အင်ဒရိုမီဒါ သည် တော်လမီ ပြုစုထားသော ၄၈ ခု ကြယ်စုတန်းစာရင်းမှ တစ်ခုအပါအဝင်ဖြစ်ပြီး ခေတ်သစ် ၈၈ ကြယ်စုတန်းထဲတွင်လည်း ပါဝင်သည်။ နက္ခတ္တခွင် မြောက်ဘက်တွင် တည်ရှိပြီး ဂရိဒဏ္ဍာရီပုံပြင်ထဲရှိ ကယ်ဆီယိုပီးယား၏ သမီးတော် အန်ဒရိုမီဒါအား အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ အန်ဒရိုမီဒါသည် ဆောင်းဦးကာလ ညနေခင်းများတွင် မြောက်ကမ္ဘာခြမ်း၌ ထင်ရှားပြီး မြောက်ဘက် ၄၀ ဒီဂရီခန့်တွင် မြင်နိုင်သည်။ အင်ဒရိုမီဒါ၏ အတောက်ပဆုံးကြယ်များမှာ အဲလ်ဖာ အင်ဒရိုမီဒေး၊ ဂါမာ အင်ဒရိုမီဒေး၊ ဘီတာ အင်ဒရိုမီဒေးတို့ဖြစ်ကြသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အင်ဒရိုမီဒါ ဂလက်ဆီသည် ထင်ရှားသော ဂယ်လက်ဆီတစ်ခုဖြစ်ပြီး မိမိတို့၏ နဂါးငွေ့တန်း ဂယ်လက်ဆီနှင့် အနီးဆုံး ဝက်အူရစ်ပုံစံ ဂယ်လက်ဆီဖြစ်သည်။ ယင်းသည် အတောက်ပဆုံး Messier object တစ်ခုလည်းဖြစ်ကာ အဖော်များအဖြစ် M110 နှင့် M32 တို့ပါဝင်ထားသည်။ နက်ဗျူလာတစ်ခုဖြစ်သော အပြာရောင် နှင်းဘောလုံး နက်ဗျူလာသည် တယ်လီစကုပ်တစ်ခုဖြင့် မြင်နိုင်သည်။

အချက်တိုများ အတိုကောက်, မူလ ...
Andromeda
ကြယ်စုတန်း
Thumb
Andromedaရှိ ကြယ်များစာရင်း
အတိုကောက်And[1]
မူလAndromedae
အသံထွက်
သင်္ကေတအင်ဒရိုမီဒါ,
the Chained Woman[2]
ညာဘက်တိမ်းစောင်းမှု23° 25 48.6945–02° 39 32.5149[3]
နိမ့်ဆင်းမှု53.1870041°–21.6766376°[3]
ကြယ်စုတန်း မိသားစုပါဆီးယပ်
ဧရိယာ၇၂၂[4] sq. deg. (19th)
ပင်မကြယ်များ၁၆
Bayer/Flamsteed
ကြယ်များ
၆၅
ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်များ၁၂
၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်များ
၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်များ
အတောက်ပဆုံးကြယ်အဲလ်ဖာ အင်ဒရိုမီဒေး (Alpheratz) (၂.၀၇m)
အနီးဆုံးကြယ်Ross 248
(၁၀.၃၀ ly, ၃.၁၆ pc)
Messier objects
ဥက္ကာခဲများAndromedids (Bielids)
အနီးအနား
ကြယ်စုတန်းများ
လတ္တီကျု +၉၀° နှင့် −၄၀° ကြားတွင် မြင်နိုင်သည်
ည ၉ နာရီ၌ အကောင်းဆုံးမြင်ရသည့်လမှာ နိုဝင်ဘာလဖြစ်သည်။
ပိတ်ရန်

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.