![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/98/Andromeda_Galaxy_%2528with_h-alpha%2529.jpg/640px-Andromeda_Galaxy_%2528with_h-alpha%2529.jpg&w=640&q=50)
အင်ဒရိုမီဒါ ဂလက်ဆီ
Local Group အတွင်းရှိ ခရုပတ်ပုံစံ ဂလက်ဆီ / From Wikipedia, the free encyclopedia
အင်ဒရိုမီဒါ ကြယ်စင်စုကြီး (အင်္ဂလိပ်: Andromeda Galaxy; /ænˈdrɒmɪdə/) သည် ကမ္ဘာမြေမှ အလင်းနှစ် (၂.၅) သိန်း နီးပါးခန့် အကွာတွင် တည်ရှိသည့် ခရုပတ်ပုံစံ ကြယ်စင်စုတစ်ခု ဖြစ်သည်။[5] M31 သို့မဟုတ် NGC 224 ဟု ခေါ်ဆိုပြီး တခါတရံတွင် ခမ်းနားသော အင်ဒရိုမီဒါ နက်ဗျူလာ ဟုလည်း ရည်ညွန်းသည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နဂါးငွေ့တန်း ကြယ်စင်စု နှင့် အနီးဆုံး ကြယ်စင်စု ဖြစ်သည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နဂါးငွေ့တန်း ကြယ်စင်စု ပါဝင်သည့် Local Group ထဲတွင် အကြီးမားဆုံး ကြယ်စင်စုဖြစ်ပြီး ယင်း Local Group တွင် ထရိုင်ဂူလယ် ဂယ်လက်ဆီ အပါအဝင် အခြားသော သေးငယ်သည့် အဖွဲ့ဝင်ကြယ်စင်စု ၄၄ ခုပါဝင်သည်။ ၂၀၀၆ ခုနှစ် Spitzer Space Telescope မှ လေ့လာချက်အရ အင်ဒရိုမီဒါတွင် ပါဝင်သော ကြယ်အရေအတွက်သည် တစ်ထရီလီယံ (၁ဝ၁၂) ဖြစ်သည်။ [4] နဂါးငွေ့တန်း ကြယ်စင်စုတွင် ပါဝင်သော ကြယ်များမှာ ခန့်မှန်းခြေ ၂၀၀ မှ ၄၀၀ ဘီလီယံမျှသာဖြစ်သဖြင့် အင်ဒရိုမီဒါတွင် တည်ရှိသော ကြယ်အရေအတွက်မှာ နှစ်ဆခန့်ရှိသည်။ အင်ဒရိုမီဒါ ကြယ်စင်စုသည် နေထုထည်ပေါင်း (၁.၅×၁၀၁၂) ရှိမည်ဟု ခန့်မှန်းထားသည်။ နောင်နှစ်ပေါင်း ၃.၇၅ ဘီလီယံအကြာတွင် နဂါးငွေ့တန်း ကြယ်စင်စုနှင့် အင်ဒရိုမီဒါ ကြယ်စင်စုတို့ တိုက်မိနိုင်မည်ဟု ခန့်မှန်းထားပြီး ဘဲဥပုံစံ ကြယ်စင်စုအဖြစ် ပေါင်းစပ်သွားနိုင်ဖွယ်ရှိသည်။ အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်ပါက အင်ဒရိုမီဒါကြယ်စင်စုကို လပြည့်ဝန်းအရွယ်အစားထိ မြင်နိုင်သည်။
အင်ဒရိုမီဒါ ကြယ်စင်စု | |
---|---|
![]() အင်ဒရိုမီဒါ ကြယ်စင်စု | |
လေ့လာရေး ဒေတာ (J2000 epoch) | |
အသံထွက် | /ænˈdrɒmɪdə/ |
ကြယ်စုတန်း | အင်ဒရိုမီဒါ |
ညာဘက် တိမ်းစောင်းမှု | 00° 42′ 44.3″[1] [2] |
နိမ့်ဆင်းမှု | +41° 16′ 9″[2] |
အနီရောင်အရွေ့ | z = −၀.၀၀၁၀၀၁ (အနုတ်လက္ခဏာသည် အပြာရောင်အရွေ့ အားညွန်ပြသည်) |
ရေဒီယယ် အရှိန် | −၃၀၁ ± ၁ km/s |
ကော့စမစ် အကွာအဝေး လှေကား | ၂၅၄ ± ၀.၁၁ Mly (၇၇၈ ± ၃၃ kpc) |
ဂယ်လက်ဆီ ခွဲခြားမှု | SA(s)b |
ဒြပ်ထု | ~၁.၅×၁၀၁၂[3] M☉ |
အရွယ်အစား (ly) | ~၂၂၀ kly (အချင်း) |
ကြယ်အရေအတွက် | ၁ ထရီလီယံ (၁၀၁၂)[4] |
ထောင့်ဖြတ် အချင်း (V) | 190′ × 60′ |
မြင်သာသော အရွယ်အစား (V) | ၃.၄၄ |
ပကတိ အရွယ်အစား (V) | −၂၁.၅ |
အခြား ဂုဏ်သတ္တိများ | |
M31, NGC 224, UGC 454, PGC 2557, 2C 56 (Core), CGCG 535-17, MCG +07-02-016, IRAS 00400+4059, 2MASX J00424433+4116074, GC 116, h 50, Bode 3, Flamsteed 58, Hevelius 32, Ha 3.3, IRC +40013 | |
အခြားကြည့်ရန်: ဂယ်လက်ဆီ၊ ဂယ်လက်ဆီ စာရင်း |