![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/df/Dharma_Wheel.svg/langmy-640px-Dharma_Wheel.svg.png&w=640&q=50)
ဝိပဿနာ
From Wikipedia, the free encyclopedia
အနိစ္စစသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ+သမုဒယသစ္စာဓမ္မ ဟူသည့် သင်္ခါရဓမ္မ (= သင်္ခါရတရား)တို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာ မည်၏၊[1]
ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မဖြစ်ကြသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။[2]
ဝိပဿနာကို ပွားများအားထုတ်သည်ရှိသော် မဂ်ပညာ (မဂ်တရား) ကိုရရှိနိုင်သည်။ [3] ဝိပဿနာကို ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့ဖြင့် စိတ်တည်ကြည်နေသည့်အခါ ပွားများရမည်။ [4] [5]