![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/15/SDCC13_-_Ian_McKellen.jpg/640px-SDCC13_-_Ian_McKellen.jpg&w=640&q=50)
အီရန် မက်ကယ်လန်
အင်္ဂလိပ်ရုပ်ရှင်သရုပ်ဆောင် / From Wikipedia, the free encyclopedia
ဆာ အီရန် မာရေး မက်ကယ်လန်သည် အင်္ဂလိပ်သရုပ်ဆောင်မင်းသား တစ်ဦးဖြစ်၍ သူလုပ်ကိုင်သော နယ်ပယ်မှာ ရှိတ်စပီးယားပြဇာတ်များ၊ ခေတ်ပေါ်ပြဇာတ်များမှသည် နာမည်ကျော်ကြားသော စိတ်ကူးယဉ်ဇာတ်ကားများ၊ ခေတ်လွန်သိပ္ပံရုပ်ရှင်ဇာတ်လမ်းများထိ ပါဝင်သည်။ "'လောရန့်စ်အော်လီဗီးယားဆု"' ၆ခု(Laurence Olivier Award)၊ တိုနီဆု တစ်ခု(Tony Awar)၊ ရွှေကမ္ဘာလုံးဆု တစ်ခု(Golden Globe Award)၊ "'ရေဒီယိုနှင့် ရုပ်မြင်သံကြားအမျိုးသားသရုပ်ဆောင်များအဖွဲ့၏ဆု"'တစ်ခု(Screen Actors Guild Award)၊ "'ဗြိတိသျှလွတ်လပ်သော ရုပ်ရှင်ဆု"'တစ်ခု(BIF Award)၊ "'စေတန်ဆု"' ၂ခု(Saturn Award)၊ ဒရာမာဒက်စ်ဟုခေါ်သော "'အမေရိကန်ဇာတ်ရုံဆု "' ၄ခု(Drama Desk Award)၊ အမေရိကမှ "'ရုပ်ရှင်ဝေဖန်သူများအဖွဲ့"'မှ ဆု၂ခု(Critics' Choice Award)၊ စသည့်ဆုများကိုပိုင်ဆိုင်ထားသော အနုပညာရှင်တစ်ဦးဖြစ်သည်။ ၎င်း၏နိုင်ငံတကာ ကျော်ကြားမှုကို အောက်ပါဇာတ်ကောင်များဖြင့် ရယူနိုင်ခဲ့သည်။
- "'သုံးဆက်မြောက်ရစ်ချက်ဘုရင်"'မှ "နာမည်ခံဘုရင်ဇာတ်ကောင်"အဖြစ် (Richard III (1995))
- "'နတ်ကောင်းနတ်ဆိုး"'ဇာတ်ကားမှ (Gods and Monsters (1998)) "ဂျိမ်းစ်ဝေးလ်"အဖြစ် (James Whale)
- "'အက်က်စ်မန်း"'ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် (the X-Men films) "သံလိုက်စက်ကွင်းစွမ်းအားရှင်"အဖြစ် (Magneto)
- လက်စွပ်များ၏ အရှင်သခင် နှင့် ဟော့ဘစ် (The Lord of the Rings and The Hobbit) စသည့် ၆ကားတွင် "မီးခိုးရောင်မှော်ဆရာ ဂန်ဒက်"အဖြစ် (Gandalf) လူသိထင်ရှား သရုပ်ဆောင်ခဲ့လေသည်။
ဆာ အီရန် မက်ကယ်လန် Commander of the Order of the British Empire | |
---|---|
![]() ၂၀၁၃ ဆန်ဒီရေဂို ကောမစ်ကွန်တွင်တွေ့ရသော အီရန် မက်ကယ်လန် | |
မွေးဖွား | အီရန် မာရေး မက်ကယ်လန် (၁၉၃၉-0၅-၂၅) ၂၅ မေ၊ ၁၉၃၉ (အသက် ၈၅)[1] ဘားန်လေ၊လန်ကရှိုင်းယား၊အင်္ဂလန်။ |
မိခင်ကျောင်း | St Catharine's College, Cambridge |
အလုပ်အကိုင် | ရုပ်ရှင်၊ပြဇာတ် မင်းသား |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၅၉–လက်ရှိ |
လက်တွဲဖော်(များ) |
|
ဝက်ဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် |
မက်ကယ်လန်ကို ဗြိတိသျှယဉ်ကျေးမှု၏ စံပြပုဂ္ဂိုလ်အဖြစ်မှတ်ယူကြသည်။[2][3] သူ၏အသက်မွေးလမ်းကျောင်းလုပ်ငန်းကို ၁၉၆၁ခု "'ဘဲလ်ဂရိတ်ဇာတ်ရုံ"'မှစတင်ခဲ့လေသည်။ ထိုမှစ၍ ရှိတ်စပီးယားပြဇာတ်များစွားကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သဖြင့် တော်ဝင် ရှိတ်စပီးယားကုမ္ပဏီ နှင့် ဂရိတ်ဗြိတိန်အမျိုးသားဇာတ်ရုံ၏ အားကိုးအားထားရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့၏။ ၁၉၇၉၌ ဘုရင်မကြီး၏ မွေးနေ့ဂုဏ်ပြုပွဲတွင် "'Commander of the Order of the British Empire (CBE)"' ဘွဲ့အပ်နှင်း၍ ၁၉၉၁ခု နှစ်သစ်ဂုဏ်ပြုပွဲ၌ အနုပညာနယ်ပယ်တွင် လုပ်ဆောင်မှုများအတွက် သူကောင်းပြုခြင်းခံခဲ့ရသည်။ "'Companion of Honour"' ကို ၂၀၀၈ခု နှစ်သစ်ဂုဏ်ပြုပွဲတွင် ၎င်း၏ အနုပညာဇာတ်လမ်းများနှင့် တန်းတူညီမျှရေးဆောင်ရွက်ချက်များအတွက် ဂုဏ်ပြုခဲ့ကြသည်။[4][5][6][7] ၁၉၈၈ ခုမှစ၍ လိင်တူစိတ်ဝင်စားသူ (gay) အဖြစ် လူသိထင်ရှား ဖွင့်ဟဝန်ခံချိန်မှစ၍ LGBT လုပ်ရှားမှုများတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၂၀၁၄ တွင် လန်ဒန်မြို့တော်၏ လွပ်လပ်မှုဆု ("'Freedom of the City of London"') ကိုလည်းချီးမြင့်ပေးအပ်ခဲ့သည်။[8]