ရွှေကမ္ဘာလုံးဆု
From Wikipedia, the free encyclopedia
ရွှေကမ္ဘာလုံးဆု (Golden Globe Award) သည် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံခြားတိုင်းပြည်မှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကတွင် ထူးချွန်ပြောင်မြောက်သူများအား အသင်းသား ၉၃ ဦးပါဝင်သည့် ဟောလိဝုဒ် နိုင်ငံခြား သတင်းထောက်အသင်း (Hollywood Foreign Press Association, HFPA) မှ ချီးကျူးဂုဏ်ပြုသည့် ဆုတစ်ရပ်ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို ညစာစားပွဲအသွင်ဖြင့် နှစ်စဉ် ကျင်းပလေ့ရှိပြီး အမေရိကန် ရုပ်ရှင်လောကအကြား အော်စကာဆုပေးပွဲဖြင့် အဆုံးသတ်သည့် ရုပ်ရှင်ဆုပေးပွဲရာသီအတွင်း အရေးပါသော ဆုပေးပွဲတစ်ရပ်ဖြစ်သည်။[1]
ရွှေကမ္ဘာလုံးဆု Golden Globe Award | |
---|---|
68th Golden Globe Awards | |
ရွှေကမ္ဘာလုံးဆုပေးပွဲ ဆိုင်းပုဒ် | |
ဆုပေးအပ်ခြင်းအကြောင်း | ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လောကတွင် ထူးချွန်သူ |
ဆုတံဆိပ်ပေးအပ်သူ | ဟောလိဝုဒ် နိုင်ငံခြား သတင်းထောက်အသင်း |
နိုင်ငံ | အမေရိကန် ပြည်ထောင်စု |
ပထမဆုံးဆုတံဆိပ် | 1944 |
ဝက်ဘ်ဆိုဒ် | http://www.hfpa.org/ |
ပထမအကြိမ် ဆုပေးပွဲကို ၁၉၄၄ ခုနှစ် ဇန်နဝါရီလတွင် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ 20th Century Fox စတူဒီယိုခန်းမ၌ ကျင်းပခဲ့သည်။ ၁၉၆၁ ခုနှစ်မှစ၍ ဘက်ဗလီ ဟီးလ်စ် (Beverly Hills) ရှိ ဘက်ဗလီ ဟီလ်တန် ဟိုတယ် (Beverly Hilton Hotel) ၌ ကျင်းပခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။[2]