![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a0/NGC_3982_-_Hubble_space_telescope%252C_2003.jpg/640px-NGC_3982_-_Hubble_space_telescope%252C_2003.jpg&w=640&q=50)
နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း
နက်ရှိုင်းသော ကောင်းကင်ယံမှ ပစ္စည်းအမျိုးအစားများ၏ ယေဘုယျအမျိုးအမည်စာရင်း / From Wikipedia, the free encyclopedia
နက်ဗျူလာများနှင့် ကြယ်အုပ်စုတို့၏ ယေဘုယျ အမျိုးအမည်စာရင်း (အတိုကောက် NGC[2]) သည် နက္ခတ္တဗေဒတွင် ကောင်းကင်ယံမှ ပစ္စည်းအမျိုးအစားများအား ပြုစုထားသော စာရင်းတစ်ခု ဖြစ်သည်။ ယင်းအား ဂျွန် ဟာရှယ်၏ နက်ဗျူလာများနှင့် ကြယ်အုပ်စု စာရင်းအား ပြန်လည်ပြင်ဆင်မွမ်းမံထားသော စာရင်းသစ်ဖြစ်သည်။[3] ၁၈၈၈ ခုနှစ်တွင် ဂျွန် လူးဝစ် အီမီဒရီယာဆိုသူက ပြန်လည်ပြုစုခဲ့သည်။[4] NGC တွင် NGC အရာဝတ္ထုဟုသိထားသည့် အရာဝတ္ထုပေါင်း ၇၈၄ဝ ခုပါဝင်သည်။[5] ဒရီယာသည် သူ၏ပထမဆုံး ပုံနှိပ်သည့်စာအုပ် အညွန်းစာရင်း (အတိုကောက် IC) အား ၁၈၉၅ ခုနှစ်တွင် အရာဝတ္ထုပေါင်း ၁၅၂ဝ ခုပါဝင်ပြီး ၁၉ဝ၈ ခုနှစ် ဒုတိယအကြိမ်ပုံနှိပ်ရာတွင် အရာဝတ္ထုပေါင်း ၃၈၆၆ ခုပါဝင်သည်။[6] ကောင်းကင်ယံတောင်ဘက်ပိုင်း၏ အရာဝတ္ထုများကို ဂျွန် ဟာရှယ် သို့မဟုတ် ဂျိမ်း ဒန်လော့တို့က စာရင်းပြုစုထားခြင်း ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0d/NGC_6543_7662_7009_6826.jpg/320px-NGC_6543_7662_7009_6826.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a0/NGC_3982_-_Hubble_space_telescope%2C_2003.jpg/640px-NGC_3982_-_Hubble_space_telescope%2C_2003.jpg)