Messier 32
အန်ဒရိုမီဒါကြယ်စုတန်းရှိ ဘဲဥပုံဂလက်ဆီ / From Wikipedia, the free encyclopedia
Messier 32 (NGC 221 နှင့် Le Gentil ဟုလည်းသိထား) သည် ဘဲဥပုံစံ အရံဂယ်လက်ဆီဖြစ်ပြီး ကြယ်စုတန်း အင်ဒရိုမီဒါမှ အလင်းနှစ် ၂.၆၅ မီလီယံအကွာတွင် တည်ရှိသည်။ ယင်းသည် အင်ဒရိုမီဒါ ဂယ်လက်ဆီ၏ အရံဂယ်လက်ဆီဖြစ်ပြီး ၁၇၄၉ ခုနှစ်တွင် Le Gentil ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။ M32 သည် အချင်းအားဖြင့် အလင်းနှစ် ထောင်ပေါင်း ၆.၅ ± ဝ.၂ ခန့်သာ ကျယ်ပြန့်သည်။ M32 တွင် သက်တမ်းရင့် မှေးမိန်သော ကြယ်နီများနှင့် ကြယ်ဝါများ အများစုပါဝင်ထားပြီး ဖုန်နှင့်ဓာတ်ငွေ့များ မပါဝင်ပေ။ ထို့ကြောင့် ကြယ်တာရာ မွေးဖွားမှုလည်း မရှိပေ။[4] သို့သော် မကြာသေးခင်က နှေးကွေးသော ကြယ်ဖွဲ့တည်မှု သဲလွန်စကို တွေ့ရှိခဲ့သည်။[5] M32 သည် အရံဂယ်လက်ဆီဟု ဆိုထားသော်လည်း အချို့ကမူ ပုံမှန်ဂယ်လက်ဆီတစ်ခု ဖြစ်နိုင်သည်ဟု အကြံပြုထားသည်။
အချက်တိုများ လေ့လာရေး ဒေတာ (J2000 epoch), ကြယ်စုတန်း ...
Messier 32 | |
---|---|
![]() ဘဲဥပုံစံ အရံဂယ်လက်ဆီ M32 | |
လေ့လာရေး ဒေတာ (J2000 epoch) | |
ကြယ်စုတန်း | Andromeda |
ညာဘက် တိမ်းစောင်းမှု | 00° 42′ 41.8″[1] |
နိမ့်ဆင်းမှု | +40° 51′ 55″[1] |
အနီရောင်အရွေ့ | -၂၀၀ ± ၆ km/s[1] |
ကော့စမစ် အကွာအဝေး လှေကား | 2.49 ± 0.08 မီလီယံ အလင်းနှစ် (763 ± 24 kpc) |
ဂယ်လက်ဆီ ခွဲခြားမှု | cE2[1] |
ထောင့်ဖြတ် အချင်း (V) | 8′.7 × 6′.5[1] |
မြင်သာသော အရွယ်အစား (V) | ၈.၀၈[2][3] |
သိသာသော ဂုဏ်အင်များ | အင်ဒရိုမီဒါ ဂလက်ဆီ ၏ အရံ ဂယ်လက်ဆီ |
အခြား ဂုဏ်သတ္တိများ | |
M 32, NGC 221,[1] UGC 452,[1] PGC 2555,[1] Atlas of Peculiar Galaxies 168,[1] LEDA 2555 | |
အခြားကြည့်ရန်: ဂယ်လက်ဆီ၊ ဂယ်လက်ဆီ စာရင်း |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/98/Andromeda_Galaxy_%28with_h-alpha%29.jpg/640px-Andromeda_Galaxy_%28with_h-alpha%29.jpg)