![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/80/Bonchaungyangon.jpg/640px-Bonchaungyangon.jpg&w=640&q=50)
မြန်မာနိုင်ငံရှိ တရုတ်လူမျိုး
မြန်မာနိုင်ငံရှိ ဟန်တရုတ်လူမျိုးများ / From Wikipedia, the free encyclopedia
မြန်မာပြည်ရှိ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် သို့မဟုတ် ကြီးပြင်းသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ ဖြစ်သည်။ တရုတ်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများသည် လူဦးရေ စုစုပေါင်း၏ ၃ % ခန့်ရှိသည်ဟု သိရသည်။ လက်တွေ့တွင်မူ ဤအရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းကြသည်။ ခွဲခြား ဆက်ဆံခြင်းခံရမည်ကို စိုးရိမ်၍ မိမိကိုယ်ကို ဗမာဟု ပြောဆိုနေသူများ[1]၊ ကပြားများ၊ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း အထက်မြန်မာပြည်အတွင်းသို့ အလုံးအရင်းအလိုက် တရားမဝင် ပြောင်းရွှေ့လာသူများသည် စာရင်းတွင်ထဲတွင် ပါဝင်ခြင်း မရှိဟု ခန့်မှန်းရသည်။ [2]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/8/80/Bonchaungyangon.jpg/320px-Bonchaungyangon.jpg)
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်ဘက်အာဏာပိုင်များနှင့် အစုအစပ် လုပ်ကိုင်နေသည် ဆိုဦးတော့ စီးပွားရေး လုပ်ငန်းအများစုကို မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ပိုင်ဆိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုး အများစုသည် ပညာရေးကို အလေးထားသဖြင့် အဆင့်မြင့် ပညာရေး (တက္ကသိုလ် ပညာရေး) အထိ ဆည်းပူးသင်ယူကြသဖြင့် မြန်မာနိုင်ငံ၏ ပညာတတ် လူတန်းစားတွင်လည်း တရုတ်လူမျိုး အတော်များသည်။