၁၉၉၈ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၉၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1998 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၉၈ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၁၃ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၊ ၁၉၇၀၊ ၁၉၇၈ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၈ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။[1]
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Friendship Beyond Frontiers (Thai: มิตรภาพไร้พรมแดน) Mitrp̣hāph rị̂ phrmdæn | ||
ပါဝင်သော နိုင်ငံများ | ၄၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၅၅၄ | ||
ကစားပွဲအမျိုးအစား | ၃၇၇ (၃၆နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၆ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Preeda Chulamonthol | ||
Torch Lighter | Somluck Kamsing | ||
အဓိကအားကစားကွင်း | ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်း | ||
|
နိုင်ငံ (၄၁)နိုင်ငံမှ အားကစားသမား (၆,၅၅၄)ဦးတို့သည် အားကစားနည်း (၃၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ဘန်ကောက်မြို့သည် သမိုင်းတစ်လျှောက်တွင် အာရှအားကစားပြိုင်ပွဲကို လေးကြိမ်တိုင်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ရွှေတံဆိပ် (၂၄)ခုဖြင့် စံချိန်သစ် တင်နိုင်ခဲ့သည်။ ဂျပန်ပြေးခုန်ပစ်အားကစားသမား Koji Ito သည် အကောင်းဆုံးအားကစားသမား (MVP) အဖြစ် ကြေညာခံခဲ့ရသည်။