ဟင်နရီဗန်ထီးယူ
From Wikipedia, the free encyclopedia
ဟင်နရီဗန်ထီးယူ (အင်္ဂလိပ်: Henry Van Thio; ၉ ဩဂုတ် ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ (၂) အဖြစ် ရွေးချယ်ခံရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။[1][2][3] ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။သူသည် မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့် ၂၀၂၁ နောက်ပိုင်း ဒုတိယသမ္မတ အဖြစ် ဆက်ရှိနေခဲ့ပြီး၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူသည်။[4]
အချက်တိုများ ဟင်နရီဗန်ထီးယူ, မြန်မာနိုင်ငံ၏ တတိယမြောက် ဒုတိယ သမ္မတ (၂) ...
ဟင်နရီဗန်ထီးယူ | |
---|---|
Henry Van Thio | |
မြန်မာနိုင်ငံ၏ တတိယမြောက် ဒုတိယ သမ္မတ (၂) | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၂၂ ဧပြီ ၂၀၂၄ | |
သမ္မတ | ဦးထင်ကျော် ဦးဝင်းမြင့် ဦးမြင့်ဆွေ (ယာယီ) |
ယခင်လူ | ဦးဉာဏ်ထွန်း |
အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ | |
တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1958-08-09) ဩဂုတ် ၉၊ ၁၉၅၈ (အသက် ၆၅) ထန်တလန်မြို့နယ်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံ |
လူမျိုး | ချင်း |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါက်တာရွှေလွှမ်း |
သားသမီး | ၃ |
မိခင်ကျောင်း | မန္တလေးတက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
ရာထူး | ဗိုလ်မှူး |
ပိတ်ရန်