မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။[1][2] လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက် အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည် ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။[3] ဗမာလူမျိုး၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့် ဘာသာ ဖြစ်သည်။ ဘုန်းတော်ကြီးများကို သံဃာ အဖြစ် သတ်မှတ်ထားပြီး မြန်မာလူ့အဖွဲ့အစည်း၏ အမွန်အမြတ်ထားကာ ကြည်ညိုကိုင်းရှိုင်းကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် နတ်ကိုးကွယ်မှုကိုလည်း ဗုဒ္ဓဘာသာနှင့်အတူ တွဲဖက်တွေ့ရှိရသည်။
မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ပြုလုပ်သည့်အရာများတွင် ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဝိပဿနာတရား အားထုတ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂန္ဓာရီလမ်းစဉ်နှင့် ဆက်စပ်လျက်ရှိသော ဝိဇ္ဇာလမ်းစဉ်သည်လည်း အနည်းငယ်ပါဝင်သည်။[4] မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ကောင်းမှုကုသိုလ်ပြုခြင်းကို အများဆုံးပြုလုပ်လေ့ရှိသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းနှင့် ပရဟိတနှင့် ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် ဘုံဘဝသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းသည်။