![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/52/Mizo_girls_in_Mizo_traditional_dress.jpg/640px-Mizo_girls_in_Mizo_traditional_dress.jpg&w=640&q=50)
မီဇိုလူမျိုး
From Wikipedia, the free encyclopedia
မီဇိုလူမျိုး (မီဇို: Mizo hnam) သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အိမ်နီးချင်းဒေသများနှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် မွေးဖွားနေထိုင်သည့် လူမျိုးစုဖြစ်သည်။ ဝေါဟာရသည် မီဇိုအုပ်စုအတွင်းရှိ ဆက်စပ်လူမျိုးစု သို့မဟုတ် မျိုးနွယ်စုများစွာကို အကျုံးဝင်သည်။
Mizo hnam | |
---|---|
![]() ရိုးရာဝတ်စုံဝတ်ဆင်ထားသည့် မီဇို တိုင်းရင်းသူလေးများ | |
လူဦးရေ စုစုပေါင်း | |
c. ၈၅၀,၀၀၀[1] | |
အများစု နေထိုင်သည့် နေရာ | |
ဘာသာစကား | |
မီဇို • အင်္ဂလိပ် | |
ကိုးကွယ်မှု | |
ပရိုတက်စတင့် (ပင်ရင်း ပရက်စ်ဘီတေးရီးယန်း ခရစ်ယာန်ဝါဒ၏အခွဲ နှစ်ခြင်းခရစ်ယာန်ဘာသာ အဓိကကိုးကွယ်သည်။ အခြား ဘာသာကိုးကွယ်သူများမှာ လူနည်းစုသာဖြစ်သည်။) | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဇို ၊ ချင်း ၊ တီးတိန် ၊ ကူကီး ၊ မီရမ် |
မီဇိုလူမျိုးများသည် သမိုင်းကြောင်းအရ၊ တိဘက်-ဗမာနွယ် မီဇိုဘာသာစကားကို ပြောဆိုကြသည်။ မျိုးနွယ်စုအသီးသီးနှင့် သက်ဆိုင်သော မျိုးကွဲများစွာရှိသော်လည်း တရားဝင်နှင့် အကျယ်ပြန့်ဆုံးပြောသည်မှာ မီဇိုမျိုးနွယ်စုများကြားတွင် အများသုံး/နားလည်နိုင်သော ဘာသာစကားအဖြစ် အသုံးပြုသည့် ဒူလျန်းဘာသာစကားဖြစ်သည်။ အင်္ဂလိပ်သည် မီဇိုရမ်ပြည်နယ်တွင် မီဇိုဘာသာစကားမပြောဆိုသူများအတွက် အသုံးအများဆုံးဘာသာစကားဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် စာတတ်မြောက်မှုနှုန်း အမြင့်ဆုံးပြည်နယ်တစ်ခုဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။