![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/57/5_Local_Galactic_Group_%2528ELitU%2529.png/640px-5_Local_Galactic_Group_%2528ELitU%2529.png&w=640&q=50)
Local Group
From Wikipedia, the free encyclopedia
Local Group ဆိုသည်မှာ နဂါးငွေ့တန်း ဂယ်လက်ဆီပါဝင်သော ဂယ်လက်ဆီအဖွဲ့တစ်ခုဖြစ်သည်။ Local Group တွင် ဂယ်လက်ဆီပေါင်း ၅၄ ခုပါဝင်ကာ ယင်းတို့ထဲမှအများစုမှာ ဂယ်လက်ဆီပု (dwarf galaxies) များဖြစ်ကြသည်။ ယင်း၏ ဒြပ်ဆွဲငင်ရာ ဗဟိုအချက်အချာသည် နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီတို့၏ကြား တစ်နေရာရာတွင် တည်ရှိသည်။ Local Group သည် အချင်းအားဖြင့် အလင်းနှစ်သိန်းပေါင်း ၁၀ ခန့်လွှမ်းခြုံထားသည်။[1] အဖွဲ့ကိုယ်တိုင်သည်လည်း Laniakea Supercluster ၏ အစိတ်အပိုင်းဖြစ်သည်။[2] Local Supercluster အား မူလက Virgo Supercluster ဟုထင်မှတ်ခဲ့သော်လည်း ယခုအခါ Local Supercluster ဟုပြန်လည်သတ်မှတ်လိုက်သည်။[3] အဖွဲ့၏ အင်အားကြီးအဖွဲ့ဝင်များမှာ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အင်ဒရိုမီဒါ ဂယ်လက်ဆီများဖြစ်ကြသည်။[4] ယင်းတို့သည် ခရုပတ်ပုံစံ ဂယ်လက်ဆီများဖြစ်ကြပြီး တစ်ခုချင်းစီတွင် အရန်ဂယ်လက်ဆီများ ရှိကြသည်။
- နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီများတွင်- Sagittarius ဂယ်လက်ဆီပု၊ ကြီးမားသော မက်ဂျစ်လက်နစ်တိမ်တိုက်၊ သေးငယ်သော မက်ဂျစ်လက်နစ်တိမ်တိုက်၊ Canis Major Dwarf၊ Ursa Minor Dwarf၊ Draco Dwarf၊ Carina Dwarf၊ Sextans Dwarf၊ Sculptor Dwarf၊ Fornax Dwarf၊ Leo I, Leo II, and Ursa Major I Dwarf and Ursa Major II Dwarf, ယင်းအပြင် အခြားသော အလွန်မှေးမှိန်သည့် ဂလက်ဆီငယ်လေးများ။
- အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရန်ဂယ်လက်ဆီများတွင်- Messier 32 (M32), Messier 110 (M110), NGC 147, NGC 185, အင်ဒရိုမီဒါ ၁ , အင်ဒရိုမီဒါ ၂, အင်ဒရိုမီဒါ ၃, အင်ဒရိုမီဒါ ၄, အင်ဒရိုမီဒါ ၅, Pegasus dSph (aka အင်ဒရိုမီဒါ ၆), Cassiopeia Dwarf (aka အင်ဒရိုမီဒါ ၇), အင်ဒရိုမီဒါ ၈, အင်ဒရိုမီဒါ ၉, အင်ဒရိုမီဒါ ၁၀, အင်ဒရိုမီဒါ ၁၁, အင်ဒရိုမီဒါ ၁၂, အင်ဒရိုမီဒါ ၁၃ နှင့် အင်ဒရိုမီဒါ ၁၄, အခြား အလွန်မှိန်သည့် ဂယ်လက်ဆီငယ်လေးများ။
- ထရိုင်ဂူလယ် ဂယ်လက်ဆီသည် Local Group ထဲမှ ခရုပတ်ပုံစံဂယ်လက်ဆီထဲတွင် တတိယအကြီးဆုံး ဂယ်လက်ဆီဖြစ်ပြီး အန်ဒရိုမီဒါ ဂယ်လက်ဆီနှင့် အဖော်မဟုတ်တန်ရာ။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/57/5_Local_Galactic_Group_%28ELitU%29.png/640px-5_Local_Galactic_Group_%28ELitU%29.png)