ကေ (အက္ခရာ)
လက်တင်ဘာသာစကား / From Wikipedia, the free encyclopedia
K သည် ဧကဒဿမ( ၁၁ လုံး ) မြောက်သော အင်္ဂလိပ်အက္ခရာ တစ်ခုဖြစ်သည်။ ဤအက္ခရာသည် လက်ဖဝါးဖွင့်ထားသည့် ပုံစံ စီမီတစ်ဘာသာ Kap မှ လာသည့် ဂရိအက္ခရာ kppa မှ ဆင်းသက်လာသည်။ ဤအလှည့်အပြောင်းသည် အီဂျစ်ဘာသာရှိ D ကိုယ်စားပြုနေသော လက်ဖဝါး အတွက် ရေးသားထားသော ပုံစံကို စီမီတစ်ဘာသာမှ မွေးစားထားခြင်း ဖြစ်နိုင်သည်။ စီမီတစ်များသည် K ၏ အသံတန်ဖိုးကို သိသာစွာ ခွဲခြားပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ဘာသာတွင် လက်ဖဝါးအတွက် ထိုအသံထွက်ဖြင့် စတင်ထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့ခေတ် အင်္ဂလပ်ဘာသာတွင်မူ K သည် O.K (သို့မဟုတ်) Okay ဟူသော အသံဖြင့် အသုံးတည့်နေကြလေပြီး ဖြစ်သည်။
ရှေးဟောင်း လက်တင်ကျောက်စာများတွင် C၊ K ၊ Q တို့ကို K နှင့် G (ထိုအရာများသည် ရေးသားရာတွင် မတူချေ။) တို့၏ အသံများအား ကိုယ်စားပြုရန် အတွက် အသုံးပြုခဲ့ကြသည်။ ပြည့်စုံသော အသံထွက်များ မဖြစ်ပေါ်လာမှီ Q သည် k သို့မဟုတ် g တို့၏ အသံထွက်များ ရေးသားရန် အသုံးပြုခဲ့ကြသည်။ C ၏ အသုံးပြုမှုကို K နှင့် Q တို့၏ အသုံးပြုမှုများ၏ နေရာများတွင် အစားထိုး အသုံးပြုခဲ့ကြသဖြင့် K ၏ အသုံးပြုမှုသည် အချို့သော စာပိုဒ်များတွင်သာ ရှိတော့သည်။ ဥပမာအနေဖြင့် Kalendae မှ Calends ကဲ့သို့သော စာလုံးများဖြစ်သည်။