ဂျေ (အက္ခရာ)
လက်တင်အက္ခရာ / From Wikipedia, the free encyclopedia
J သည် ဒဿမမြောက် အခြေခံ လက်တင်အက္ခရာတစ်ခုဖြစ်သည်။ J သည် ပုံနှိပ်လုပ်ငန်း၌ အချို့သော ရောမဂဏန်းများ၏နောက်ဆုံး I နေရာတွင် တစ်ခါတစ်ရံအသုံးပြုကြသည်။ ထို့ပြင် အလယ်ခေတ် အဆင့်မြင့်ဂျာမန်ဘာသာတွင် အသုံးပြုခဲ့သေးသည်။ ဂိန်း ဂျောဂျီအို ထရစ်ရှီနို(၁၄၇၈-၁၅၅၀) သည် I နှင့် J ၏ အသံထွက်ကို ကွဲပြားထင်းရှားစေရန်အတွက် သူ၏ Ɛpistola del Trissino de le lettere nuωvamente aggiunte ne la lingua italiana ("Trissino's epistle about the letters recently added in the Italian language") တွင် အသံထွက်များကို ပထမဦးစွာ ခွဲခြားပေးခဲ့သည်။ ပထမဦးစွာ I နှင့် သည် /i/, J သည် /iː/ ကို ကိုယ်စားပြုခဲ့သည်။ သို့သော် ရောမဘာသာတွင် Jနှင့် G ပုံစံမှ အသံထွက် အသစ်များ ပေါ်ထွက်လာသည်။ ထိုအသံထွက်များသည် J နှင့် I အား ကိုယ်စားပြုရန်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် ပြင်သစ် J အား အသုံးပြုခဲ့သည်။ ပြင်သစ် J ၏အသံအနေအထားမှာ အင်္ဂလိပ်ဘာသာရှိ I နှင့် အတော်ပင် ကွာခြားလေသည်။