မီဇိုရမ်ပြည်နယ်
From Wikipedia, the free encyclopedia
မီဇိုရမ်ပြည်နယ် (အင်္ဂလိပ်: Mizoram /mɪˈzɔːrəm/) သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်ပြီး အိုက်ဇောမြို့သည် ၎င်း၏ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်။ အိန္ဒိယ၏ အရှေ့မြောက်ဒေသအတွင်း ၎င်းသည် တောင်ဘက်အကျဆုံး ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်ပြီး ညီအစ်မပြည်နယ် ခုနစ်ခုဖြစ်သည့် တြိပူရပြည်နယ်၊ အာသံနှင့် မဏိပူရပြည်နယ် ၃ ခုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မီဇိုရမ်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့နှင့် ၇၂၂ ကီလိုမီတာ (၄၄၉ မိုင်) နယ်နိမိတ်ကိုလည်း မျှဝေထားသည်။
မီဇိုရမ် | ||
---|---|---|
ပြည်နယ် | ||
Mizoram | ||
ထိပ်မှ နာရီလက်တံအတိုင်း။ ။ ဗန်တောင်း ရေတံခွန်၊ Kolodyne ရဲတိုက်ဟု အမည်ရသော အသွင်ဆန်း ကျောက်တုံးအစုအဝေး၊ မီဇိုရမ် Bango Nritya အက၊ ချမ်းဖိုင်ဒေသမြင်ကွင်း။ | ||
| ||
နိုင်ငံ | အိန္ဒိယ | |
ပြည်ထောင်စုနယ်မြေ | ၂၁ ဇန်နဝါရီ ၁၉၇၂ | |
ပြည်နယ် | ၂၀ ဖေဖော်ဝါရီ ၁၉၈၇† | |
မြို့တော် | အိုင်းဇောလ်မြို့ | |
ခရိုင် | ၁၁ | |
အစိုးရ | ||
• အစိုးရအဖွဲ့ | မီဇိုရမ် ဥပဒေပြု လွှတ်တော် | |
• အုပ်ချုပ်ရေးမှူး | ကမ်ဘမ်ပတိ ဟာရီ ဗာဗူ | |
• ပြည်နယ်ဝန်ကြီးချုပ် | လားလ်ဒူအောမာ | |
ဧရိယာ[1] | ||
• စုစုပေါင်း | ၈၁၃၉ စတုရန်းမိုင် (၂၁,၀၈၁ စတုရန်းကီလိုမီတာ) | |
ဧရိယာအဆင့် | ၂၄ | |
လူဦးရေ (၂၀၁၁) | ||
• စုစုပေါင်း | ၁,၀၉၁,၀၁၄ | |
• အဆင့် | ၂၇ | |
• သိပ်သည်းမှု | ၁၃၀/sq mi (၅၂/km၂) | |
အချိန်ဇုန် | IST (UTC+05:30) | |
ISO 3166 ကုဒ် | IN-MZ | |
စာတတ်မြောက်မှုနှုန်း | ၉၁.၅၈% (၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ) | |
အသိမှတ်ပြု ဘာသာစကားများ | မီဇိုဘာသာစကား နှင့် အင်္ဂလိပ်[2] | |
ဝက်ဘ်ဆိုဒ် | mizoram.gov.in | |
†It was elevated to the status of a full State by the State of Mizoram Act, 1986 |
တံဆိပ် | |
---|---|
နို့တိုက်သတ္တဝါ | ဟိမဝန္တာ ဆီးရိုးတောဆိတ် |
ငှက် | ရစ်မင်း |
ပန်း | အနီရောင် ဗန္ဒာသစ်ခွပန်း |
သစ်ပင် | ကံ့ကော်ပင် |
ပြည်နယ်၏အမည်သည် "Mizo" (သို့) "မီဇိုး" ဟူသော ဇာတိနေထိုင်သူများ၏ ဘာသာစကားနှင့် အမည်ဖြစ်၍ မီဇိုးဘာသာစကားဖြင့် "Ram" (သို့) "ရမ်း" သည် "နိုင်ငံ" ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် "မီဇိုးရမ်း" သည် "မီဇိုးနိုင်ငံ" ဟုဆိုလိုသည်။ သို့သော်၊ မြန်မာဘာသာစကားတွင် မီဇိုရမ် ဟူ၍သာ စာလုံးပေါင်းကြသည်။
အိန္ဒိယနိုင်ငံ၏ အခြားအရှေ့မြောက်ပိုင်းပြည်နယ်များစွာကဲ့သို့ပင် မီဇိုရမ်ပြည်နယ်သည် ယခင်က ပြည်ထောင်စုနယ်မြေအဖြစ် ထွင်းထုခံရသော ၁၉၇၂ ခုနှစ်အထိ အာသံ၏အစိတ်အပိုင်းသာဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် အိန္ဒိယလွှတ်တော်သည် ၅၃ ကြိမ်မြောက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ တည်းဖြတ်ခြင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံ၏ ၂၃ ခုမြောက် ပြည်နယ်အဖြစ် မီဇိုရမ်ပြည်နယ်ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် တည်ထောင်ခွင့်ပြုခဲ့သည်။
၂၀၁၁ သန်းခေါင်စာရင်းအရ ထိုနှစ်တွင် မီဇိုရမ်ပြည်နယ်၏ လူဦးရေမှာ ၁,၀၉၁,၀၁၄ ဖြစ်သည်။ ၎င်းသည် နိုင်ငံအတွင်း ဒုတိယလူဦးရေအနည်းဆုံးပြည်နယ်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် ခန့်မှန်းခြေအားဖြင့် ၂၁,၀၈၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဧရိယာ 91% ခန့်သည် သစ်တောဖြစ်သည်။
မီဇိုရမ်၏ လူဦးရေ ၉၅ ရာခိုင်နှုန်းခန့်သည် မတူကွဲပြားသော လူမျိုးစုနွယ်ဖွားများမှ ဆင်းသက်လာကြသည်။ မီဇိုလူမျိုးများသည် ၁၆ ရာစုတွင် အရှေ့တောင်အာရှမှ စတင်အခြေချနေထိုင်လာခဲ့သည်။ ဤရွေ့ပြောင်းမှုသည် ၁၈ ရာစုလုံး ကြာမြင့်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အားလုံးတွင် မီဇိုရမ်ပြည်နယ်သည် မျိုးနွယ်စုဝင်ဦးရေ အများဆုံးဖြစ်သည်။ မီဇိုလူမျိုးများသည်အိန္ဒိယအခြေခံဥပဒေအောက်တွင် အသိမှတ်ပြု လူမျိုးစုတစ်ခုအဖြစ် ကာကွယ်ထားသည်။ မီဇိုရမ်ပြည်နယ်သည် ခရစ်ယာန်အများစု (၈၇%) ရှိသည့် အိန္ဒိယနိုင်ငံ၏ ပြည်နယ် သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်း၏လူများသည် မြောက်ဘက်ရှိ ပရီဘီတေးရီးယန်းအများစုနှင့် တောင်ဘက်တွင် နှစ်ခြင်းခရစ်ယာန်များဖြစ်ကြသည်။
မီဇိုရမ်ပြည်နယ်သည် အလွန်စာတတ်မြောက်သော စိုက်ပျိုးရေးစီးပွားရေးဖြစ်သည်။ ခုတ်ထစ်မီးရှို့ခြင်း သို့မဟုတ် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် သီးနှံအထွက်နှုန်းညံ့သော်လည်း အတွေ့ရအများဆုံး လယ်ယာလုပ်ငန်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း jhum စိုက်ပျိုးခြင်းအလေ့အထကို သိသာထင်ရှားသော စိုက်ခင်းနှင့် ဝါးထွက်ပစ္စည်းလုပ်ငန်းဖြင့် မှန်မှန်အစားထိုးခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် ပြည်နယ်၏ စုစုပေါင်းနိုင်ငံတော် ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ₹၆၉.၉၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၂၀ သန်း) ဖြစ်သည်။ မီဇိုရမ်၏ လူဦးရေ၏ ၂၀% ခန့်သည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်ကြပြီး ၂၀၁၄ ခုနှစ်စာရင်းအရ ကျေးလက်ဆင်းရဲမွဲတေမှု ၃၅% ရှိသည်။ ပြည်နယ်တွင် အမျိုးသား အဝေးပြေးလမ်း ၈၇၁ ကီလိုမီတာခန့်ရှိပြီး NH-54 နှင့် NH-150 တို့သည် အာသံနှင့် မဏိပူရတို့ကို အသီးသီး ဆက်သွယ်ပေးထားသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ကုန်သွယ်မှုအတွက် တိုးပွားလာသော ဖြတ်သန်းသွားလာရေး ဂိတ်လည်းဖြစ်သည်။