လိုင်ဇာမြို့
မြန်မာနိုင်ငံ၊ကချင်ပြည်နယ်ရှိမြို့ From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၊ကချင်ပြည်နယ်ရှိမြို့ From Wikipedia, the free encyclopedia
လိုင်ဇာမြို့ (အင်္ဂလိပ်: Laiza) သည် မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ်၏ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။[1]
လိုင်ဇာမြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 24°45′36″N 97°33′48″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
ခရိုင် | မြစ်ကြီးနားခရိုင် |
မြို့နယ် | ဝိုင်းမော်မြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
၁၉၉၄ ခုနှစ်တွင် လိုင်ဇာ မြို့သည် ရွာ အဖြစ်သာတည်ရှိခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးပြီးနောက် ဌာနချုပ်ကို ပါဂျောင်မှ လိုင်ဇာသို့ ပြောင်းရွှေ့အခြေချပြီးနောက် ကချင်ပြည်နယ်၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။[2] တရားဝင်နယ်စပ်ကုန်သွယ်ရေးမရှိသော်လည်း စည်ကားသည့်နယ်စပ်ကုန်သွယ့်မြို့ဖြစ်သည်။ လိုင်ဇာမြို့သည် တရုတ်မြန်မာနယ်နိမိတ်စည်းရိုးကို ခွထားပြီး တရုတ်နိုင်ငံဖက်ခြမ်းကို လိုင်ဇာ(တရုတ်)၊ မြန်မာနိုင်ငံဖက်ခြမ်းကိုလိုင်ဇာ(မြန်မာ)ဟုခေါ်သည်။ ၂၀၁၁ ခုနှစ်တွင်ကေအိုင်အိုနှင့်အစိုးရတပ်များပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.