)က တိုက်ခိုက်သိမ်းပိုက်ထားသည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်း နှင့် ကွတ်ခိုင် မြို့များအား တရားမျှတမှုရှိသော ဥပဒေရေးဆွဲပြဋ္ဌာန်းပြီးအုပ်ချုပ်မည်ဟု တအာင်းတပ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။“အပစ်ရပ် စတင် အသက်ဝင်သည့်နေ့” မှာပင် တပ်မတော်ဘက်က နမ့်ဆန်မြို့နယ် သို့ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ၊ နမ္မတူမြို့နယ် ထဲရှိ မန်လီရွာအား ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲခြင်းအပါအဝင် ကျောက်မဲမြို့နယ် နှင့် လားရှိုးမြို့နယ် ထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ က ထုတ်ပြန်သည်။ [213] ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဆင်ရေးဝင်နေသည့် မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေအား ရက္ခိုင်တပ်တော် (AA) က ဖမ်းဆီးရမိသည်။[214]
ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှိ ခန်ခတောင်ဗျူဟာစခန်း နှင့် မီးဝဗျူဟာကုန်း အား ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းသည်။[215] “အပစ်ရပ် စတင် အသက်ဝင်သည့်နေ့” တွင် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်း တပ်မတော်ဘက်က ငြင်းဆန်စာထုတ်သည်။ [216] [217] “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ထဲရှိ ဟိုပန် နှင့် ပန်လုံမြို့ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းတို့ထံ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ကတည်းက လွှဲပြောင်းခဲ့သည်ဟု UWSA “ဝ” တပ်ဖွဲ့ ကသတင်းထုတ်သည်။ [218]
ချင်းပြည်နယ် ၊ ပလက်ဝမြို့ တခုလုံးအား AA က အလုံးစုံ သိမ်းပိုက်သည်။[219] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကြေညာခဲ့သော ကိုးကန့်ဒေသ အတွင်း စစ်အုပ်ချုပ်ရေးအမိန့် အား ကိုးကန့် စစ်ရေးအုပ်ချုပ်မှုကော်မတီ က ပယ်ဖျက်သည်။ [220] ပုသိမ်မြို့၊ မုံရွာမြို့၊မြင်းခြံမြို့၊ ပြည်မြို့ တို့တွင် တပ်မတော်ထောက်ခံကြသူများက MNDAA အား ဆန္ဒပြသည်။ [221]
၁၀၂၇စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်း ဝင်ရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူတစ်သိန်းခွဲကျော်သည် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ဒုက္ခသည်ကူညီရေးအစီအစဉ်များ ရပ်ဆိုင်းလိုက်ခြင်းကြောင့် နေရပ်စပြန်သည်။ [222]
အရပ်ဖက်၊ စစ်ဖက်ရာထူးနှစ်ခု ယူထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး မှ နုတ်ထွက်ပေးရန် နှင့် ထိုရာထူးအား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ လွဲပြောင်းပေးရန် အမျိုးသားရေးဆရာတော် ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က ပြင်ဦးလွင် ဆန္ဒပြပွဲတွင် တောင်းဆိုသည်။ [223][224] ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကန်ဇောက်အခြေစိုက် တပ်မတော် ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ-၅၃၉) မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူး အပါအဝင် တပ်မတော်သားများနှင့်မိသားစုဝင် စုစုပေါင်း လူဦးရေ ၆၀၀ နီးပါး ရက္ခိုင့်တပ်တော်(အေအေ)ထံ အလံဖြူထောင်ပြီး လက်နက်ချသည်။ [225] ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် တပ်မတော် တိုက်လေယာဉ်တစ်စီး အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချသည်။ [226]
ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော် တို့၏ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တိုက်ပွဲ အတွင်း တပ်မတော်ဘက်က ၂၇၈ ဦး တို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ဝင်ရောက်ထွက်ပြေးသည်။[227]
၁၀၂၇စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ထံ လက်နက်ချခဲ့သော တပ်မတော် တပ်မှူးနှင့်ဗိုလ်မှူးချုပ် နေရာများအား တပ်မတော်က လူသစ်များနှင့် အစားထိုးခန့်အပ်သည်။ [228]
၁၀၂၇ စစ်ဆင်ရေးအတွင်း ရာနှင့်ချီသည့် တပ်မတော်သားများ အိန္ဒိယထဲသို့ ဝင်ရောက် ထွက်ပြေးမှုများဖြစ်ပြီးနောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် ထားရှိထားသည့် လွတ်လပ်စွာ ကူးလူးဖြတ်သန်းခွင့်(FMR)ကို ပိတ်ရန် နှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် အိန္ဒိယဘက်က ထုတ်ပြောလာသည်။[229] [230] ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်သာစည်ရွာအနီးရှိ တပ်မတော်စခန်း နှင့် ထီးစွဲရွာအနီးရှိ တပ်မတော်စခန်းတို့အား ရက္ခိုင့်တပ်တော် (AA)က သိမ်းဆည်းသည်။ [231]
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်ထဲရှိ မဘိမ်းမြို့ အား ကချင်လွတ်လပ်ရေးတပ်(KIA) အပါအဝင် ကျောင်းသားတပ်(ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စသည့် ပူးပေါင်းတပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ပြီး ထိန်းချုပ်သည်။ [232] ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် အမှတ် ၃၇၇ အမြောက်တပ်ရင်း နှင့် အမှတ် ၅၉၃ ခြေလျင်တပ်ရင်း တို့အား ရက္ခိုင့်တပ်တော် က သိမ်းပိုက်သည်။ရက္ခိုင့်တပ်တော်က အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်း အား အရှင်ဖမ်းမိသည်။[233]
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူမြို့နယ်အတွင်းရှိ ဓညဝတီရေတပ်ဌာနချုပ် အား ရက္ခိုင့်တပ်တော် အေအေက ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်သည်။ [234] ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားသည်။အပစ်ရပ် “ဟိုင်ဂင် သဘောတူညီမှု”ကို တပ်မတော်က ချိုးဖောက်သည်ဟု TNLA က စွပ်စွဲသည်။ [235]
၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲကြောင့် အိန္ဒိယဘက်ခြမ်းသို့ ဝင်ပြေးကြသည့် တပ်မတော်သားများအား သွားပြန်ခေါ်သော တပ်မတော်(လေ) ပိုင် လေယာဉ်တစ်စီး အိန္ဒိယနိုင်ငံ မီဇိုရမ် လေဆိပ် သို့ အဆင်း ပြေးလမ်းချော်ကာ လေယာဉ်မှူးအပါအဝင် အနည်းဆုံးတပ်မတော်သား(၈)ဦး ထိခိုက်ဒဏ်ရာရသည်။ [236]
ကိုးကန့်အထူးဒေသ(၁)မူပန်ခရိုင် အတွင်း သို့ တပ်မတော်က စစ်ကြောင်းနှစ်ကြောင်း ဖြင့် ဝင်ရောက် ထိုးစစ်ဆင်သည်။ ရခိုင်ပြည်နယ် ပေါက်တောမြို့ အား ရက္ခိုင့်တပ်တော် က အလုံးစုံ ထိန်းချုပ်သည်။[237] မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထံ လက်နက်ချခဲ့သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒုတိယ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်မိုးလွင် နှင့် အမှတ် (၁၆) ခြေလျင် တပ်မဟာမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့အား စစ်ခုံရုံး က သေဒဏ်အမိန့် ချမှတ်သည်။[238]
ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် တပ်မတော် စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်း အား ရက္ခိုင့်တပ်တော် က အပြီးသတ်သိမ်းပိုက်ရယူသည်။
ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြင့် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန် အပါအဝင် ဆယ်ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ သို့ လွှဲပြောင်းပေးသည်။ [239]
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊မိုင်းငေါ့မြို့ ၊မိုင်းလုံမြို့၊မန်တုံမြို့များသို့ တပ်ဦးဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊အမျိုးသားညီညွှတ်ရေးအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူး တို့ကွင်းဆင်း ခရီးစဉ် စတင်သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ(၃၇၆)တပ်ရင်း အား ရက္ခိုင့်တပ်တော် က အပြီးသတ်သိမ်းယူသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ မြို့နယ် အများအပြား လက်လွတ်ခဲ့ရသည့် တပ်မတော် သည် ယင်းဒေသများအား ကွပ်ကဲခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး အား အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အဖြစ် လည်းကောင်း၊အမှတ် (၂) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ရာထူးတိုးပေးသည်။ [240]
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့် ဗျူဟာစခန်းနှစ်ခုဖြစ်သည့် တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်က စတင်ထိုးစစ်ဆင်သည်။ ထို့နေ့မှာပင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော် က အလုံးစုံ သိမ်းပိုက်ရယူနိုင်သည်။[241] မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်ထဲမှ နယ်ခြားစောင့်စခန်းအား ရက္ခိုင့်တပ်တော် က ဝင်တိုက်ခိုက်ချိန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးကြပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် BGB ထံ ခိုလှုံကြသည်။[242] TNLA တပ်ဖွဲ့ က ၎င်း သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်သည်။ [243] [244]
တပ်မတော် နှင့် အေအေ တို့၏ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသထဲ ထွက်ပြေးခိုလှုံသွားသည့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြန်လည်ခေါ်ယူမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောသည်။[245]ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ရွာထဲသို့ မြန်မာဘက်က ပစ်ခတ်လိုက်သော မော်တာကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဦး သေဆုံးသည်။[246] မြန်မာနယ်ခြားစောင့်စခန်း မှ နယ်ခြားစောင့်များ ဘင်္ဂလားဒေ့ရှ် သို့ ဆက်လက် ထွက်ပြေးကြသည်။ မင်းပြားမြို့နယ် ရှိ လက်ကျန် တပ်မတော် ခမရ (၃၇၉) အား ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ပြီး မင်းပြားမြို့နယ် အား ထိန်းချုပ်သည်။ [247]
မြန်မာဘက်က ပစ်ခတ်သည့် မော်တာကျည်ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော်ကျရောက်ပြီး လူသေဆုံးခဲ့ခြင်း နှင့် စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုး အား ဒါကာမြို့ အစိုးရဧည့်ရိပ်သာသို့ ဆင့်ခေါ်သတိပေးသည်။ [248] ဘင်္ဂလားဒေ့ရှ် သို့ ခိုလှုံလာသည့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက် စုစုပေါင်း ၂၂၉ ဦးရှိနေပြီဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်က ထုတ်ပြန်သည်။ မင်းပြားမြို့အား AAက အပြည့်အဝ ထိန်းချုပ်လိုက်သည်။ [249] အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်လုံးအား အိန္ဒိယဘက်က ခြံစည်းရိုးကာရံမည်ဖြစ်ပြီး မဏိပူရ်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ် (၁၂) မိုင်အရှည် နယ်စပ်ခြံစည်းရိုးအား စတင်ကာရံမည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ် အနီးလ် ချန်ဒရာ ရှား (Amit Anil Chandra Shah) က အသိပေးလာသည်။[250] ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၇၉ ၊ ၃၈၀ နှင့် ၅၄၁ တို့၏ တပ်ရင်းစခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်၊ ထိန်းချုပ်သည်။ [251]အေအေက တောင်ပြို (လက်ဝဲ) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ အား ရက္ခိုင့်တပ်တော် က ထိန်းချုပ်သည်။ [252]တပ်မတော် နှင့် ရက္ခိုင့်တပ်တော် တို့ တိုက်ပွဲ အတွင်း မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၆၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံထွက်ပြေးသည်။ [253] ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် နှင့်တပ်မတော် တို့ ရေကြောင်းတိုက်ပွဲ စဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး တပ်မတော်(ရေ)၏ စစ်သင်္ဘောနှစ်စင်းနှင့် ဇက်သင်္ဘော (၁) စီးတို့ အား ရက္ခိုင့်တပ်တော် (AA) က နစ်မြုပ်အောင် တိုက်ခိုက်ခဲ့သည်။ [254] ဖေဖော်ဝါရီ ၇ရက် နှင့် ၈ရက် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ အတွင်း စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ( ကြည်း-၂၇၉၈၈)အား ရက္ခိုင့်တပ်တော် က အရှင်ဖမ်းမိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် စစ်အာဏာရှင်စနစ် အောက် အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနား ကျင်းပသည်။ [255]
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအနီး တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်က တပ်မတော်(ရေ) ၏ စစ်သင်္ဘောတစ်စင်း အား တိုက်ခိုက် နှစ်မြှုပ်သည်။ [256]
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်တော်တပ်နယ် အပါအဝင် ခမရ(၃၇၄)၊ခမရ(၃၇၅)၊ခမရ(၃၇၆)၊စကခ(၉) တပ်မဌာနချုပ် နှင့် တပ်ရင်းစခန်းများ အားလုံးအား ရက္ခိုင့်တပ်တော် က သိမ်းပိုက်သည်။ [257] မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ တပ်မတော်(ရေ)၏ စစ်သင်္ဘော နောက်ထပ် (၁) စီးအား ရက္ခိုင့်တပ်တော်က ထပ်မံတိုက်ခိုက် သိမ်းပိုက်သည်။
ကိုးကန့်ဒေသ တွင် ဖြစ်ပွားခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဖြစ်စဉ် နှင့် စပ်လျဉ်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထဲမှ အုပ်ချုပ်ရေးအရာရှိကြီး ၄ ဦး နှင့် ရဲအရာရှိကြီး ၄ ဦး စုစုပေါင်း ၈ ဦး အား ပြည်ထဲရေးဝန်ကြီးဌာန က အနားပေးသည်။ [258] ရခိုင်ပြည်နယ် ရှိ ပေါက်တော ၊ကျောက်တော်၊မင်းပြား နှင့် မြောက်ဦးမြို့ များ ရှိ တပ်မတော်စခန်းများ၊ရဲစခန်း များအားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက် ထားပြီး ကြောင်း ရက္ခိုင့်တပ်တော် က ကြေညာသည်။
ရခိုင်ပြည်နယ် အတွင်း ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့ကြား တိုက်ပွဲများ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးသွားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) များ နှင့် တပ်မတော်သား စုစုပေါင်း ၃၃၀ အား ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင် ရှိ အင်နာနီ ရေတပ်ဆိပ်ခံတံတားမှနေ၍ မြန်မာနိုင်ငံ သို့ ပြန်ပို့သည်။ [259] ရခိုင်ပြည်နယ် မြေပုံမြို့နယ် အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်သည်။[260] ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ပြို နှင့် မြေပုံ အပါအဝင် ချင်းပြည်နယ် အတွင်း ရှိ ပလက်ဝမြို့ တို့ပါ ပေါင်းလျှင် ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသည့် မြို့အရေအတွက် မှာ (၇) မြို့ အထိ ရှိလာသည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ ထံ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးထဲ မှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း နှင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း တို့အား စစ်ခုံရုံး က သေဒဏ်ချကာ အင်းစိန်ထောင် ပို့သည်။ [261]
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် က သိမ်းပိုက်သည်။ [262]
ရခိုင်ပြည်နယ် နယ်စပ်တစ်လျှောက် ရက္ခိုင့်တပ်တော် နှင့် တပ်မတော် အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ဘင်္ဂလားဒေ့ရှ် ၏ နယ်စပ်လုံခြုံရေးအား ထိခိုက်နေသည်ဟု ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ရာဇဝတ်မှု နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ (RAB) ညွှန်ကြားရေးမှူးချုပ် M Khurshid Hossain က ထုတ်ပြောသည်။ [263]
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ တပ်မတော် “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) "တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း" အား ရက္ခိုင့်တပ်တော်က အလုံးစုံသိမ်းပိုက်သည်။[264]
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော တပ်မတော်စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော် မှ ကြားဖြတ်တိုက်ခိုက် သည်။ တပ်မတော် သံချပ်ကာကား (၂) စီး အား ရက္ခိုင့်တပ်တော် က ပစ်ခတ်ဖျက်ဆီးသည်။[265] ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ် နှင့် မဘိမ်းမြို့နယ် တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) မြို့ များ အဖြစ် သတ်မှတ်ကြေညာသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်း သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲသည်။ ရခိုင်ပြည်နယ်တွင်း ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့အကြား ၃လကျော်ကြာ တိုက်ပွဲ အတွင်း အနည်းဆုံး အရပ်သား ၁၂ ဦးထက် မနည်း လူအစုအလိုက်အပြုံလိုက် ပထမဦးဆုံး သေဆုံးသည့် ဖြစ်ရပ်ဖြစ်သည်။အဆိုပါ ဖြစ်ရပ်နှင့်စပ်လျဉ်းပြီး ရက္ခိုင့်တပ်တော် ဘက်က တပ်မတော်၏ ပစ်ခတ်မှု ဟု သတင်းထုတ်ပြန်ပြီး[266] တပ်မတော် ဘက်ကလည်း ရက္ခိုင့်တပ်တော် ၏ ပစ်ခတ်မှုဟု အပြန်အလှန်စွပ်စွဲ ကြသည်။ [267] [268]
တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ်၊ကူမင်းမြို့ တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ နှင့် တပ်မတော် တို့ တွေ့ဆုံဆွေးနွေးကြသည်။ ဟိုင်ဂင်သဘောတူညီချက် အရ ယာယီအပစ်ရပ်ပြီးနောက် ပထမဦးဆုံးတွေ့ဆုံဆွေးနွေးမှုဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရေးကိစ္စ ၊ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရေး ခိုင်မြဲရေးကိစ္စ တို့အား အဓိကထားဆွေးနွေးကြသည်။[269]
ဟိုင်ဂင်သဘောတူညီချက် အရ ယာယီအပစ်ရပ်ပြီး ပထမဦးဆုံးတွေ့ဆုံဆွေးနွေးမှု ပြီးဆုံးသည်။ ဆွေးနွေးပွဲ အချက်အလက်များအား နှစ်ဦးနှစ်ဘက်က ထုတ်ဖော်မပြောကြရန် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစားဟု စစ်ကောင်စီဘက်က ပြောသည်။[270] ရက္ခိုင့်တပ်တော် ဒု-စစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင် ကမူ တရုတ်အကူအညီ နှင့် ပြုလုပ် ဆွေးနွေးပွဲ အတွင်း တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိကြောင်း ထုတ်ဖော်ပြောသည်။[271] [272]
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ အား ရက္ခိုင့်တပ်တော် က ထိန်းချုပ်သည်။သိမ်းပိုက်ရန်ကျန်နေသေးသည့် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်း အား သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။[273] ရှမ်းပြည်နယ်အတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် က တိုက်ခိုက်ထိန်းချုပ်ထားသည့် မန်တုံ၊ နမ့်ဆန် နှင့် နမ္မတူ မြို့နယ် ၃ မြို့နယ် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ကြေညာကာ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အား တာဝန်ပေးသည်။[274] ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အုပ်ချုပ်ရေးဖော်ဆောင်မည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။ [275]
အပစ်ရပ်ရန် သဘောတူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်သည်။စစ်ကောင်စီဘက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့အား စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်း ကြေညာခဲ့ပြီးနောက် တုန့်ပြန်လာမှု ဖြစ်သည်။ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်သည်ဟု လည်း ထုတ်ပြန်ချက်ဖြင့် သတိပေးသည်။[276] တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF က ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၎င်းတို့သိမ်းပိုက်ထားသည့် မြို့နယ် ၇ မြို့တွင် ညမထွက်ရအမိန့်အပါအဝင် ၁၀၂၇ စစ်ဆင်ရေးကာလက အရေးပေါ်ကန့်သတ်ချက်များကို ပယ်ဖျက်ကြောင်း ကြေညာသည်။[277]
လောက်ကိုင်မြို့ တွင် ဗမာတန်းဟု လူသိများသည့် ပေါင်ဖုန်းလမ်း ရှိ လူနေအိမ် နှင့် ဆိုင်ခန်းများအား ၃ ရက်အတွင်း ဖျက်သိမ်းရန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အမိန့်ထုတ်ကာ ဖျက်သိမ်းပစ်သည်။ လူမျိုးရေးခွဲခြားမှု ဟု ဝေဖန် ခံရသည်။လမ်းတိုးချဲ့ရန် အတွက် သာ ဖြစ်ပြီး ဗမာများ နေခြင်း ကြောင့် မဟုတ်ဟု MNDAA က ဖြေရှင်းသည်။ [278]
ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မင်းမောင် အား တပ်မတော် က ဖမ်းဆီးကာ စစ်ဆေးသည်။စစ်တက္ကသိုလ် အမှတ်စဉ် ၄၀ (DSA-40) ကျောင်းဆင်း ဖြစ်သူ ၎င်းသည် ဒေသကွပ်ကဲမှု လောက်ကိုင်စစ်ဌာနချုပ် (ဒကစ-လောက်ကိုင်) တွင် ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချရန် ဆွေးနွေးစဉ်က လက်နက် မချဘဲ ပြန်လည်ခုခံ မည်ဟု သဘောထားပေးခဲ့သူဖြစ်သည်။ [279]
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တစ်ခုလုံးအား ရက္ခိုင့်တပ်တော် က သိမ်းပိုက် ထိန်းချုပ်သည်။[280] ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ တို့ သိမ်းပိုက်ထိန်းချုပ်လိုက်သည့် ချင်းရွှေဟော် နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်နှစ်ခု အား ဟိုင်ဂင် သဘောတူညီချက် ၏ နောက်ဆက်တွဲ အနေဖြင့် လူအဝင်အထွက်နှင့် ကုန်သွယ်မှုပြန်စရန် ကိုးကန့်တပ် (MNDAA) က ပြန်ဖွင့်ပေးသည်။ [281] တပ်မတော် နှင့် ရက္ခိုင့်တပ်တော် တို့ တိုက်ပွဲအကြား မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အယောက် နှစ်ရာ ခန့် စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ် ဘက် သို့ ထွက်ပြေးခိုလှုံသည်။ [282]
နောင်ချိုမြို့နယ်၊ကုန်းကြမ်းရွာ တွင် တပ်မတော် နှင့် တအောင်းတပ် တို့ တိုက်ပွဲဖြစ်ပွားသည်။[283]ထို့အတူ ကျောက်မဲမြို့နယ်၊ငြိမ်းချမ်းရေးကုန်း နှင့် မိုးကုတ်မြို့နယ်၊ပန်ဆပေရွာဘက်တို့ တွင်လည်း ဖြစ်ပွားသည်။ယင်းမတိုင်မီနေ့များက ကျောက်မဲမြို့နယ်၊နောင်ချိုမြို့နယ် နှင့် မိုးကုတ်မြို့နယ် တို့ရှိ ရွာဘက်အချို့အား တပ်မတော်ဘက်က ပစ်ခတ်မှုများလုပ်ဆောင်ခြင်းဖြင့် ဟိုင်ဂင်သဘောတူညီချက် အားချိုးဖောက်နေသည်ဟု တအောင်းတပ်ဘက်က သတင်းထုတ်သည်။ ဇွန်လ ၂၅ရက်အား တကျော့ပြန် ၁၀၂၇စစ်ဆင်ရေး ဟု ထိုတပ်က ကြေညာသည်။
တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် လားရှိုးလေဆိပ်ကို ပိတ်ထားခဲ့သည်။ ထို့အပြင် ကိုးကန့်၊ ဝ ဒေသ နှင့် လားရှိုးမြို့အကြား လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားကာ ခရီးသည်နှင့် ကုန်ကား အသွားအလာများ ရပ်တန့်သွားခဲ့သည်။[28]
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသို့ လက်နက်ကြီးကျသဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။[284]
တိုက်ပွဲကာလ ၁လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု၊ လက်နက်ကြီးထိမှန်မှု၊တိုက်ပွဲအတွင်းထိခိုက်မှု စသည်တို့ကြောင့် အရပ်သားသေဆုံးမှုအနေဖြင့် ကလေးငယ် ၁၄ဦး နှင့် အရပ်သား ၇၇ ဦး ရှိသည်။ ဒဏ်ရာရသူ ၁၂၀ ကျော် ရှိသည်။အရပ်သားသေဆုံးမှုများသည် မူဆယ် ၊ကွတ်ခိုင်၊သီပေါ၊နမ့်ခမ်း၊သိန္နီ၊လောက်ကိုင်၊နောင်ချို၊လားရှိုး အစရှိသည့် ဒေသများမှဖြစ်သည်။[285]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တွင် ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့ တိုက်ပွဲကြား မြောက်ဦးမြို့ တွင် လက်နက်ကြီးကြောင့် အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် အရပ်သား ၆ဦး သေဆုံးသည်။[286]
၂၀၂၃ အောက်တိုဘာ ၂၇ ရက် မှ ၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်နေ့အထိ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ၏ စစ်ဆင်ရေး နှစ်လတာအတွင်း ရှမ်းမြောက်တွင် နှစ်ဖက်တိုက်ပွဲများကြား လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂၈ ဦး အပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးသည်။ [287] ကိုးကန့်ဒေသ တစ်ခုထဲမှာပင် အရပ်သား ၆၅ဦး သေဆုံးသည်။[288]
၂၀၂၃ ခုနှစ်အတွင်း မြန်မာက တရုတ်နိုင်ငံဘက်သို့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွင်း ပါဝင်သူများဟု သံသယရှိသူ ၄သောင်းကျော်အား လွှဲပြောင်းပေးသည်။ [289]
၂၀၂၄ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုများအရ တတိယအကြိမ်မြောက် မြန်မာစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်များအကြား နှစ်ဖက် အပစ်ရပ်ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ပထမနှင့် ဒုတိယအကြိမ်များတွင် ဆွေးနွေးချက် အဖြေမထွက်ခဲ့သော်လည်း အဆိုပါ တတိယအကြိမ်မြောက်ဆွေးနွေးပွဲတွင် ဟိုင်ဂင်သဘောတူညီချက်တစ်ရပ်ထွက်ပေါ်လာခဲ့ပြီး အပစ်အခတ်ရပ်စဲရန်အပါအဝင် နှစ်ဖက်သဘောတူညီချက်များထွက်ပေါ်လာခဲ့သည်။[211]
ရက္ခိုင့်တပ်တော် နှင့် တပ်မတော် တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် ရမ်းဗြဲ တမြို့လုံးနီးပါး ပျက်စီးသည်။[290]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.