နဂါးငွေ့တန်း ဂယ်လက်ဆီ
မိမိတို့နေအဖွဲ့အစည်း ပါဝင်သော ခရုပတ်ပုံစံ ဂလက်ဆီ / From Wikipedia, the free encyclopedia
နဂါးငွေ့တန်း ကြယ်စင်စု (အင်္ဂလိပ်: Milky Way Galaxy) ဆိုသည်မှာ ကြယ်ပေါင်း ၁၀၀ မှ ၄၀၀ ဘီလီယံကျော်[5][6] ပါဝင်သော ဂယ်လက်ဆီ တစ်ခု ဖြစ်ပြီး ဂြိုဟ်ပေါင်း အနည်းဆုံး ၁၀၀ ဘီလီယံ ပါဝင်ကာ[7] အင်္ဂလိပ်ဘာသာတွင် (MilKy Way Galaxy) ဟု ခေါ်ကြသည်။[8][9][10][11][12] ကမ္ဘာ၊ နေနှင့် မိမိတို့၏ နေအဖွဲ့အစည်းတို့မှာ နဂါးငွေ့တန်း ကြယ်စင်စုတွင် ပါဝင်သည်။[13][14] နဂါးငွေ့တန်း ကြယ်စင်စု၏ အချင်းမှာ အလင်းနှစ် ၁ သိန်း ရှိသည်။[15][8] နဂါးငွေ့တန်း ကြယ်စင်စုကို ရှာဖွေ တွေ့ရှိမှုမှာ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင် ဒီမိုကရိတပ်မှ အစပြုခဲ့သည်။ [13] နဂါးငွေ့တန်း ကြယ်စင်စုသည် ဝက်အူရစ်သဏ္ဌန် ဂယ်လက်ဆီ အမျိုးအစား ဖြစ်သည်။ ကြယ်စင်စုအဖွဲ့(Local Group) အတွင်းတွင် ဂယ်လက်ဆီကြီး ၃ ခုနှင့် ပို၍သေးငယ်သော ဂယ်လက်ဆီအသေးစား ၃၀ ခု တို့ပါဝင်သည်။ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးဆုံးဂယ်လက်ဆီမှာ အင်ဒရိုမီဒါ ကြယ်စင်စု ဖြစ်သည်။ ယင်း အင်ဒရိုမီဒါသည် Local Group ထဲတွင် အကြီးဆုံး ကြယ်စင်စုဖြစ်၍ နဂါးငွေ့တန်းမှာမူ ဒုတိယအကြီးဆုံး ဖြစ်သည်။
လေ့လာရေး ဒေတာ | |
---|---|
အမျိုးအစား | Sb, Sbc, or SB(rs)bc[1] (barred spiral galaxy) |
အချင်းဝက် | ၁၀၀–၁၈၀ kly (၃၁–၅၅ kpc)[2] |
စတီလာအချပ်ပြား၏အထူ | ≈၂ kly (၀.၆ kpc) |
ကြယ်အရေအတွက် | ၂၀၀–၄၀၀ ဘီလီယံ (၃×၁၀၁၁ ±၁×၁၀၁၁) |
သက်တမ်းအရင့်ဆုံးကြယ် | ≥၁၃.၇ Gyr |
ထုထည် | ၀.၈–၁.၅×၁၀၁၂ M☉ |
ထောင့်ဖြတ် အဟုန် | ≈7067100000000000000♠1×1067 J s[3] |
ဂယ်လက်တစ်ဗဟိုသို့ နေ၏အကွာဝေး | ၂၇.၂ ± ၁.၁ kly (၈.၃၄ ± ၀.၃၄ kpc) |
ဂယ်လက်တစ်ဗဟိုသို့ နေ၏ပတ်လမ်းကြာချိန် | ၂၄၀ Myr |
ခရုပတ်လမ်း ကြာမြင့်ချိန် | ၂၂၀–၃၆၀ Myr |
ကားထွက်ခရုပတ်လမ်း ကြာမြင့်ချိန် | ၁၀၀–၁၂၀ Myr |
CMB အညွန်းဆီသို့ အမြန်နှုန်း | ၅၅၂ ± ၆ km/s[4] |
နေဝန်းကျင်အနား လွတ်မြောက်အလျင် | ၅၅၀ km/s |
နေဝန်းကျင်အနား dark matter သိပ်သည်းမှု | 0.0088+0.0024 -0.0018 M☉pc-3 or 0.35+0.08 -0.07 GeV cm-3 |
အခြားကြည့်ရန်: ဂယ်လက်ဆီ၊ ဂယ်လက်ဆီများ စာရင်း |