လက်တင်စကားလုံး From Wikipedia, the free encyclopedia
F သည် ၆ ခုမြောက် အခြေခံ ခေတ်သစ် လက်တင် အက္ခရာ ဖြစ်သည်။အင်္ဂလိပ်ဘာသာတွင် (/ɛf/) သည် (ef) သို့မဟုတ် F ဟု အသံထွက်သည်။[1][2]
စီမီတစ်ဘာသာ၌ vâv သည် /v/ ကို ကိုယ်စားပြုပြီး ယေဘူယျအားဖြင့် တင်းပုတ် သို့မဟုတ် ချိတ်ပုံစံလေးဖြင့် ဖော်ပြကြသည်။ F သည် ထိုပုံစံလေးများမှ ဖြစ်ပေါ်လာသည်။ ထို့အပြင် ၎င်းသည် အီဂျစ်အရုပ်စာ သင်္ကေတလေးများကို အခြေခံထားခြင်းလည်း ဖြစ်နိုင်သည်။ ဥပမာ- အောက်ပါပုံလေးကို အခြေခံထားခြင်းသည်လည်း ဖြစ်နိုင်သည်။
ဖိုနီးရှင်းဘာသာမှ F ၏ပုံစံကို ဂရိဘာသာသို့ မွေးစားထားခဲ့ပြီး အသံထွက်ကို upsilon (၎င်းသည် ဂရိဘာသာတွင် Yကို ကိုယ်စားပြုသည်၊ နောက်ပိုင်း၌ ရောမအက္ခရာတွင်လည်း < U >,< V >,< W > ဖြစ်ပေါ်လာစေသည်။) ဟုခေါ်သည်။ ထို့အပြင် ဂရိဘာသာမှ digamma (၎င်းသည် F ပုံစံဖြစ်သော်လည်းအသံထွက်မှာ /w/ ဖြစ်သည်။)F ကိုအတုခိုး ရေးသား ထားခြင်းသည်လည်း ဖြစ်နိုင်သည်။ ဩရုစကမ် ဘာသာတွင် -- ကို wအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ရောမအက္ခရာတွင် digraph (FH) ကို /f/ ကို ဖော်ပြရန်အတွက် အသုံးပြုခဲ့ကြသည်။ ၎င်းစကားလုံးကို ဩရုစကမ် ဘာသာတွင် wအဖြစ်သာ အသုံးပြုခြင်းမှာ ၎င်းတို့သည် ဂရိဘာသာမှ U ကို w အဖြစ်ဖော်ပြရန်အတွက် အသုံးပြုထားပြီးသောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဂရိဘာသာမှ ဖိုင်(Phi)‹Φ› ကို နှုတ်ခမ်းဟသံထွက်ရန်အတွက် အသုံးပြုခဲ့ကြပြီးဖြစ်သော်လည်း လက်ရှိ ခေတ်သစ်ဂရိဘာသာတွင်မူ ထိုအသံထွက်သည် F နှင့် အနီးစပ်ဆုံးတူသော အသံထွက်ဖြစ်သည်။
NATO phonetic | မောရ်စ်၏ သင်္ကေတ |
Foxtrot |
အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.