ချင်းပြည်နယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်ပါ၀င်သောပြည်နယ်တစ်ခု / From Wikipedia, the free encyclopedia
ချင်းပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။ ချင်းပြည်နယ်သည် အကျယ်အဝန်း ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) ရှိပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ်၊ အနောက်တောင်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ ပြည်နယ်၏ မြို့တော်မှာ ဟားခါးမြို့ ဖြစ်သည်။ ချင်းပြည်နယ်သည် တောင်တန်းထူထပ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနေရာ ဖြစ်သည်။
အချက်တိုများ ချင်းပြည်နယ် Zogam (တီးတိန်) Chinram (မီဇို), နိုင်ငံ ...
ချင်းပြည်နယ် Zogam (တီးတိန်) Chinram (မီဇို) | ||
---|---|---|
ပြည်နယ် | ||
မြို့တော် ဟားခါးမြို့ | ||
| ||
မြန်မာနိုင်ငံတွင်း တည်နေရာ | ||
ကိုဩဒိနိတ်: 22°0′N 93°30′E | ||
နိုင်ငံ | မြန်မာ | |
ဒေသ | အနောက်ပိုင်း | |
မြို့တော် | ဟားခါးမြို့ | |
အစိုးရ | ||
• ဝန်ကြီးချုပ် | ဒေါက်တာ ဝုန်ဆွန်းထန် | |
• အစိုးရ | ချင်းပြည်နယ် အစိုးရအဖွဲ့ | |
• ဥပဒေပြုလွှတ်တော် | ချင်းပြည်နယ် လွှတ်တော် | |
• တရားလွှတ်တော် | ချင်းပြည်နယ် တရားလွှတ်တော် | |
ဧရိယာ[1] | ||
• စုစုပေါင်း | ၃၆၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃၉၀၆.၉ စတုရန်းမိုင်) | |
ဧရိယာအဆင့် | ၉ | |
လူဦးရေ (၂၀၁၄)[2] | ||
• စုစုပေါင်း | ၄၇၈,၈၀၁ | |
• အဆင့် | ၁၄ | |
• သိပ်သည်းမှု | ၁၃/km၂ (၃၄/sq mi) | |
Demographics | ||
• လူမျိုးများ | ချင်း | |
• ကိုးကွယ်မှု | ခရစ်ယာန်ဘာသာ ၈၅.၄% ထေရဝါဒ ဗုဒ္ဓဘာသာ ၁၃% Laipian ၁.၁% ရိုးရာ ၀.၄% အစ္စလာမ်ဘာသာ ၀.၁% | |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) |
ပိတ်ရန်