အိုင် (အက္ခရာ)
လက်တင်အက္ခရာ / From Wikipedia, the free encyclopedia
I သည် အခြေခံလက်တင်အက္ခရာတွင် ကိုးလုံးမြောက် အက္ခရာဖြစ်သည်။ ထို့ပြင် I သည် အင်္ဂလိပ်သဒ္ဒါတွင် နာမ်စားအဖြစ် အသုံးပြုသော အက္ခရာ တစ်ခုဖြစ်သည်။ ဤနေရာတွင် I (နာမ်စား) ကို ကြည့်ရှု့ပါ။ စီမီတစ်ဘာသာရှိ လက်မောင်းနှင့်လက်ဖဝါးပုံ နံရံဆေးရေး ပန်းချီပုံ တစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သတ်မှတ်ကြသည်။ ထိုရုပ်ပုံအား အီဂျစ် အရုပ်စာသင်္ကေတတွင် ရှိသော လည်ချောင်းဖြင့် ပွတ်တိုက်ဗျည်းသံ (/ʕ/) အား ကိုယ်စားပြုထားသည့် အီဂျစ်အရုပ်စာသင်္ကေတမှ ရရှိခဲ့ခြင်းဖြစ်သည်မှ သေချာသလောက် ရှိသည်ဟု ယူဆကြသည်။ j သည် i မှ ပြောင်းလဲဖြစ်ပေါ်လာသော အက္ခရာတစ်ခုဖြစ်သည်။ ထိုအက္ခရာနှစ်ခု စလုံးကို ၁၆ ရာစုမှစ၍ အသံရော ဗျည်းပါ ခွဲခြားပေးခဲ့သည်။ အောက်ဖော်ပြပါ ပုံများမှာ ဘာသာစကားတစ်ခု၏ မူလ သင်္ကေတပုံများ ဖြစ်သည်။