၁၉၉၀ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၁၉၉၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1990 Asian Games) သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ၌ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့မှ အောက်တိုဘာ ၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၁ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ သမ္မတ ယန်ရှန်ကွန်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | ![]() | ||
---|---|---|---|
ဆောင်ပုဒ် | Unity, friendship and progress (တရုတ်: 团结、友谊、进步; ပင်ယင်: Tuánjié, yǒuyì, jìnbù)[1] | ||
ပါဝင်သော နိုင်ငံများ | ၃၆ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၆,၁၂၂ | ||
ကစားပွဲအမျိုးအစား | ၃၀၈ (၂၇နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၂၂ စက်တင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၇ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ယန်ရှန်ကွန် (သမ္မတ) | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Roy de Silva အာရှ အိုလံပစ်ကောင်စီ၏ ယာယီဥက္ကဋ္ဌ | ||
Athlete's Oath | Chen Longcan | ||
အဓိကအားကစားကွင်း | အလုပ်သမား အားကစားကွင်း | ||
|
နိုင်ငံ (၃၆)နိုင်ငံမှ အားကစားသမား (၆,၁၂၂)ဦးတို့သည် အားကစားနည်း (၂၇)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အလုပ်သမား အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
ထိုင်ဝမ်သည် တရုတ် (ထိုင်ပေ) အနေဖြင့် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပွဲတော်သည် တရုတ်နိုင်ငံ၏ အားကစား ကွင်း၊ ရုံများကို အဆင့်မြှင့်တင်မှု၏ အစဖြစ်သည်။ ထို့နောက် ၁၉၉၃ခုနှစ်တွင် ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် အိမ်ရှင်လျှောက်ထားခဲ့သည်။ သို့သော် ရှုံးနိမ့်ခဲ့ပြီး ၂၀၀၈ပွဲတော်ကိုသာ လက်ခံကျင်းပနိုင်ခဲ့သည်။