ဘန်ကောက်မြို့
ထိုင်းနိုင်ငံ ၏ မြို့တော် / From Wikipedia, the free encyclopedia
ဘန်ကောက်မြို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဖြစ်သကဲ့သို့ မြို့တော်လည်းဖြစ်သည်။ ထိုင်းပင်လယ်ကွေ့ထဲသို့ စီးဝင်သော မဲနမ်မြစ်(ကျောက်ဖယားမြစ်) ၏ မြစ်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်ကွေ့မှ ၁၅ မိုင်ခန့် ကွာဝေးသည်။ မဲနမ်မြစ်သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်စီးပွားရေးအတွက် ပင်မသွေးကြောသဖွယ် ဖြစ်ပေရာ နိုင်ငံ၏အလယ်ပိုင်းဒေသများနှင့် ထိုမြစ်ကြောင်းတလျှောက်မှ ရောက်လာကြသော ဆန်စပါး၊ ကျွန်းသစ်၊ ကြက်ပေါင်စေး၊ သစ်စေ့၊ ငြုပ်ကောင်းစသည့် နိုင်ငံ၏ ထွက်ကုန်များကို ဘန်ကောက်မြို့၏ တဖက်ကမ်းရှိ ပင်လယ်သင်္ဘောဆိပ်ကမ်းမှတဆင့် နိုင်ငံခြားသို့ ပို့ရသည်။ ပိုး၊ ခြည်ထည်၊ စက်ကိရိယာ၊ ကုန်မာပစ္စည်းစသော သွင်းကုန်များကိုလည်း ဘန်ကောက်မြို့မှတဆင့် နိုင်ငံအရပ်ရပ်သို့ ဖြန့်ဖြူးရသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၇၀ ရာခိုင်နှုန်းခန့်အတွက် ဘန်ကောက်မြို့မှတဆင့် ဆောင်ရွက်ပေးရလေသည်။
ဘန်ကောက်မြို့ ကရုင်ဒေဝမဟာနဂိုရ် Krung Thep Maha Nakhon | |||
---|---|---|---|
အထူးအုပ်ချုပ်ရေး ဧရိယာ | |||
ဘန်ကောက်မြို့မြင်ကွင်း | |||
| |||
ထိုင်းနိုင်ငံတွင်း ဘန်ကောက်မြို့တည်နေရာ | |||
ကိုဩဒိနိတ်: 13°45′N 100°28′E[1] | |||
နိုင်ငံ | ထိုင်း | ||
ဒေသ | ဗဟိုထိုင်းနိုင်ငံ | ||
တည်ထောင် | c ၁၅ ရာစု | ||
မြို့တော်အဆင့် | ၂၁ ဧပြီ ၁၇၈၂ | ||
Re-incorporated | ၁၃ ဒီဇင်ဘာ ၁၉၇၂ | ||
တည်ထောင်သူ | ဘုရင်ရာမ ၁ | ||
အုပ်ချုပ်ရေးအဖွဲ့ | ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ | ||
အစိုးရ | |||
• အမျိုးအစား | အထူးအုပ်ချုပ်ရေး ဧရိယာ | ||
• အုပ်ချုပ်ရေးမှူး | Sukhumbhand Paribatra (ဒီမိုကရက်ပါတီ) | ||
ဧရိယာ[1] | |||
• မြို့တော် | ၁၅၆၈.၇၃၇ စတုရန်းကီလိုမီတာ (၆၀၅.၆၉၃ စတုရန်းမိုင်) | ||
• မြို့ပြကြီး[2] | ၇၇၆၁.၆ စတုရန်းကီလိုမီတာ (၂၉၉၆.၈ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့်[3] | ၁.၅ မီတာ (၄.၉ ပေ) | ||
လူဦးရေ (၂၀၁၀ သန်းခေါင်စာရင်း)[4] | |||
• မြို့တော် | ၈၂၈၀၉၂၅ | ||
• သိပ်သည်းမှု | ၅၃၀၀/km၂ (၁၄၀၀၀/sq mi) | ||
• မြို့ပြကြီး | ၁၄၅၆၅၅၄၇ | ||
• မြို့ပြကြီး သိပ်သည်းမှု | ၁၉၀၀/km၂ (၄၉၀၀/sq mi) | ||
Demonym(s) | Bangkokian | ||
အချိန်ဇုန် | ICT (UTC+7) | ||
စာပို့သင်္ကေတ | 10### | ||
ဧရိယာကုဒ်(များ) | ၀၂ | ||
ISO 3166 ကုဒ် | TH-10 | ||
ဝက်ဘ်ဆိုဒ် | bangkok.go.th |
ဘန်ကောက်မြို့ကို အနောက်ဘက်မှ ဖြတ်သန်းစီးဆင်းသွားသော မဲနမ်မြစ်၏ တဖက်တချက်မှနေ၍ သွယ်တန်းဖောက်လုပ်ထားသော တူးမြောင်းများစွာတို့သည် မြို့ကိုဖြတ်သန်း စီးဆင်းလျက် ရှိကြရာ၊ ထိုတူးမြောင်းများကို မြို့တွင်း ကူးသန်းသွားလာရေးအတွက်လည်း အသုံးပြုကြသည်။ မြို့တွင်း၌ ယင်းသို့သော တူးမြောင်းများ ရှိကြသဖြင့်လည်း ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ ဗင်းနစ်မြို့” ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ထိုတူးမြောင်းများထဲတွင် ဆင်းရဲသားများ နေထိုင်ကြသော လှေအိမ်များနှင့် ရေပေါ်ဆိုင်များလည်း ရှိကြသည်။